What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 April 2019 12:36

မွေးရာပါ နားမကြားသည့် ကလေးအယောက် (၁၀၀)အောင်မြင်စွာ ခွဲစိတ်ပြီးစီးခြင်း အထိမ်းအမှတ်နှင့် အလှူရှင်များကို ဂုဏ်ပြုတဲ့အခမ်းအနားပြုလုပ်

မွေးရာပါ နားမကြားသည့် ကလေးအယောက် (၁၀၀)အောင်မြင်စွာ ခွဲစိတ်ပြီးစီးခြင်း အထိမ်းအမှတ်နှင့် အလှူရှင်များကို ဂုဏ်ပြုတဲ့အခမ်းအနားပြုလုပ် MRTV-4

သောတပြည့်စုံစီမံချက်ဖြင့် မွေးရာပါ နားမကြားသည့်

ကလေးအယောက်(၁၀၀)အောင်မြင်စွာခွဲစိတ်ပြီးစီးခြင်း အထိမ်းအမှတ်နှင့် အလှူရှင်များကို ဂုဏ်ပြုတဲ့အခမ်းအနားကို ဧပြီလ(၆)ရက်က ရန်ကုန်မြို့ Lotte Hotel မှာပြုလုပ်ခဲ့ပါတယ်။ ၀ိတိုရိယဆေးရုံ ကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်မှုဖောင်ဒေးရှင်းရဲ့ စီမံချက်တစ်ခုဖြစ်တဲ့ သောတပြည်စုံစီမံချက်ဖြင့် လက်ရှိမှာ မွေးရာပါ နားမကြားကလေး အယောက်(၁၀၀)ကို အခမဲ့ကုသမှုပြုလုပ်နိင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

Read More : သွေးပေါင်တက်ခြင်းကို ၁၀ မိနစ်အတွင်း လျော့ကျစေမယ့် နည်းလမ်း ၅ ခု

 

 

မွေးရာပါ နားအကြားအာရုံချို့ယွင်းခြင်း၊ မွေးဖွားပြီး အကြောင်းတစ်ခုခုကြောင့် နားမကြားသဖြင့် စကားမပြောနိုင်တဲ့ ခြောက်နှစ်အောက် ကလေးငယ်တွေကို အတွင်း နားအကြား အာရုံနှိုးဆွစက်ကို ခွဲစိတ်တပ်ဆင်ပေးပြီး အကြားအာရုံပြန်လည်ရရှိကာ စကားပြော တတ် လာစေတဲ့အထိ သင်ကြားတာတွေကို လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သောတပြည့်စုံစီမံချက် ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးစိုးတင့်က ပြောပါတယ်။

 

မွေးရာပါ နားမကြားကလေးတွေကို ကုသရာမှာ ကုသမှုက အပြင်ပိုင်းနဲ့ အတွင်းပိုင်းနှစ်ပိုင်းရှိတယ်လို့ သိရပါတယ်။ အတွင်းပိုင်းကို နားအနောက်အရိုးအား ခွဲစိတ်ကာ စက်ထည့်သွင်းပြီး အပြင်ပိုင်းက နားအနောက်ပိုင်းမှာ ကပ်ထားရတဲ့ အသံစုဆောင်းတဲ့ ကိရိယာကိုတပ်ဆင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်မတ်လ တုံးက လှူဒါန်းခဲ့တဲ့ အလှူရှင်(၆၅)ဦးတို့ကို ဂုဏ်ပြု Trophy ပေးအပ်ခဲ့တာဖြစ်ပြီး အလှူရှင်အသစ်များကို လည်း ဂုဏ်ပြု Trophy များ ပေးအပ်ခဲ့ပါတယ်။ဝိတိုရိယဆေးရုံ ကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်မှုဖောင်ဒေးရှင်းရဲ့ စီမံချက်တစ်ခုဖြစ်တဲ့ သောတပြည့်စုံစီမံချက်ကို (၂၀၁၄)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

 

Source: MRTV - 4

Read times Last modified on Monday, 08 April 2019 12:55
Rate this item
(1 Vote)