What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 June 2017 11:08

နှလုံးကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာများ

နှလုံးကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာများ Google.com

၁. အယ်လ်မွန်အစေ့

အယ်လ်မွန်အစေ့ဟာ Vitamin E, B, B2 (riboflavin) စတဲ့ ဓာတ်တွေ ပါဝင်လို့ နှလုံးအတွင်း သွေးစီးဆင်းမှုကို မှန်ကန် စေပြီး၊ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

Magnesium, Zinc ဓာတ်တွေ ကတော့ သွေးဖိအားကို မှန်ကန်စေပြီး၊ စိတ်တည်ငြိမ်မှုကို အများကြီး အထောက်အကူ ပေးပါတယ်။ တစ်နေ့ကို လက်တစ်စုပ်စား သင့်တဲ့ အစားအစာပါ။

READ - သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား သိထားသင့်တဲ့ အချက်များ

၂. ကညွှတ်

ရေစပ်စပ်မှာ စိုက်ပျိုးရတဲ့ ရေကညွှတ်နဲ့ ကုန်းပေါ်မှာ ပေါက်ရောက်တဲ့ ကုန်းကညွှတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရေကညွှတ်က ပိုပြီး အစွမ်းထက်ပါတယ်။ နေ့စဉ် သဘာဝအရသာမပြတ် ကြော်ချက်စားသောက်သင့်ပါတယ်။ ကညွှတ်မှာ Vitamins C နဲ့ D ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ နှလုံးကို ကျန်းမာစေပြီး၊ နှလုံးရောဂါ ဖြစ်မယ့် အရေးကလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃. ပဲ

မြန်မာ့ရိုးရာအစားအစာထဲမှာပါတဲ့ ပဲမျိုးစုံမှာ စားသုံးပေးခြင်းဟာ နှလုံးကျန်မားရေးကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကိုယ်တွင်းအင်္ဂါတွေ အတွက်ပါ သင့်တော်ပါတယ်။

၎. ဘလူးဘယ်ရီ

ဘလူးဘယ်ရီအသီးမှာ အဓိကအားဖြင့် သဘာဝ ကယ်လိုရီပါဝင်ပြီး ပိုတက်စီယမ်၊ ကာဘိုဟိုက်ဒြိက်၊ အမျှင်ဓာတ်တွေက လည်း နှလုံးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို မဖြစ်စေပါဘူး။ ဘလူးဘယ်ရီသီးကို နေ့စဉ် စားသုံးပေးပါက နှလုံးကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပါဘူး။

၅. ပန်းမုန်လာအစိမ်း

ပန်းမုန်လာအစိမ်းဟာ နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပြီး နှလုံးရောဂါကိုတောင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။

READ - နှလုံးထိခိုက်စေသည့် အကျင့်ဆိုး (၇) ချက်

www.healthproducts.com.mm

Source: shwemom

Read times
Rate this item
(1 Vote)