What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 August 2017 14:41

ခေါင်းကိုက်၊ မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့်နည်းလမ်း (၅) မျိုး

ခေါင်းကိုက်၊ မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့်နည်းလမ်း (၅) မျိုး google.com

ပုံမှန်အားဖြင့် ကွန်ပျူတာ အကြည့်များသူသည် မျက်ခုံးတစ်ဝိုက်၊ မျက်ခမ်းတစ်ဝိုက်နဲ့ မျက်ရိုး တစ်လျှောက်ကိုက်တာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။

အထူးသဖြင့် အာရုံကြောအားနည်းတဲ့သူတွေ အဖြစ်များပါတယ်။

စိတ်ဖိစီးမှုများပြီး ကိုယ်ခံအားနည်းချိန်မှာလည်း မျက်ရိုးတစ်ကြော တဆစ်ဆစ်ကိုက်တာမျိုး ဖြစ်တတ်ပါတယ်။

ကွန်ပျူတာနဲ့နေ့စဉ်အလုပ်လုပ် နေရသူတွေလည်း မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်တာကြောင့် သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

၁. မျက်ရိုးတစ်ဝိုက်နှိပ်နယ်ပေးပါ။

သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး နဖူး၊ နားထင်နဲ့ မျက်ရိုးတစ်လျှောက်သုတ်လိမ်းပေးပြီး လက်မ၊ လက်ညိုးကို အသုံးပြုပြီး ညင်သာစွာနှိပ်နယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် နေ့စဉ် ၁၀မိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

၂. တေးဂီတနားဆင်ပါ။

သီချင်းသီဆိုခြင်းနဲ့ သီးချင်းနားထောင်ခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို တစ်နာရီခန့်သီချင်းဆိုတာက ခေါင်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုများကို ဖြေလျော့ပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

READ - နံနက်ပိုင်း ခေါင်းကိုက်တတ်သူများ ရှောင်ရှားနိုင်မည့် နည်းလမ်းများ

၃. ရေနွေးငွေ့ရှူပြီးကုသနည်း

ဇလုံထဲကရေငွေ့ကို တဘတ်လေးနဲ့ခေါင်းကိုအုပ်ပြီး ရှူရှိုက်ပေးပါ။ ရေနွေးငွေ့က အသက်ရှူလမ်းကြောင်းကို ပွင့်စေတာကြောင့် ခေါင်းကိုက်သက်သာစေတာကို တွေ့ရမှာပါ။

၎. ရေဓာတ်ဖြည့်တင်းပေးပါ။

ရေဓာတ်ခမ်းခြောက်မှုကြောင့်လည်း မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်ကို ကြည့်လိုက်ပါ။ ဆီးဝါနေတာမျိုးဖြစ်နေရင်တော့ ရေဓာတ်ခမ်းခြောက်နေတာပါ။ ခန္ဓာကိုယ်တွင်း က လိုအပ်တဲ့ရေဓာတ်အလုံအလောက်မရှိရင် ခေါင်းကိုက်၊ မျက်ရိုးကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

၅. ရေနွေးငွေ့စက်ကို အိပ်ရာခန်းတွင်းထည့်ထားပါ။

အိပ်ခန်းတွင်းက ခြောက်သွေ့ထိုင်းမှိုင်းနေခြင်းကြောင့် ခေါင်းကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ရေနွေးငွေ့စက်ကို အိပ်ရာခန်းတွင်းထားပြီး အိပ်မယ်ဆိုရင် အခန်းတွင်းအစိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ခေါင်းကိုက်သက်သာစေမှာပါ။

READ - ခေါင်းကိုက်ခြင်းကို ထိန်းချုပ်ဖို့ နည်းလမ်း (၅) မျိုး

Source: shweinnlay

Read times Last modified on Wednesday, 23 August 2017 14:49
Rate this item
(1 Vote)