What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 April 2019 14:30

ဥပုသ်စောင့်ရင် အဆာခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ

အခုဆို မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလမို့ ရေကစားမယ့်၊ ပျော်ကြရွှင်ကြမယ့်သူတွေ ကဲဖို့ တာစူနေကြပြီ။

ဘယ်မဏ္ဍပ်ထိုင်ရကောင်းမလဲ၊ ဘယ်အဖွဲ့နဲ့လည်ရကောင်းမလဲ လက်မှတ်တွေကြိုဝယ်၊ ကားတွေကြိုပြင်ဆင်ပြီးနေကြပြီ။ စတုဓီသာ အလှူပေးချင်တဲ့သူတွေကလည်း လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ကြိုဝယ်ထားကြပါတယ်။ အိမ်တွင်းပုန်းမယ့်သူတွေကလည်း ရုပ်ရှင်ကားတွေ၊ရိက္ခာတွေစုပြီး ဇိမ်ယူတော့မယ်ပေါ့။ ဒါပေမယ့် သင်္ကြန်တွင်းမှာသာသနာ့ဘောင်ဝင်၊ တရားစခန်းဝင်ပြီး ကုသိုလ်ယူမယ့်သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုတရားစခန်းမဝင်နိုင်ပေမယ့် အိမ်ကနေပဲ သီလယူပြီး ဥပုသ်ဆောက်တည်ကြတဲ့ လူကြီးလူငယ်တွေရှိနေသေးတာမို့ သူတို့ရဲ့ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြံပြုချက်လေးတွေနဲ့ ကုသိုလ်ပါဝင်ချင်ပါတယ်။

 

ကုသိုလ်ရေးမို့ သီလဆောက်တည်တာ ကိုယ့်အတွက်အကောင်းဆုံးသင်္ကြန်လက်ဆောင်ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ညီညွတ်စွာ ဂရုစိုက်မယ်ဆိုရင် နှစ်ကူးကုသိုလ်အပြင် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာကျစ်လျစ်မှုကို ဆိုးကျိုးကင်းကင်းနဲ့ပိုင်ဆိုင်နိုင်မှာပါ။ တရားစခန်းဝင်လိုက်လို့ အရမ်းပိန်သွားပြီး မူးလဲတာတွေ၊ အားနည်းသလို ခံစားရတာတွေဟာ ပုံမှန်စားသောက်နေထိုင်ရာကနေ ရုတ်တရက် ဆက်တိုက် ဥပုသ်စောင့်ရတဲ့အခါ ဖြစ်လေ့ရှိပါတယ်။ ဥပုသ်ကြောင့် ညနေစာမစားရလို့ အားနည်း၊နွမ်းနယ်နေတယ်ဆိုတာမျိုးမဖြစ်ရအောင် ဥပုသ်စောင့်လည်း ခွန်အားပြည့်ဝနေစေမယ့်နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

 

Read More : ရုတ်တရက် သွေးတိုးစေသော အခြေအနေများ

 

မနက်စာ စားဖြစ်အောင်စားပါ

ဆာလောင်မှုကို ထိန်းချုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်ဆိုပေမယ့် မနက်စာပုံမှန်စားတာက တစ်နေ့တာလုံးမှာ ဆာလောင်တဲ့စိတ်ကို လျော့ပါးစေတယ်လို့ လေ့လာမှုတွေက ဆိုကြပါတယ်။ မနက်စာမစားရင် ဒါမှမဟုတ် ဖြစ်သလိုစားရင် တစ်နေ့လုံး ဆာလောင်မှုပိုခံစားရစေပါတယ်တဲ့။ ဆာလောင်မှုကိုလျော့ပါးစေနိုင်တဲ့ မနက်စာတွေထဲမှာ ကြက်ဥ၊ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာနဲ့ အသီးအနှံတွေပါဝင်ပါတယ်။

 

ပရိုတင်းဓာတ်လုံလောက်အောင်စားပါ

ပရိုတင်းဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် သူ့ရဲ့ထူးခြားချက်တစ်ခုက ဗိုက်ပြည့်နေတဲ့ခံစားချက်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တာ တခြားဓာတ်တွေထက်သာပါတယ်တဲ့။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားခြင်းက အချိုများတဲ့၊အဆီများတဲ့အစားအစာတွေကို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ ပင်လယ်စာ၊ အဆီမပါတဲ့အသားတွေ၊ကြက်ဥ၊နို့ထွက်ပစ္စည်း၊ ပဲနဲ့တို့ဟူး တို့ပါဝင်ပါတယ်။

 

အမျှင်ဓာတ်များတဲ့အစားအစာတွေကိုရွေးချယ်ပါ

အမျှင်ဓာတ်က ဗိုက်ပြည့်တင်းတိမ်မှုကိုထိန်းပေးထားနိုင်ပြီး တော်တော်နဲ့မဆာစေပါဘူး။ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနယ်၊ဘယ်ရီသီး၊ ထောပတ်သီး၊ အုတ်ဂျုံ၊ ကွေကာ စတာတွေက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။အမျှင်ဓာတ်များတဲ့အစာတွေက အဆာပိုခံစေပါလိမ့်မယ်။

 

ကာဗိုဟိုက်ဒရိတ်အစားအစာတွေစားပါ

ပရိုတင်းဓာတ်၊အဆီဓာတ်တွေနဲ့မတူဘဲ ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ကို အချိန်အတော်ကြာရေဓာတ်ထိန်းထားနိုင်စေပါလိမ့်မယ်။ ဒီအချက်က ဥပုသ်ချိန်အတွက် ပြင်ဆင်ချိန်မှာအရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဥပုသ်တွင်း မနက်ပိုင်းမှာ ဒီလိုမျိုးကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးနိုင်ပါတယ် – ပေါင်မုန့်၊ပါစတာ၊ကွေကာ ကစီဓာတ်များတဲ့ အာလူး၊ကန်စွန်းဥ စသည် ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်တွေ ခရမ်းချဉ်သီး၊စတော်ဘယ်ရီ၊ပန်းသီး၊ဘယ်ရီသီး၊လိမ္မော်သီး၊စပျစ်နဲ့ငှက်ပျောသီး။ များများစားထားပါ ဒါပေမယ့် အလွန်အကျွံမစားပါနဲ့။

 

မွန်းတည့်ချိန်မတိုင်မီ ပရိုတင်းများတဲ့အစာတွေကို ဗိုက်ပြည့်အောင်များများစားထားကြတတ်ပါတယ်။ ပမာဏနည်းနည်းနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားထားရင် ဥပုသ်ချိန်အတွင်း ဆာလောင်မှုမရှိဘဲ တင်းတိမ်နေနိုင်ပါလိမ့်မယ်။ ညနေကျ မဆာအောင်လို့ မနက်မှာ အများကြီးစားထားမှဖြစ်မယ်ဆိုပြီး အလွန်အကျွံစားရင် တကယ်ဆာလာတဲ့အချိန် များများစားမှဖြစ်မယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။

 

ရေသောက်ပါ

တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာသလိုထင်မိတတ်ပါတယ်။ ဗိုက်ဆာနေရင်လည်း ရေသောက်လိုက်ရင် ဗိုက်ဆာတာသက်သာသွားတာမျိုး။ ရေသောက်ပေးတာက အစာမရှိတဲ့အစာအိမ်ကို နှစ်သိမ့်ပေးရာရောက်သလို ဆာလောင်မှုကို သက်သာစေပါတယ်။ အချိုရည်သောက်တာလည်းဆာလောင်မှုကိုသက်သာစေတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်များနေသူတွေအတွက် အဆင်မပြေနိုင်တဲ့အတွက် ရေကိုသာသောက်တာ အန္တရာယ်ကင်းပါတယ်။

 

သကြားလုံး သို့မဟုတ် ထန်းလျက်စားပါ

အချိုလေးစားပေးတာက ဗိုက်ပြည့်တင်းတိမ်ကြောင်း ဦးနှောက်ကိုသတင်းပို့ပြီး လှည့်စားလို့ရနိုင်ပါတယ်။ဒါ့ကြောင့်ပဲ မြန်မာ့ရိုးရာထန်းလျက်ကို သံဃာတော်တွေဘုဉ်းပေးကြတာဖြစ်ပါတယ်။

 

တရားထိုင်ပါ

တရားထိုင်၊ တရားမှတ်ရင်းနဲ့ သီလဆောက်တည်တာက ကုသိုလ်ရတဲ့အပြင် စိတ်ကိုတည်ငြိမ်စေပြီး ဆာလောင်မှုကိုပါ မေ့ပျောက်စေနိုင်ပါတယ်။ စိတ်နဲ့ခန္ဓာ တည်ငြိမ်မှုက ခန္ဓာကိုယ်ရဲ့ကယ်လိုရီလိုအပ်မှုနဲ့ အားအင်ကုန်ဆုံးမှုကို လျော့နည်းစေတာကြောင့် ဆာလောင်မှုကို အချိန်ဆွဲထားနိုင်ပါတယ်။

 

နားနားနေနေ နေပါ

လှဲအိပ်နေတဲ့အချိန်မှာ သက်တောင့်သက်သာအနားယူနေတယ်လို့ခံစားရမှာပေမယ့် တကယ်တမ်း ခန္ဓာကိုယ်က ပြန်လည်အားဖြည့်၊ ကုသနေရတာနဲ့ မနားရရှာပါဘူး။ သင်အိပ်ပျော်နေချိန်မှာတောင် ခန္ဓာကိုယ်က ကြွက်သားတွေကျန်းမာရေးပြန်လည်တည်ဆောက်နေသလို မှတ်ဥာဏ်တွေသိမ်းဆည်းနေတာ၊ ဟော်မုန်းတွေထိန်းညှိနေတာတွေအတွက် လုပ်ဆောင်နေရပါတယ်။ ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါမျိုးမှာ အားနည်းမှာစိုးတဲ့အတွက် ညဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်း တရေးအိပ်တာလည်း လူကိုလန်းဆန်းစေပြီး အာရုံစိုက်မှုကောင်းစေပါတယ်။

 

Source: Hellosayarwon

Read times Last modified on Thursday, 11 April 2019 14:42
Rate this item
(0 votes)