What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 August 2017 15:21

ဂျင်းကို လုံးဝမစားသုံးသင့်တဲ့အချိန်

ဂျင်းကို လုံးဝမစားသုံးသင့်တဲ့အချိန် google.com

ဂျင်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ ဂျင်းက အစာချေစနစ်အတွက် ကောင်းမွန်စေပါတယ်။ ခန္တာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖြေပေးပါသေးတယ်။

ဒါပေမဲ့ ရှောင်ရှားသင့်တဲ့အချိန်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. သွေးကြောပြသနာရှိတဲ့အချိန်

ဂျင်းက သွေးလှည်ပတ်မှုကို ကောင်းမွန်စေတာမို့ ဆီးချိုသွေးချိုရှိတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ အတွက်တော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ Hemophilia (သွေးကြောထုံးနိုင်ချေလျော့နည်းတဲ့ရောဂါတစ်မျိုး) ရှိနေတဲ့ သူတွေ အတွက်တော့ ဒဏ်ရာသေးသေးလေးရလိုက်တာနဲ့ သွေးတွေ ပန်းထွက်ပြီး အသက်ပါ ဆုံးရှုံးနိုင်ချေ ရှိပါတယ်။

၂. တချို့ဆေးတွေ သောက်နေတဲ့အချိန်

ဆီးချိုဆေးတွေ၊ သွေးတိုးဆေးတွေသောက်နေတဲ့အချိန်လည်း ရှောင်ရပါမယ်။ Beta-blockers, anticoagulants နဲ့ Insulin တို့ဟာ ဂျင်းနဲ့တွေ့ရင် ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှု ပြောင်းသွားလို့ပါ။

၃. ကိုယ်အလေးချိန်မပြည့်တဲ့အချိန်

ကိုယ်အလေးချိန်မပြည့်တဲ့သူတွေအနေနဲ့ ဂျင်းကို ရှောင်မှ ရပါမယ်။ ဂျင်းမှာ အမျှင်ဓါတ်ပါတော့ အစာတွေကို မြန်မြန်ကျေစေတဲ့ အပြင် အစာစားချင်စိတ်ကိုပါ လျော့နည်းစေတယ်။

ကိုယ်အလေးချိန်လျော့တာ၊ ဆံပင်ကျွတ်တာ၊ ရာသီပုံမှန်မလာတာတွေကို ဖြစ်စေနိုင်တယ်။

၎. ကိုယ်ဝန်ဆောင်နေတဲ့အချိန်

ကိုယ်ဝန်ဆောင်တွေ ဂျင်းစားတဲ့အခါ ရေမြွှာစောစောပေါက်တာတွေ ဖြစ်နိုင်တယ်။ ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်ချိန် ပထမ trimester ပြီးတာနဲ့ ဂျင်းကို မစားသုံးဖို့ သတိပေးထားတယ်။

ဂျင်းဟာ သံဓါတ်နဲ့ အဆီတွေပျော်စေတဲ့ vitamin တွေကို စုတ်ယူနိုင်စွမ်းကိုလျော့နည်းစေတယ်။

Source: shweinnlay

Read times
Rate this item
(4 votes)