What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 December 2016 14:49

လေးဖက်နာရောဂါ အကြောင်း သိထားစရာ

လေးဖက်နာရောဂါ အကြောင်း သိထားစရာ Google.com

90251442_832926683874316_4730726126572273664_n.png

 

လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမိုျးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။  လေးဖက်နာရောဂါဟာ လူရဲ့အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှု မလုပ်ရင် နာတာရှည်ရောဂါသည်ဘဝနဲ့ အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။

 

လေးဖက်နာ ရောဂါဖြစ်နိုင်သူများ 

မိသားစုဝင် (ညီအကိုမောင်နှမများ) များတွင် လေးဖက်နာရောဂါ ခံစားရသူရှိခြင်း။  ဆေးလိပ်သောက်သူများ။  ကလေးမီးဖွားပြီးစနှင့် နို့တိုက်မိခင်များ။  အသက်လေးဆယ်ကျော် အမျိုးသမီးများ။

 

ေလးဘက်နာ ရောဂါလက္ခဏာများ

 ခြေဆစ်လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရောညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။  လက်အဆစ်ကလေးတစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက် စုံနာရင် သတိထားစရာပါ။

 

နာကျင်တတ်တဲ့ အဆစ်ကလေးတွေကတော့ လက်ချောင်းအဆစ်ကလေးများ ၊ ခြေချောင်းအဆစ် ကလေးများ ၊ ခြေကျင်းဝတ် အဆစ်နဲ့ လက်ကောက်ဝတ်အဆစ်တွေကတော့ အဖြစ်များပါတယ်။ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ်လက်ဆစ်ကလေးများနာကျင်ပြီး တောင့်တင်းနေတတ်တာပါ။  လေးဘက်နာရောဂါကို မကုသဘဲထားပါက အဆစ်ကလေးတွေရဲ့ မူလဖွဲ့စည်းပုံပျက်ပြီး ပုံပျက်တတ်ပါတယ်။

 

တခြားဖြစ်စေတတ်သော လေးဘက်နာ လက္ခဏာများ

 လေးဖက်နာရောဂါဟာ ကိုယ်ခန္ဓာကိုယ် ခုခံအားစနစ်က ကိုယ့်ကိုယ်ကို ပြန်တိုက်လို့ဖြစ်ရတာပါ။ ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများအားနည်းခြင်း၊ အရိုးပျော့ခြင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ သွေးကြောများ ရောင်ရမ်းပြီး ခြေလက်များပုပ်ခြင်း၊ အဆုတ်အတွင်းရေစုခြင်းများ ဖြစ်တတ်ပါတယ်။

 

ဘယ်အချိန်မှာ လေးဘက်နာ ရောဂါရှိနေမလဲ

အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ် ၊ လက်ဆစ်ကလေးများတောင့်တင်းနေခြင်း။  ခန္ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပိုရောင်ခြင်း။  လက်ဆစ်ကလေးများရောင်ရမ်းနာကျင်ခြင်း။  အဆစ်များ ဘယ်ညာစုံရောင်ခြင်း။

 

အရေပြားပေါ်တွင် ဖုလုံးလေးများထွက်လာခြင်း။  သွေးထဲတွင် rheumatoid factor ရှိနေခြင်း။ အထက်ပါအချက်များထဲမှ အနည်းဆုံး လေးချက်ရှိနေခြင်း နှင့် လက္ခဏာများ ၆ ပတ်အထိ ဆက်လက်ဖြစ်ပေါ်နေလျှင် လေးဘက်နာရောဂါရှိနေသည်ဟု ဆိုနိုင်ပါတယ်။

 

လေးဖက်နာအတွက် ပျောက်ကင်းသော ဆေးနည်း

တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အခွံနဲ့အတူ ပါးပါးလှီးပါ။ နနွင်း (၁၀)သားခန့် ထည့်ပါ။  ၎င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)

 

စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် အဆစ်မြစ်နာ ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီး လိမ်းပေးနိုင်ပါတယ်။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါတယ်။

90165828_212716063139335_1462378197545910272_n.png

knowledge for your health

Read times Last modified on Friday, 03 April 2020 17:29
Rate this item
(2 votes)