What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 September 2019 12:43

အူရောင်ငန်းဖျား ဆေးယင်ပါးမှုဖြစ်ပွားနေသော နိုင်ငံလေးနိုင်ငံကို ခရီးသွားများ သတိပြုသင့်

၂၀၁၆ ခုနှစ်မှ စတင်၍ အူရောင်ငန်းဖျား (Typhoid)ရောဂါတွင် ဆေးမဖြုံမှု ပြင်းထန်သည့် XDR (extensively drug resistant) အုပ်စုဝင် အဏုဇီဝပိုးတစ်မျိုးသည် ပါကစ္စတန်နိုင်ငံတွင် ပေါ်ထွက်ခဲ့ပါတယ်။

၎င်းဘက်တီးရီးယားပိုးကို clade ဟုလည်း သိကြပါတယ်။ ထိုဘက်တီးရီယားသည် ပထမတန်းစား ပဋိဇီဝ ဆေးဝါးများ အားလုံးကို ကြံ့ကြံ့ခံ နိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုရောဂါပိုးကို ပါကစ္စတန်နိုင်ငံ၌သာမက ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း တွေ့ရပါတယ်။

 

အင်္ဂလန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှာ လာရောက်သည့် ခရီးသည်များ အဆိုပါ ရောဂါပိုး ရရှိခဲ့ကြခြင်းများလည်း ရှိနေပါတယ်။

 

အူရောင်ငန်းဖျား ရောဂါသည် ဘက်တီးရီးယား ကူးစက်ခြင်းဖြင့် ရရှိသည့် ရောဂါတစ်မျိုး ဖြစ်ပြီး ကိုယ်အပူချိန်မြင့်မားခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း (အထက်လှန် အောက်လျှော) ဖြစ်ပွားစေသည်။ အကယ်၍ အဆိုပါ XDR ပါဝင်ပတ်သက်ပါက အသက်ဆုံးရှုံးရသည့်အထိ ဖြစ်ပွားနိုင်သည်။ အစာလမ်းကြောင်းနှင့် သွေးအတွင်းသို့ ကူးစက်ရောက်ရှိသော Salmonella Typhi (S. Typhi) ဘက်တီးရီးယားကြောင့် အူရောင်ငန်းဖျား ရောဂါ ဖြစ်ပွားလာရပါတယ်။ 

 

၎င်းဘက်တီးရီးယားပိုး ပါဝင်နေသော အစားအစာ၊ ရေ တို့ကို စားသောက်မိပါက ရောဂါကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအရ သန့်ရှင်းမှု အားနည်းခြင်း၊ လက်ဆေးကြောခြင်း ကြိမ်ရေနည်းပါးလွန်းခြင်းတို့သည် ရောဂါကူးစက်ဖို့ လွယ်ကူစေနိုင်ပါတယ်။ အူရောင်ငန်းဖျား ရောဂါ ကာကွယ်ဆေးကို အသက် ၂ နှစ်အရွယ်မှစ၍ အသုံးပြုနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

--------

အူေရာင္ငန္းဖ်ား ေဆးယင္ပါးမႈျဖစ္ပြားေနေသာ ႏိုင္ငံေလးႏိုင္ငံကို ခရီးသြားမ်ား သတိျပဳသင့္

 

၂၀၁၆ ခုႏွစ္မွ စတင္၍ အူေရာင္ငန္းဖ်ား (Typhoid)ေရာဂါတြင္ ေဆးမၿဖံဳမႈ ျပင္းထန္သည့္ XDR (extensively drug resistant) အုပ္စု၀င္ အဏုဇီ၀ပုိးတစ္မ်ဳိးသည္ ပါကစၥတန္ႏုိင္ငံတြင္ ေပၚထြက္ခဲ့ပါတယ္။ ၎ဘက္တီးရီးယားပုိးကုိ clade ဟုလည္း သိၾကပါတယ္။ ထုိဘက္တီးရီယားသည္ ပထမတန္းစား ပဋိဇီဝ ေဆး၀ါးမ်ား အားလုံးကုိ ႀကံ႕ႀကံ႕ခံ ႏုိင္ေၾကာင္း ေတြ႕ရွိရပါတယ္။ ထုိေရာဂါပိုးကုိ ပါကစၥတန္ႏုိင္ငံ၌သာမက ကေမၻာဒီးယားႏုိင္ငံ၊ ျမန္မာႏုိင္ငံ၊ အင္ဒုိနီးရွားႏုိင္ငံႏွင့္ ဖိလစ္ပုိင္ႏုိင္ငံတုိ႔တြင္လည္း ေတြ႕ရပါတယ္။

 

အဂၤလန္ႏုိင္ငံ၊ ဂ်ာမနီႏုိင္ငံ၊ အေမရိကန္ႏုိင္ငံ၊ ၾသစေတးလ်ႏုိင္ငံႏွင့္ စင္ကာပူႏုိင္ငံတုိ႔မွာ လာေရာက္သည့္ ခရီးသည္မ်ား အဆုိပါ ေရာဂါပုိး ရရွိခဲ့ၾကျခင္းမ်ားလည္း ရွိေနပါတယ္။

 

အူေရာင္ငန္းဖ်ား ေရာဂါသည္ ဘက္တီးရီးယား ကူးစက္ျခင္းျဖင့္ ရရွိသည့္ ေရာဂါတစ္မ်ဳိး ျဖစ္ၿပီး ကုိယ္အပူခ်ိန္ျမင့္မားျခင္း၊ ၀မ္းေလွ်ာျခင္း၊ အန္ျခင္း (အထက္လွန္ ေအာက္ေလွ်ာ) ျဖစ္ပြားေစသည္။ အကယ္၍ အဆုိပါ XDR ပါ၀င္ပတ္သက္ပါက အသက္ဆုံးရႈံးရသည့္အထိ ျဖစ္ပြားႏုိင္သည္။ အစာလမ္းေၾကာင္းႏွင့္ ေသြးအတြင္းသုိ႔ ကူးစက္ေရာက္ရွိေသာ Salmonella Typhi (S. Typhi) ဘက္တီးရီးယားေၾကာင့္ အူေရာင္ငန္းဖ်ား ေရာဂါ ျဖစ္ပြားလာရပါတယ္။ 

 

၎ဘက္တီးရီးယားပုိး ပါ၀င္ေနေသာ အစားအစာ၊ ေရ တုိ႔ကုိ စားေသာက္မိပါက ေရာဂါကူးစက္ႏိုင္ပါတယ္။ က်န္းမာေရးအရ သန္႔ရွင္းမႈ အားနည္းျခင္း၊ လက္ေဆးေၾကာျခင္း ႀကိမ္ေရနည္းပါးလြန္းျခင္းတုိ႔သည္ ေရာဂါကူးစက္ဖုိ႔ လြယ္ကူေစႏိုင္ပါတယ္။ အူေရာင္ငန္းဖ်ား ေရာဂါ ကာကြယ္ေဆးကုိ အသက္ ၂ ႏွစ္အရြယ္မွစ၍ အသုံးျပဳႏုိင္ပါတယ္။

Written By Health Products Directory

Read times Last modified on Wednesday, 05 February 2020 11:46
Rate this item
(1 Vote)