What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 16:44

ကေလး အေရျပား ျပာႏွမ္းျခင္း

ေမြးကင္းစကေလးေတြရဲ႕ အသားအေရာင္ဟာ အနီရင့္ေရာင္ကေန ခရမ္းေရာင္အထိ သမ္းႏိုင္ပါတယ္။

ကေလးအသက္ရႈလိုက္တာနဲ႔/ ငိုလိုက္တာနဲ႔ အေရာင္က နီတာရဲအျဖစ္ေျပာင္းလဲသြားႏိုင္ပါတယ္။ အဲဒီအနီရဲရဲအေရာင္ဟာ တစ္ရက္အတြင္း ေပ်ာက္သြားတတ္ပါတယ္။

 

ဒါေပမဲ့ ကေလးငယ္ရဲ႕ လက္နဲ႔ေျခေထာက္ေတြကေတာ့ ရက္ေတာ္ေတာ္ၾကာထိ ျပာႏွမ္းႏွမ္းျဖစ္ေနႏိုင္ပါတယ္။ ဒါကလည္း ျပႆနာမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ေမြးကင္းစကေလးငယ္ေလးရဲ႕ ေသြးလည္ပတ္မႈစနစ္က ပုံမွန္အေနအထားေရာက္ေအာင္ မဖြံ႕ၿဖိဳးေသးလို႔ျဖစ္ပါတယ္။ ေျခလက္ကလြဲၿပီး တျခားေနရာေတြျပာႏွမ္းေနရင္ေတာ့ ဒါဟာပုံမွန္မဟုတ္ပါဘူး။

 

အထူးသျဖင့္ ကေလးငယ္ စူးစူးဝါးဝါးေအာ္ငိုၿပီး မ်က္ႏွာ သိ့ုမဟုတ္ ႏႈတ္ခမ္းနဲ႔ ပါးစပ္ေတြခရမ္းျပာေရာင္သမ္းေနတယ္ဆိုရင္ အႏၲရာယ္ရွိပါတယ္။ ေအာ္ငိုၿပီးရင္ သာမန္လိုပန္းေရာင္ျပန္သမ္းသြားဖို႔ လိုပါတယ္။ ပန္းေရာင္ျပန္မသမ္းပဲ ျပာႏွမ္းေနတုန္းပဲဆိုရင္ Cyanosis (ေသြးလည္မႈမေကာင္းျခင္း သို႔မဟုတ္ ေအာက္ဆီဂ်င္လုံေလာက္မႈမရွိျခင္း) လို႔ ေခၚပါတယ္။

 

ဒီလိုအေျခအေနမ်ိဳးကို ေမြးရာပါႏွလုံးေဝဒနာရွင္ေလးေတြမွာ အဓိက ေတြ႕ရတတ္ပါတယ္။ ကေလးငယ္ရဲ႕ ႏွလုံးဟာ ေအာက္ဆီဂ်င္သယ္ေဆာင္ေပးတဲ့ ေသြးေတြကို ခႏၶာကိုယ္အႏွံ႔လည္ပတ္ေအာင္ မညႇစ္ေပးႏိုင္လို႔ပဲျဖစ္ပါတယ္။ အသက္ရႈရခက္ရင္လည္း Cyanosis ျဖစ္ႏိုင္ပါတယ္။

 

ဒါေၾကာင့္ ကေလးျပာၿပီဆိုရင္ မေပါ့သင့္ဘဲ ေဆး႐ုံအျမန္ဆုံးေျပးဖို႔ ေမေမတို႔ကို တိုက္တြန္းလိုက္ရပါတယ္။

 

ေဒါက္တာခ်စ္ေဆြ M.B.,B.S (YGN) Population Services International

{Unicode}

======

ကလေးအရေပြား ပြာနှမ်းခြင်း

မွေးကင်းစကလေးတွေရဲ့ အသားအရောင်ဟာ အနီရင့်ရောင်ကနေ ခရမ်းရောင်အထိ သမ်းနိုင်ပါတယ်။ ကလေးအသက်ရှုလိုက်တာနဲ့/ ငိုလိုက်တာနဲ့ အရောင်က နီတာရဲအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီအနီရဲရဲအရောင်ဟာ တစ်ရက်အတွင်း ပျောက်သွားတတ်ပါတယ်။

 

ဒါပေမဲ့ ကလေးငယ်ရဲ့ လက်နဲ့ခြေထောက်တွေကတော့ ရက်တော်တော်ကြာထိ ပြာနှမ်းနှမ်းဖြစ်နေနိုင်ပါတယ်။ ဒါကလည်း ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မွေးကင်းစကလေးငယ်လေးရဲ့ သွေးလည်ပတ်မှုစနစ်က ပုံမှန်အနေအထားရောက်အောင် မဖွံ့ဖြိုးသေးလို့ဖြစ်ပါတယ်။ ခြေလက်ကလွဲပြီး တခြားနေရာတွေပြာနှမ်းနေရင်တော့ ဒါဟာပုံမှန်မဟုတ်ပါဘူး။

 

အထူးသဖြင့် ကလေးငယ် စူးစူးဝါးဝါးအော်ငိုပြီး မျက်နှာ သိ့ုမဟုတ် နှုတ်ခမ်းနဲ့ ပါးစပ်တွေခရမ်းပြာရောင်သမ်းနေတယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ အော်ငိုပြီးရင် သာမန်လိုပန်းရောင်ပြန်သမ်းသွားဖို့ လိုပါတယ်။ ပန်းရောင်ပြန်မသမ်းပဲ ပြာနှမ်းနေတုန်းပဲဆိုရင် Cyanosis (သွေးလည်မှုမကောင်းခြင်း သို့မဟုတ် အောက်ဆီဂျင်လုံလောက်မှုမရှိခြင်း) လို့ ခေါ်ပါတယ်။

 

ဒီလိုအခြေအနေမျိုးကို မွေးရာပါနှလုံးဝေဒနာရှင်လေးတွေမှာ အဓိက တွေ့ရတတ်ပါတယ်။ ကလေးငယ်ရဲ့ နှလုံးဟာ အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့လည်ပတ်အောင် မညှစ်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ အသက်ရှုရခက်ရင်လည်း Cyanosis ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် ကလေးပြာပြီဆိုရင် မပေါ့သင့်ဘဲ ဆေးရုံအမြန်ဆုံးပြေးဖို့ မေမေတို့ကို တိုက်တွန်းလိုက်ရပါတယ်။

Read times
Rate this item
(0 votes)