What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 July 2017 11:16

ဗိုက်ထဲ အစားလုံးဝမရှိတဲ့အချိန်မှာ မစားသင့်တာတွေ

ဗိုက်ထဲ အစားလုံးဝမရှိတဲ့အချိန်မှာ မစားသင့်တာတွေ google.com

ဗိုက်ထဲမှာ အစာမရှိလို့ သံစုံထွက်ပြီး ဆာလောင်နေချိန်မှာ ဘယ်အစား အစာပဲဖြစ်ဖြစ် စားမယ်ဆိုတဲ့ အတွေးမျိုး မတွေးမိဖို့ လိုအပ်လာပါပြီ။

အစာမရှိချိန်မှာ မစားသင့်တာတွေ စားမိရင် ဗိုက်အောင့်ရာက စလို့ ဆီးချိုရောဂါအထိပါ ဖြစ်နိုင်ခြေများတာမို့ ဘယ်လိုအစားအစာတွေကို ရှောင်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

တဆေးပါသောမုန့်များ

ဂျုံမှုန့်၊ ထောပတ်၊ တဆေးတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေဟာ အစာအမ် အတွင်း နံရံကို ကျိန်းစပ်စေပြီး လေပွတာတို့၊ ၀မ်းဖောဝမ်းရောင် တို့ ဖြစ်စေနိုင်ပါတယ်။

READ - ချောင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် သက်သာစေမည့် အချက်များ

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အစာအိမ်အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာ ကြောင့် အစာမရှိချိန်မှာ စားလိုက်ရင် ရင်ပူရင်ဆာဖြစ်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်အစိမ်းများ

ဟင်းသီးဟင်းရွက်တွေဟာ အကျိုးပြု အမျှင်ဓာတ်ကြွယ်ဝပေမယ့်လို့ မချက်မပြုတ်ဘဲ အစိမ်းအတိုင်း အစာအိမ်ထဲ ဘာမှမရှိ ချိန် စားတာမျိုးက ဆိုးကျိုးအဖြစ် ပြောင်းသွားစေပါတယ်။

သစ်တော်သီး

အလွန့်အလွန် ဆာလောင်နေချိန်မှာ သစ်တော် သီးတွေ စားတာကလည်း အစာ အိမ်အတွင်း နံရံကို ကျိန်းစပ်စေ ပြီးဗိုက်နာစေနိုင်ပါတယ်။

ငှက်ပျောသီး

အစာအိမ်ထဲ ဘာမှ မရှိချိန် ငှက်ပျောသီးစားတာက လည်း သွေးတွင်းမဂ္ဂနီဆီယမ် ပမာဏများစေနိုင်တဲ့အတွက် နှလုံး ကို ထိခိုက်စေနိုင်တယ်လို့ သိရပါ တယ်။

အပူအစပ်များ

ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ စားရင်လည်း အစာအိမ်ထဲမှာ အက်စစ် ဓာတ်တွေ ပိုထွက်စေတဲ့အတွက် မအီမသာ ဖြစ်စေပါတယ်။

အချဉ်သီးများ

လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရုစတဲ့ အချဉ်သီးတွေကို အစာအိမ်ထဲ ဘာမှမရှိချိန် စားခဲ့ရင် ဗိုက်နာတာမျိုး ဖြစ်တတ်ပါတယ်။

ဆိုဒါ

အချဉ်သီးတွေလိုမျိုးပဲ အက်စစ်ဓာတ်များတဲ့ ဆိုဒါကို အစာမရှိချိန်မှာ လုံးဝမသောက်မိဖို့ ရှောင်ရပါမယ်။

ကော်ဖီ၊ လက်ဖက်ရည်

အစာ မရှိချိန်မှာ ကော်ဖီပဲသောက် သောက်၊ လက်ဖက်ရည်ပဲသောက် သောက် အစာအိမ်တွင်း အက် စစ်ဓာတ်တွေ ထုတ်လွှတ်မှုများ စေသလို အစာချေဖျက်မှုလုပ်ငန်း စဉ်ကိုလည်း ဆိုးကျိုးပေးနိုင်ပါ တယ်။

အချိုများ

အချိုဓာတ်များတာ တွေ စာရင်းလည်း ပန်ကရိယကို အလုပ်တွေပိုလုပ်စေသလို ဆီး ချိုရောဂါဖြစ်နိုင်ခြေလည်း များ စေပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဗက်တီးရီးယားတွေကို အစာ အိမ်ထဲက အက်စစ်တွေက သေ ကျေစေတဲ့အတွက် ဘာမှမစားရ သေးခင်မှာ ဒိန်ချဉ်မစားသင့်ပါ ဘူး။

READ - တုပ်ကွေးကူးစက်မှု မရှိစေရန် သတိထားရမည့် အချက်များ

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(0 votes)