What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 09 October 2019 16:37
ပွင့် ပရုတ်ဆီဖြူ ကို ဘယ်အချိန်တွေမှာ အသုံးပြုလို့ရလဲ
(Unicode)
=======
ပွင့် ပရုတ်ဆီဖြူ ကို ဘယ်ချိန်တွေမှာ အသုံးပြုလို့ရလဲ
မြန်မာ့တိုင်ရင်းဆေးဝါးဖြစ်တဲ့ ပွင့် ပရုတ်ဆီဖြူ ကို ဘယ်လိုအချိန်တွေ အသုံးပြုလို့ရလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ပွင့် ပရုတ်ဆီဖြူကို ခေါင်းမူး ၊ ခေါင်းကိုက် ၊ ခေါင်းအုံ ၊ ဇက်ကြောတတ်ဝေဒနာ များအတွက် ဆေးအနည်းငယ်ကို နားထင်နှင့်လည် ဂုတ်တွင် ပွတ်လိမ်းပါ။ ထို့နောက် ဆေးအနည်းငယ်ကို လက်ဖဝါးနှစ်ဘက်ဖြင့် နာနာပွတ်တိုက်ပြီး ရူရိုက်ပေးပါ။
ပွင့် ပရုတ်ဆီဖြူကို အစာမကြေ ၊ ရင်ပြည့်ရင်ကယ် ၊ ပျို့ချင်အန်ချင်ဖြစ်ပါက လည်ပင်းမှ ချက်အထိ ပွတ်လိမ်းဆွဲချပေးခြင်းဖြင့် ခံစားရတဲ့ ဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် ဝမ်းချုပ် ၊ ဆီးချုပ် ၊ သွေးချုပ် နှင့် ဓမ္မတာလာစဉ် ဖြစ်ပေါ်သော ကိုက်ခဲမှုများအတွက် ဆီးခုံတဝိုက်တွင် လိမ်းပေးနိုင်ပါတယ်။
ရာသီအကူ အပြောင်းကာလ ဖြစ်ပေါ်လေ့ရှိတဲ့ ပန်းနာရင်ကျပ် ၊ ချောင်းဆိုး ၊ ချွဲသလိပ်ကပ် ၊ အအေးမိ ၊ နှာစေး/ပိတ် ဖြစ်ပါက လည်ပင်း ၊ ရင်ဘတ် နှင့် ကျောကုန်း တို့ကို ဆေးခပ်ပါးပါးလိမ်းပေးပါ။ ထို့နောက် ရေနွေးပူပူတွင် ဆေးအနည်းငယ်ထည့်မွှေပြီး ထွက်လာသော အငွေ့ကို ပါးစပ်ဟ၍ ရူရှိက်ပေးနိုင်ပါတယ်။
လူကြီး ၊ လူငယ်များတွင်ဖြစ်လေ့ရှိတဲ့ ဒူးနာ ၊ ခါးနာ ၊ လေးဘက်နာ ၊ အဆစ်အမြစ်ကိုက်ခဲခြင်း ၊ ကိုယ်လက်ညောင်းညာ ထုံကျင်ခြင်းများအတွက် ဆေးကို အသားထဲအရိုးထဲစိမ့်ဝင်သွားအောင် ပွတ်လိမ်း၍ နှိပ်နယ်ပေးပါ။ ဒါ့အပြင် အရေပြားယားယံခြင်း ၊ ခြေဖဝါး ၊ လက်ဖဝါး ကွဲအက်ခြင်း ၊ အသားပတ် ၊ အသားခြောက်၍ ယားယံခြင်းများအတွက် အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးနိုင်ပါတယ်။
အားကစားသမားများတွင် ဖြစ်တတ်သော ကြွက်သားနာကျင်တင်းမာခြင် ၊ ကြွက်တတ်ခြင်း ၊ အကြောတင်းခြင်း စသောဝေဒနာများအတွက်လည်း အသုံးပြုနိုင်ပါတယ်။
မှတ်ချက် ။ ။ ပွတ်လိမ်းရန် နှင့် အရေပြားအတွင်းသို့ စိမ့်ဝင်မှု လွယ်ကူစေရန် ဆေးကို ပျော့ပျောင်းချောမွေ့စွာ ဖေါ်စပ်ထားပါသည်။ ခန္ဓာကိုယ်ပြင်ပတွင် အသုံးပြုနိုင်တာဖြစ်တာကြောင့် မျက်စိအနီးအနာ တဝိုက်တွင် အသုံးပြုခြင်းကို ရှောင်ကျဉ်ရမည်။
" ပွင့် " တိုင်းရင်ဆေးဝါး ထုတ်လုပ်ရေး
အမှတ် (၂၀ ၊ ပထမထပ်) နတ်စင်လမ်း ၊ ကျောက်မြောင်းကြီးရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့။
Read times Last modified on Wednesday, 09 October 2019 17:14
Rate this item
(1 Vote)