What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 October 2019 16:51

ရင်တွေ တလှပ်လှပ်တုန်နေရတဲ့ အကြောင်းအရင်းများ

ရင်တွေခုန်နေတယ်။ ရင်တွေတလှပ်လှပ်တုန်နေ တယ်ဆိုတာအချစ်နဲ့တွေ့တဲ့အချိန်ပဲကောင်းပါတယ်နော်။ အခြားအချိန်တွေမှာ များဖြစ်နေပြီဆိုရင် နေလို့ထိုင်လို့မကောင်းဘဲ မောဟိုက်ဟိုက်ခံစားနေရမှာပါ။ 

 

ရင်တလှပ်လှပ်ဖြစ်ရတဲ့အကြောင်းထဲမှာဆေးပညာ အရတော့အချစ်နဲ့တွေ့တဲ့အချိန်ဆိုတာမပါဘူးရှင့်။နှလုံးဟာ ” Lab ..Dab “ လို့ခုန်တဲ့ စီးချက်တွေကြားမှာ ပုံမှန်ထက် ပိုပြီး ခုန်နေလို့ဖြစ်ဖြစ်၊စည်းချက်မညီဘဲ ခုန်လိုက် မခုန်လိုက်ဖြစ်နေတာပဲဖြစ်ဖြစ်၊ပုံမှန်ခုန်ရမယ့်အချက်ရေထက် နှေးနေလို့ဖြစ်ဖြစ်ဒီ “ရင်တုန်ခြင်းဆိုတဲ့”ကတုန်ကရင်အခြေအနေကိုခံစားရတာပဲ။

 

ကဲ ဘယ်လိုအကြောင်းတွေက ရင်တွေတလှပ်လှပ်ခုန်စေတာလဲဆိုရင်တော့ပုံမှန်ဖြစ်လေ့ရှိတဲ့အချိန်တွေဖြစ်တဲ့ အားကစားလုပ်ပြီးချိန် ၊ စိတ်ဖိစီးမှုများပြီး ကြောက်လန့်နေချိန် ၊ ကော်ဖီများများသောက်ပြီး သို့ ဆေးလိပ်သောက်ပြီးချိန်။

 

ကျန်းမာရေးအရ သတိထားရမယ့်အချိန်တွေကတော့ သွေးအားနည်းချိန်, သွေးတွင်းအချိုဓာတ် အလွန်နည်းသွားတဲ့အချိန်, သွေးထွက်လွန်တဲ့အချိန် , ဖျားတဲ့အချိန် ,သွေးလန့်ပြီး Shock ရတဲ့အချိန်။ နှလုံးရောဂါကြောင့် နှလုံးစည်းချက်မငြိမ်တဲ့အချိန်လည်ပင်းသိုင်းရွိုက်ဟော်မုန်း မူမမှန်များနေချိန်တွေမှာ ဒီလိုဖြစ်တတ်ပါတယ်။

 

တချို့သော ဆေးတွေဖြစ်တဲ့ ရင်ကြပ်ပျောက်ဆေး၊နှာစေးချောင်းဆိုးပျောက်ဆေး ၊ အာဟာရဖြည့်စွက်အားဆေးတွေ Nutritional Supplement တွေသောက်နေရရင်လည်းရင်တုန်တတ်ပါတယ်။

 

ရင်တုန်ရခြင်းအများစူကတော့အလွန်အမင်းစိတ်ပူဖို့မလိုတတ်ပါဘူးဒါပေမယ့် ရင်တုန်တာနဲ့အတူ ခေါင်းမူးမယ် ၊ မူးလဲမယ်၊ သတိလစ်မယ် ၊ အသက်ရှူကျပ်လာမယ် ၊ ချွေးတွေအရမ်းထွက်လာမယ် ၊ ရင်ဘက်အောင့်ပြီး တင်းကျပ်လာမယ် ၊ နှလုံးခုန်နှုန်း ၁၀၀ကျော်လာမယ် ဆိုရင်တော့ ဆေးခန်းကို အလျင်အမြန်ပြသင့်ပါတယ်။

မယ်တင် #DrZiwaka #ဒေါက်တာဇီဝက

Read times Last modified on Tuesday, 21 July 2020 01:18
Rate this item
(1 Vote)