ဗိုက်အဆီကို ချဖို့ လေ့ကျင့်ခန်းလုပ်ရင်း အချိန်များစွာကို ရင်းရပါမယ်။ ဗိုက်အဆီရှိတာက Alzheimer ရောဂါဖြစ်ပွားနိုင်ချေကိုလည်း ပိုမိုမြင့်မားစေပါတယ်။
ကျန်းမာတဲ့ နေထိုင်ပုံစံတွေဖြစ်တဲ့ အစားအသောက်ကို ဆင်ခြင်စားတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးနေဖို့ တော့လိုပါတယ်။ အခုဖော်ပြမယ့် အစားအစာတွေကို ရှောင်ပေးရင်တော့ အတိုင်းအတာတစ်ရပ်အထိ ဗိုက်အဆီတွေကို ကျသွားစေမှာပါ။
ဒိန်ချဉ်
Cream အပြည့်ပါတဲ့ ဒိန်ချဉ် (၁ခွက်)မှာ ကယ်လိုရီ (၁၇ဝ)ပါဝင်ပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ် (၁ခွက်)မှာ ကယ်လိုရီ (၁၂ဝ)ပါဝင်ပါတယ်။
အချိုရည်နဲ့ Fast food
ဗိုက်ချပ်ချင်ရင်တော့ အချိုရည်တွေကို ရှောင်ပေးပါ။ Fast food တော်တော်များများမှာ ၀စေနိုင်တဲ့ အဆီ ၊ သကြား ၊ ဆား နဲ့ ကယ်လိုရီတွေပါဝင်ပါတယ်။ Fast food နဲ့ ဗိုက်ခေါက်နဲ့က ဆက်စပ်နေပါတယ်။
Read More : နှာခေါင်း နှင့် မေးစေ့တဝိုက်က ဆားဝက်ခြံတွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ
သကြား
အချိုက သင့်ကို ပိုစားမိစေနိုင်ပါတယ်။ သကြားကို စွဲလမ်းနေတာက ဗိုက်ခေါက်ဖြစ်လာနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ သကြား အဖြူရောင် (၁ခွက်) မှာ (၇၇၃) ကယ်လိုရီတောင်ပါဝင်ပါတယ်။
Mayonnaise
Mayonnaise မှာ (၈ဝ%)က အဆီဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ၀ိတ်ချနေတဲ့သူတွေအတွက် လုံးဝရှောင်သင့်တဲ့ အစားအစာမျိုးပါ။
အာလူး
အာလူးကို Weight Gain လုပ်မယ့် သူတွေပဲ စားပေးသင့်ပါတယ်။ အာလူးမှာ ကယ်လိုရီတွေ များစွာပါဝင်ပါတယ်။ အာလူး ပုံမှန်ဆိုဒ်ကို (၁၆၃) ကယ်လိုရီပါဝင်ပါတယ်။ တကယ်လို့ ဗိုက်ချပ် ၊ အဆီကျချင်ရင်တော့ အာလူးကို မဖြစ်မနေရှောင်ပေးရမှာပါ။
Source : auntymay