What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 31 July 2017 10:03

အသည်းကြီးခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

အသည်းကြီးခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ google.com

အသည်းသည် ရှိသင့်သော သာမန်အရွယ်အစားထက် ကျော်လွန်၍ ရောင်ရမ်းနေသော အခြေအနေကို အသည်းကြီး သည်ဟု ခေါ်ပြီး ကုသရန် နည်းလမ်းများစွာ ရှိသော်လည်း ပြဿနာရင်းမြစ်ကို ဦးစွာဖော်ထုတ်ရန် အရေးကြီးသည်။

ခန္ဓာကိုယ်အတွက် အသည်းက လုပ်ဆောင်ပေးရသော အလုပ်များစွာရှိပြီး ခန္ဓာကိုယ်မှ ထုတ်လုပ်သော အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများကို ရှင်းထုတ်ကာ သွေးကိုသန့်စင်အောင် ကူညီပေးသော လုပ်ဆောင်ချက်လည်း ပါဝင်သည်။

အစားအစာမှ အဆီကို ချေဖျက်ရေး ကူညီရန် အသည်းက သည်းခြေရည်ကို ထုတ်လုပ်ပေးကာ ဂလူးကို့စ်ဟုခေါ်သော သကြားဓာတ်ကို သိုလှောင်ပေးသည်။ ယင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြစ်စေသည်။

READ - အသည်းကင်ဆာ အကြောင်း သိကောင်းစရာ

အသည်းရောင်ရမ်းစေသော အကြောင်းရင်းပေါ်မူတည်၍ ကုသမှုမခံယူပါက ရေရှည်ထိခိုက်မှုဖြစ်ပေါ်နိုင်သည်။

အသည်းသည် သာမန်အရွယ်အစားထက် အနည်းငယ်ပိုကြီးနေပါက ရောဂါလက္ခ ဏာများကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

အကယ်၍ ပြင်းထန်စွာ ရောင်ရမ်းနေပါက ပြည့်အင့်သလိုခံစားရခြင်း၊ ဝမ်းဗိုက်ပိုင်းတွင်မသက်မသာဖြစ်ခြင်း အသား (သို့မဟုတ်) မျက်စိဝါခြင်း၊ မူးမေ့ခြင်း၊ အားနည်းခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်း စသော လက္ခဏာများ ပြသသည်။

အသည်းရောင်ရမ်းခြင်း (သို့မဟုတ်) အသည်းအဆီဖုံးခြင်း သည် အဝလွန်ဖြစ်နေခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ ဆေးဝါးအချို့ကြောင့် (သို့မဟုတ်) အရက်သောက်သုံးခြင်း၊ အဆိပ်အတောက်များရှိခြင်း၊ အသည်းရောဂါ တစ်မျိုးမျိုးရှိခြင်း၊ ကိုယ်ခံအား စနစ် ချွတ်ယွင်းခြင်း၊ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါရှိခြင်းနှင့် မျိုးဗီဇ အလိုက် မူမမှန်ဖြစ်ခြင်း စသော အခြေအနေများမှတစ်ဆင့် ဖြစ် ပွားနိုင်သည်။

ကိုယ်ခံအားစနစ် ချွတ်ယွင်းသောအခြေအနေတွင် ခန္ဓာကိုယ် ၏ ကိုယ်ခံအားစနစ်က ကျန်းမာသော တစ်သျှူးများကို တိုက်ခိုက် သည်။ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများသွေးတိုးရောဂါနှင့် နှလုံးရော ဂါတို့ ဖြစ်ပွားစေနိုင်သည်။

ထို့အပြင် အရည်ကြည်အိတ်များရှိခြင်း၊ အကျိတ်များ စတင်ပျံ့နှံ့လာခြင်းတို့ကြောင့်လည်း အသည်းကြီးနိုင်သည်။

အရက်အလွန်အကျွံသောက်လျှင်လည်း အသည်းကြီးနိုင်သဖြင့် ထိခိုက်ပျက် စီးမှုကို ရှောင်ရှားရန် အရက်မသောက်ဘဲ နေသင့်သည်။

အသည်း ရောဂါလက္ခဏာများနှင့် ကြုံတွေ့နေရပါက ဆရာဝန်နှင့် ပြသ၍ ဆေးကုသမှု ခံယူသင့် သည်။      

READ - အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ

Source: 7 day daily    

Read times
Rate this item
(1 Vote)