What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 June 2017 11:02

လျစ်လျူမရှုသင့်သော ကလေးငယ်တို့၏ ရောဂါလက္ခဏာ (၆) မျိုး

လျစ်လျူမရှုသင့်သော ကလေးငယ်တို့၏ ရောဂါလက္ခဏာ (၆) မျိုး Google.com

မိဘတွေအနေနဲ့ မိမိကလေးငယ်ရဲ့ ကျန်းမာရေးကို ထိပ်ဆုံးဦးစားပေးအဆင့်မှာ ထားရမှာ ဖြစ်ပါတယ်။

ကလေးငယ်များတွင် နှာစေးတာ၊ ချောင်းဆိုးတာနဲ့ အနည်းငယ်အဖျားရှိတာလိုမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပေမယ့် တစ်ခါတလေမှာ ဒီပြဿနာလေးတွေကနေ အစပြုပြီး ကြီးကြီးမားမားရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်။

မိဘတွေအနေနဲ့ လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုအပ်မယ့် ရောဂါလက္ခဏာ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁. အဖျားကြီးခြင်း

ကလေးငယ်တွေဟာ တုပ်ကွေးရောဂါနဲ့ အအေးမိနှာစေးတာကြောင့် မကြာခဏ ဖျားတတ်ပါတယ်။

အသက် သုံးလကနေ ခြောက်လအထိ ကလေးငယ်တွေက အဖျား ၁၀၁ ဒီဂရီကျော်လွန်ခဲ့ရင်၊ အသက်ခြောက်လကျော်ကလေးငယ်တွေက အဖျား ၁၀၃ ဒီဂရီကျော်လွန်ခဲ့ရင် အဖျားကြီးတယ်လို့ သတ်မှတ်ပါတယ်။

၂. အလွန်အမင်းရေငတ်ခြင်း

သင့်ကလေးငယ်က ရုတ်တရက် ရေပိုတောင်းသောက်တာ (အထူးသဖြင့် ညဘက်အချိန်မှာ) ဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ကလေးငယ်တွေမှာ အလွန်အမင်း ရေငတ်တာ၊ အလွန်အမင်း ဆီးသွားတာ၊ မောပန်းတာ၊ ညဘက် မကြာခဏဆီးသွားတာနဲ့ ကိုယ်အလေးချိန်ကျဆင်းတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

READ - အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၇) ခု

၃. အသက်ရှူရခက်ခဲခြင်း

ကလေးငယ်တွေမှာ အဖျားဝင်နေပြီး အသက်ရှူမြန်တာက တစ်ချိန်လုံးဖြစ်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ကလေးငယ် ကစားနေစဉ်၊ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်ရှူရခက်ခဲမှုရှိနေရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကလေးငယ်အသက်ရှူထုတ်စဉ်မှာ တရွှီရွှီမြည်သံကြားနေခဲ့ရင် ရင်ကျပ်ပန်းနာရောဂါဖြစ်ပြီး နှုတ်ခမ်းပြာနေရင် လေပြွန်ရောင်ရမ်းတဲ့ လက္ခဏာပါ။

၎. ၀မ်းဗိုက် တာရှည်နာနေခြင်း

ကလေးတွေက အလွန်အမင်း ဗိုက်နာနေပြီး မကြာခဏ ဗိုက်နာတယ်လို့ ပြောနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ ဗိုက်နာတာက ၀မ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာ ဖြစ်နေပြီး ဗိုက်နာတာနဲ့အတူ အဖျားရှိတာ၊ အန်တာ၊ ၀မ်းပျက်တာနဲ့ နာတဲ့နေရာကို အထိမခံနိုင်တာတွေဖြစ်နေရင် အူအတက်ရောင်တဲ့ လက္ခဏာဖြစ်တာမို့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

၅. အလွန်အမင်း မောပန်းနွမ်းနယ်နေခြင်း

သင့်ကလေးငယ်က အလုံအလောက်အနားရနေပေမယ့် စွမ်းအင်မရှိသလို မောပန်းပုံပေါက်နေရင်တော့ သူ့မှာ ကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့ သတိပေးလက္ခဏာပါ။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားသုံးတဲ့ပုံစံ၊ အိပ်ရေးမ၀တာနဲ့ အထိုင်များတဲ့ လှုပ်ရှားမှုမရှိတဲ့ ပုံစံတွေကြောင့်လည်း အလွန်အမင်း မောပန်းနေတတ်ပါတယ်။

၆. အလွန်အမင်း အော့အန်ခြင်း

သင့်ကလေးငယ်က အရည်သောက်ရင်တောင် အရည်တွေ ပြန်အန်နေရင်တော့ ရေဓာတ်ချို့တဲ့နိုင်ပါတယ်။

ဆီးသွားနည်းတာ၊ မျက်လုံးချိုင့်ဝင်နေတာ၊ အိပ်မရတာ၊ နှုတ်ခမ်းအက်ကွဲနေတာနဲ့ မျက်ရည်မထွက်ဘဲ ငိုတာတွေက ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေပါ။

ရေဓာတ်ချို့တဲ့တာကနေ ဆိုးရွားတဲ့ ပြဿနာတွေဖြစ်နိုင်တာမို့ ရေဓာတ်ကို အမြန်ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

READ - မျက်လုံးအားကောင်းစေဖို့ စားသင့်တဲ့အစားအစာ (၆) မျိုး

www.healthproducts.com.mm

Source: good health

Read times
Rate this item
(1 Vote)