What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 May 2019 11:05

အမျိုးသားသွေးလှူဌာနတွင် A သွေးအလှူရှင်များလိုအပ်နေ

လက်ရှိမှာအမျိုးသားသွေးဌာနရဲ့ သွေးထောက်ပံ့ပေးမှုက သတ်မှတ်ထားတဲ့ အတိုင်းအတာထက် (A)သွေးက ကျဆင်းနေတဲ့ အတွက် (A)သွေးအလှူရှင်များကို လိုအပ်နေတယ်လို့ အမျိုးသားသွေးဌာနက တာဝန်ခံဒေါ်သီတာအောင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ 

ယခင်က အမျိုးသားသွေးဌာနအနေနဲ့အစိုးရဆေးရုံ (၁၂)ရုံရဲ့ သွေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးနေပေမယ့် ယခုလက်ရှိမှာ မြောက်ဥက္ကလာဆေးရုံနဲ့ ဟယ်လ်ပင်ကလေးဆေးရုံတို့ကိုပါ ထပ်တိုးထောက်ပံ့ပေးနေရပြီ ဖြစ်တာကြောင့် သွေးအလှူရှင်တွေလိုအပ်လာတာဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် အခြားသွေးအုပ်စုတွေထက် A သွေးက အသုံးပြုမှုများနေပြီး လက်ရှိမှာအမျိုးသားသွေးဌာနရဲ့ သွေးထောက်ပံ့ပေးမှုက သတ်မှတ်ထားတဲ့ အတိုင်းအတာထက် Aသွေး ကကျဆင်းနေတယ်လို့ သိရပါတယ်။

 

Read More : သင့်ကို အမှန်တကယ် အကျိုးဖြစ်စေမယ့် အစားအစာ (၄) မျိုး

 

ဒါ့ကြောင့် ဆေးရုံတွေက အရေးပေါ်သွေးလိုအပ်လာတဲ့အခါထောက်ပံ့မှုပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမှအဆင်ပြေနိုင်တာကြောင့် (A) သွေးအလှူရှင်တွေ ကူညီပေးနိုင်အောင် ကြိုတင်အကြောင်းကြား ထားတာဖြစ်တယ်လို့ သိရပါတယ်။မြောက်ဥက္ကလာဆေးရုံကို ပြီးခဲ့တဲ့ (၁)နှစ်က သွေးထောက်ပံ့ပေးရာမှာ လစဉ်ပုံမှန်သွေးအိတ်(၁၅၀၀)ထောက်ပံ့ပေးနေပေမယ့် ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး သွေးအသုံးပြုမှုများလာတဲ့အတွက် တစ်လကိုသွေးအိတ်(၃၀၀၀)နီးပါး ထောက်ပံ့ပေးနေရတယ်လို့ သိရပါတယ်။ ဟယ်လ်ပင်ကလေးဆေးရုံမှာတော့ မွေးရာပါသွေးအားနည်းရောဂါ ဖြစ်နေတဲ့ ကလေးတွေရဲ့သွေးလိုအပ်ချက်တွေကို ဆေးရုံက ကိုယ်တိုင်ရှာဖွေနေရတဲ့အတွက် (၂၀၁၈)နိုဝင်ဘာလက စတင်ကာ သွေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

 

အမျိုးသားသွေးဌာနအနေနဲ့ ဟယ်လ်ပင် ကလေးဆေးရုံ ကိုတော့ ဦးစားပေးသွေးထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ အမျိုးသားသွေးဌာနကို သွေးလှူဒါန်းချင်သူတွေအနေနဲ့ အမျိုးသား သွေးလှူဌာန မှာကြိုတင်စာရင်းသွင်း လှူဒါန်းနိုင်ပြီး ရွှေတိဂုံစေတိတော်အနောက်ဘက်မုခ်မှာ နေ့စဉ် ညနေ(၄)နာရီကနေ ည(၇)နာရီထိ အမျိုးသားသွေးဌာနမှ သွေးအလှူခံလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စေတနာသွေးလှူရှင်အဖွဲ့တွေဆီက သွေးအလှူခံလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

Source: MRTV-4

Read times Last modified on Tuesday, 07 May 2019 11:16
Rate this item
(0 votes)