What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Thursday, 30 April 2020 16:14
ကလေးသူငယ်များ ကို ဆူသင့် ရိုက်သင့်ပါသလား ???
တချို့ မိဘတွေ များသောအားဖြင့် လူငယ် ပိုင်းတွေဟာ မိမိ စိတ်အလိုအကျတဲ့ ကိစ္စ ရှိလာပါက သားသမီးကို အပြစ်မြင်ကာ ရက်စက်စွာ ရိုက်နှက်တာတွေတွေ့ လာရပါတယ်။
တကယ်တန်းပြောရမယ်ဆို Child abuse ပဲ သူများတွေရဲ့ Abuse မဟုတ်ပဲ မိ ဘတွေရဲ့ abuse ပါပဲ ဒါကိုတိတိကျကျ အရေးမယူရင်တောင် ပညာပေး တွေ အများအပြား လုပ်ပေး သင့်တယ်။
Child Abuse မှာ Verbal , physical နဲ့ Psychological ဆိုပြီး ကွဲ ပြားတယ်။တခါတရံ မိ ဘတွေ ကိုယ်တိုင်က လုပ် မိ လို့လုပ်မိမှန်းမသိတာ လုပ်တာ မှားမှန်းမသိ တာ မျိုး ဖြစ်နေတတ်တယ်။Verbal Abuse က သားသမီး က အပြစ် လုပ်ရင် အမှား လုပ် ရင် ဆူ တာ မျိုး ကို မဆို လို ဘူး (အဲ့လိုမဆူ ရင် သားသမီးက ထိန်းမရဘူး ဆိုပြီး complain တွေ တက် လာ တော့မှာစိုး လို့ )ဆူတဲ့ စကား လုံး ကို သာ ဂရုစိုက်ပါ။
ပန်းကန် တချက် ခွဲမိလို့ ကိုယ့်စီးပွားရေး ကို ဖျက်ဆီး တဲ့ပုံ စံ မျိုးဆူတာတို့လိင်ပိုင်းဆိုင်ရာ နဲ့ ကြမ်းတမ်းစွာစွပ်စွဲတာတို့ ( နင်က မိန်းမ ပျက် , နင်က ဂြိုဟ် ဆိုးကလေးပဲ စသဖြင့် ပေါ့ )နောက် လူကြား သူ ကြား ထဲ ပြောတာ မျိုးကလည်း အလွန်အမင်း အရှက်ရစေ ပါတယ်။
Physical Abuse
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီက မိဘတွေက physical abuse ကို သိပ်ကြိုက်တာ မရိုက် ပေးရင် ကလေးက မလိမ္မာ တော့ ဘူး ဆိုတဲ့ ခံယူချက်ကြီးကအရိုးစွဲနေတာတချို့ဆို ကိုယ်တိုင်က လက်ပါဖိုမရည်မရွယ် ဘူးမျိုး ရိုးက ( ဥပမာ ကိုယ့်အမေက ကိုယ့်ကို လက်ပါခဲ့ရင် ကိုယ့် ရဲ့ စိတ်ကလည်း ကလေးက တခုခု အမှားလုပ်မိတာနဲ့ လက်က auto ပါတတ်တာမျိုး ပြောရရင် မသိစိတ်မှာ အမွေရတာမျိုး or collective unconscious ပေါ့ )ပိုဆိုးရင် ဓါးနဲ့ မွှန်းတာ မီးနဲ့ထိုးတာ အပ်နဲ့ ထိုးတာ ဖိနပ်ချွန်နဲ့ မျက်နှာကိုရိုက်တာတွေကတော့အတော်ဆိုးလွန်းတာပါ။ကလေး ငယ်ကို လက်မပါပဲအပစ်ပေးနည်းအသိတရားရအောင် လုပ်နည်းတွေအများကြီးပါ ဒါမျိုးတွေ ကျင့်သုံးသင့်တယ်။
Psychological abuse
ဒီမှာ "မင်းအသုံးမကျ ဘူး သေသင့်တဲ့ကလေး ဘာညာ ပြောတာတွေကပဲ စိတ် ထိခိုက်သွားတာ မဟုတ်ပါဘူး။ကလေးသူငယ်ကို neglect ထားတာ , ဗိုက်ဆာနေတဲ့ကလေး ကို မအားသေးဘူးစိတ်ပါမှ ကျွေးမယ် ph သုံး လိုက်ဦးမယ်ဆိုတဲ့ မိဘတွေ လည်း ထိ ခိူက်စေပါတယ်
နောက်ကလေးက သူဝါသနာပါတဲ့ အရာတခုကို လုပ်ပြီး လာပြ မယ်မအားသေးဘူးပြီးမှ ပြ စသဖြင့် လျစ်လျူရှုတာဟာလည်း မကောင်းပါဘူး parental Alientation ဟာလည်း Psycholgical abuse ထဲပါပါတယ် ( အိမ်ထောင်ကွဲ သွားရင် အဖေနဲ့ လိုက်နေခိုင်းရင် အမေ့မကောင်းကြောင်းကိုကလေးကို ပြောပြီး ခွဲပစ်တာမျိုးပေါ့ )
ဘာလို့ ကလေးတွေကို Abuse လုပ်လဲ ?
မျိုးရိုး လိုက်တယ်လဲ ပြော လို့ရသလို၊ နောက်တခုက Denfense mechanism သုံးတာလည်းပါပါတယ် ( ဆိုလိုတာ နိုင်ရာမဲ တာပေါ့ )နောက်တခုက attitude ပါ ငါတို့မွေးထားတာမို့ ငါ ပိုင်တယ် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောထားတွေလဲရှိတတ်ပါတယ် အဲ့ လို ဆို ရင် ပြော ချင်တာက ကလေး ဖျက် ချတဲ့ မိဘတွေ ဂေဟာ မှာ စွန့်ပစ် တဲ့ မိဘတွေနဲ့တန်း တူ ပါပဲ လို့ ပြောပါရစေ ( အပစ်မဲ့တဲ့လေးကို လူ့လောကထဲခေါ်သွင်းပြီးဒုက္ခပေး တာ လို့ ဆိုလိုတာပါ )တချို့ကျ ကိုယ့်အိမ်ထောင်ဘက်ကို ကလဲ့စား ချေ ချင်လို့ ကလေးကိုဒုက္ခပေးတာလဲရှိပါတယ် ( Eminem တောင်အဲ့ လို ခံခဲရတာပါ )
Abuse လုပ် ခံရတဲ့ ကလေး ငယ်တွေက ဘာဖြစ်မလဲ ?
Substance abuse ဆိုတာ ကြား ဖူးကြမှာပါ အရက်စွဲ ဆေး စွဲတဲ့ ကလေး တွေပေါ့ / ဒါက ငယ်စဉ်က အကြမ်း ဖက်ခံရတာ အဲ့အရာတွေက အများကြီး ဆက်စပ်တယ် ကလေးက ဆေးစွဲ တယ်ဆိုရင် အပေါင်းအသင်းမှားတာ ကလေးက ဆိုးတာ ပြောမဲ့အစား ကိုယ် ဒါတွေ လုပ် ခဲ့ ရဲ့ လား ပြန်စဉ်းစား ကြည့်ပါ။
နောက်တခုက ကလေးက အဲ့လို substance abuse မဖြစ်ရင် Anxiety များသွားတတ်ပါတယ်အဲ့မှာ တခုက လူရှေ့သူရှေ့မပြောရဲမဆိုရဲ မကြောက်သင့်တာ ကြောက်တာငါဒါပြောလိုက်ရင် သူစိတ်ဆိုးမလား ဆိုတဲ့ အတွေး ကြီးနဲ့ ဘာမှကိုမတိုးတက် မပြောရဲမဆိုရဲ ဖြစ်အောင်ကြောက်တတ်လာပါတယ်နောက်တခုက ကိုယ် anxiety များတာ ကိုမသိ အောင် တခြားသူ ကို အနိုင် ပြန်ကျင့်တာ မျိုးတွေရှိလာပါတယ်။
ပြောရမယ်ဆို Child abuse ကနေ ကောင်းမွန်စွာ ကြီး ပြင်း လာတဲ့ ကလေး တွေဆိုတာ မရှိတာ မဟုတ်ဘူး ရှိပါတယ်။ဒါပေမဲ့ နဂို ပင် ကိုယ် ခံ ကို က အလွန့်အလွန် သန်မာ တဲ့ သူမို့ လို့ပါ ။ ဟစ်တလာ ကဲ့ သို့ လူတောင် ငယ်စဉ်က စည်းကမ်းအလွန်တင်းကြပ်တဲ့ အဖေနဲ့ နေခဲ့ရသူပါ
ဒါ့ကြောင့် လည်း သူဟာ အလွန် လူကြီးလူ ကောင်းပီသတဲ့ အပြုအမူတွေ ပြည့်စုံနေပေမဲ့ စိတ်ကူးယဉ် လို့မရအောင် ရက်စက် တတ်တာကို တွေ့ရမှာပါ။
တခါတရံကျရင်မိဘတွေက ပြောပါတယ် ငါတို့ကလေးတွေက ကြီးလာတော့စကား နားမထောင် တော့ ဘူး မလေးစားတော့ဘူးပေါ့ အင်အားကြီးလာတော့ဆိုပြီးညီးညူတတ်ကြပါတယ်။ကိုယ်တိုင်လည်း ပြန်စစ်ကြည့်ပါ။ကလေးက ဘာမှပြန်မလုပ်နိုင်ပဲ အင်အားသေး ငယ်တုန်းက ကိုယ်က ဘာလုပ် ခဲ့ လဲဆိုတာ ကိုပါ။
ပြောရရင် Abusive Childhood ကို ကြုံ လာတဲ့ လူတယောက်ဟာ မကောင်းတဲ့ ဘက်တွေကို ရောက် ဖိုအလွန် များပါတယ်။အရေး ယူ ဖို့ ခက်ခဲပေမဲ့ Child Abuse ကို အရေးမယူနိုင်ရင်တောင် ပညာပေး ပြီးကိုင် တွယ် ပေး ကြသင့်ပါတယ်။
<<< Zawgyi >>> 
------------------
Physical Abuse
Psychological Abuse
နောက်ကလေးက သူဝါသနာပါတဲ့ အရာတခုကို လုပ်ပြီး လာပြ မယ်မအားသေးဘူးပြီးမှ ပြ စသဖြင့် လျစ်လျူရှုတာဟာလည်း မကောင်းပါဘူparental Alientation ဟာလည်း Psycholgical abuse ထဲပါပါတယ် ( အိမ်ထောင်ကွဲ သွားရင် အဖေနဲ့ လိုက်နေခိုင်းရင် အမေ့မကောင်းကြောင်းကိုကလေးကို ပြောပြီး ခွဲပစ်တာမျိုးပေါ့ )
Ref : Independent
Read times Last modified on Thursday, 30 April 2020 16:22
Rate this item
(0 votes)