What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 July 2020 23:11

ဆရာ၀န်ဆေးညွှန်းစာဖြင့်သာ ၀ယ်ယူသုံးစွဲနိုင်သော ဆေးဝါးများ prescription only medicine (POM)

ဆေးရုံ ဆေးခန်း ဆေးဆိုင်တွေမှာ ဆေး၀ယ်တော့မယ်ဆိုရင် “ဆရာဆေးညွှန်းစာပါမှ၀ယ်လို့ရပါမည် “ဆိုတာမျိုးတွေနဲ့ “ဆေးညွှန်းစာပါ ဆေးသုံးစွဲရမည့် အချိန်ကာလ ကျော်လွန်နေပီမို့ ဆရာညွှန်ကြားချက် ဆက်လက်တောင်းခံပြီးမှသာ ၀ယ်လို့ရပါမည်” ဆိုတာမျိုးတွေ ကို ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်.................

အဲ့ဒီဆေးအမျိုးအစားတွေအကုန်လုံးကို Prescription Only Medicine(POM) ဆေးများလို့ အတိုကောက်ခေါ်ကြပါတယ်။ ဆေးညွှန်းစာမလိုဘဲ မိမိသဘောအလျောက် ၀ယ်သူနိုင်တဲ့ဆေးတွေကိုတော့ Over the counter drugs(OTC) လို့ ခေါ်ကြပါတယ်


POM တွေအကြောင်းကိုဆက်ရမယ်ဆိုရင်တော့ ဒီဆေးအုပ်စုတွေ အကုန်လုံးဟာ တိကျသေချာသော ရောဂါလက္ခဏာ ရှိမှသာ သုံးစွဲသင့်တာရယ် သုံးစွဲတဲ့အခါမှာလည်း သုံးစွဲသင့်တဲ့ ပုံစံ ပမာဏ စသည်တို့ဟာ တတ်ကျွမ်းတဲ့ဆေးပညာရှင်များရဲ့ သင့်တော်လျှောက်ပတ်သလို ညွှန်ကြားမှုနဲ့ သုံးစွဲမှသာသုံးစွဲသူအတွက် အထိရောက်ဆုံးနဲ့ အ္န္တရာယ် အကင်းဆုံး ဖြစ်မည် ဖြစ်သောကြောင့် ယင်းတို့တွေကို POM လို့သတ်မှတ်ထားရခြင်း ဖြစ်ပါတယ်

 

POMတွေဟာ ဘယ်လိုဆေးအုပ်စုတွေပါ၀င်လဲဆိုရင်............

၁. Anti-infective (ပိုးသတ်ဆေးအုပ်စုများ)

ဘတ်တီးရီးယား ဗိုင်းရပ်စ် မှိုနဲ့ ကပ်ပါးကောင်သတ်ဆေး infectionလို့ခေါ်တဲ့ ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေမှာသုံးတဲ့ဆေး အကုန်လုံးဟာ လုံးလုံးလျားလျား ဆရာ၀န်ညွှန်ကြားမှသာ သုံးစွဲသင့်တာမို့ ၀ယ်လို့ရနိုင်တဲ့ အခြေအနနေဖြစ်နေရင်တောင် ဆန္ဒအလျောက် မသုံးစွဲသင့်ပါဘူး။

 

၂. Drugs used in central nervous system disorders (ဦးနှောက်အာရုံကြောနှင့်ဆိုင်တဲ့ ပြသနာများအတွက် သုံးသောဆေးများ)

ဒီအုပ်စု မှာတော့ အများကြီးပါ၀င်ပါတယ်။ စိတ်ရောဂါများတွင်ကုသသော စိတ်ငြိမ်ဆေးများ စိတ်အတက်အကျရောဂါသုံးဆေးများ နဲ့ narcotics လို့ခေါ်တဲ့ အိပ်ဆေးအုပ်စု၀င်များ opioidsလို့ခေါ်တဲ့အကိုက်အခဲပျောက်ဆေး အပြင်းစားများ၊ အတက်ရောဂါတွင် သုံးသောဆေးများ၊ အာရုံကြောပျက်စီးယိုယွင်းမှုများတွင် ကုသသောဆေးများ အာရုံကြောထိခိုက်မှုကြောင့် နာကျဉ်မှုဝေဒနာများတွင် ကုသသောဆေးများ၊ အပြင်းအထန်ခေါင်းကိုက်ခြင်း ချာချာလည်ခေါင်းမူးခြင်းစသည့်လက္ခဏာများတွင် ကုသရန်သုံးစွဲသောဆေးဝါးများ ပါ၀င်တယ်။ စိတ်ငြိမ်ဆေးနဲ့ narcotics အုပ်စုများ opioids အကိုက်အခဲပျောက်ဆေးများဟာဆိုရင်တော့ FDA ရဲ့ ထိန်းချုပ်ဆေးဝါး စာရင်း၀င်ဖြစ်သောကြောင့် သတ်မှတ်ထားသော စည်းမျဉ်း လုပ်ထုံးလုပ်စဉ်အောက်တွင်သာ ရောင်းချ၀ယ်ယူ သုံးစွဲခွင့်ရပါတယ်။

 

၃. Drugs used in oncology (ကင်ဆာရောဂါများတွင်သုံသော ဆေးများ)

ကင်ဆာဆဲလ်တွေကို ချေမှုန်းပေးတဲ့ဆေးတွေဟာ လူ့ခန္ဓကိုယ်ရဲ့ ကောင်းတဲ့ဆဲလ်တွေကို ပါ ပျက်စီးစေသည်အထိ ဆိုးကျိုးရှိနိုင်တာမို့ ယောင်လို့တောင် မိမိသဘောနဲ့မသုံးသင့်သလို သူတို့တွေလည်း POM အုပ်စု၀င်တွေထဲကတစ်ခုဖြစ်နေပါတယ်။

 

၄. Corticosteroids (စတီးရိုက်ဟော်မုန်း အနွယ်၀င်များ)

Prednisolone တို့ dexamethasone တို့လို့ ပြောလိုက်ရင် ပိုသိကြမယ်ထင်ပါတယ်။ သူတို့ရဲ့ အသုံး၀င်ပုံကတော့ နေရာအနှံ့မှာပါ၀င်နေတတ်သလို ဆိုးကျိုးရခဲ့ရင်လည်း ကြောက်စရာကောင်းလှပါတယ်။


ပန်းနာရင်ကြပ် နာတာရှည်အဆုတ်ယောင် အဆစ်အမြစ်ယောင် လေးဖက်နာသမားတွေ နဲ့ကိုယ်အင်္ဂါအစားထိုးထားသူတွေမှာ ရေရှည်သုံး စွဲရ လေ့ရှိပါတယ်။ ဒါပေမယ့် ဆရာ၀န်သတ်မှတ် မပေးထားတဲ့ အချိန်ကာလတွေမှာ ကိုယ့်သဘောနဲ့ကိုယ်ဆက်၀ယ်သုံး တာတွေမလုပ်သင့်ပါဘူး မရပ်ခိုင်းဘဲ ရပ်ဖြစ်တာမျိုးတောင်မလုပ်ရတာမို့ သူတို့ဟာလည်း POMထဲမှာ ပါ၀င်နေပြန်ပါတယ်။

 

၅. Hormonal agents and contraceptives (ဟော်မုန်းဆေးဝါးများ နှင့် သန္ဓေ တားဆေး)

အမျိုးသမီးဟော်မုန်း (estrogen and progesterone related) and အမျိုးသားဟော်မုန်း(androgen related) ဆေးဝါးအားလုံးသာမက ဖော်ပြပြီးခဲ့သော corticosteroids များ ခ္န္ဒာကိုယ် ကြွက်သားများကြီးထွားမှုတွင်သုံးသောဆေးဝါးများ တာရှည်ခံ သန္ဓေ တားဆေး ထိုးဆေး သောက်ဆေး စဖြင့် ဟော်မုန်းဆေးအုပ်စု၀င်တွေကိုလည်း အလွယ်တကူရနိုင်တဲ့ နည်းလမ်းများရှိနေလျင်တောင် မသုံးစွဲသင့်ပါဘူး။
***မှတ်ချက်။ ။ အရေးပေါ် သန္ဓေ တားဆေးများ မပါ၀င်ပါ။

 

၆. Drugs used in gastrointestinal and hepatobiliary system (အစာအိမ် အူလမ်းကြောင်းနဲ့ သည်းခြေပြသနာများတွင်သုံးသောဆေးများ)

ဗိုက်ကြွက်သားနာကျဉ်မှုသက်သာအောင် သုံးသောဆေးများ အသည်းရောဂါ သည်းခြေအိတ် သည်းခြေကျောက်တည်ရောဂါများတွင် သုံးသောဆေးများ စအိုလမ်းကြောင်းရောဂါ နှင့် အအန် သက်သာဆေးတချို့ဟာဆိုရင်လည်း POM drugsတွေဖြစ်ပါတယ်။

 

၇. Drugs used in cardiovascular and hematopoietic system

အုပ်စု၀င်အများကြီးပါ၀င်နေတဲ့ ဒီဆေးအမျိုးအစားတွေဟာ လူအတော်အများလည်းရေရှည်သုံးစွဲနေရပါတယ်။ သွေးတိုးရောဂါသုံး သွေးထိန်းဆေးတွေ နှလုံးပြသနာများ သွေးလွှတ်/ကြော ပြသနာများအတွက်သုံးသောဆေးများအားလုံး ဆီးရွှင်ဆေး သွေးအားနည်း ရောဂါသုံးဆေးဝါးအချို့ သွေးတွင်း ကိုလက်စထရောကျဆေးများ သွေးမခဲဆေးများ သွေးကြောပိတ်သက်သာစေသည့်ဆေးများ စသည့်အားလုံးတို့သည် ရေရှည်သုံးစွဲနေရလေ့ရှိပြီးမှန်ကန်တိကျသော ဆေးညွှန်းပါမှသာ ၀ယ်ယူရပါမည်။

 

၈. Drugs used in respiratory system (အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများတွင်သုံးသောဆေးများ)

ပန်းနာရင်ကျပ် နာတာရှည်အဆုတ်ယောင် အတွက် သုံးသောဆေးများ ထိပ်ကပ်နာ နှာခေါင်းလမ်းကြောင်း ယောင်ယမ်းမှု ဖြစ်စဉ်များတွင်သုံးသော အချိုံဆေးဝါးများသည်လည်း POMများဖြစ်ကြပေသည်။

 

၉. Drugs used in immune system (ခုခံအားချပေး/ မြှင့်တင်ပေးသောဆေးများ)

Immunosuppressant (ကိုယ်ခံအားချပေးရသောဆေးများ) နှင့် ကာကွယ်ဆေးဟု လူသိများသော vaccines/sera and immunoglobulinsများသည်လည်း POM အုပ်စု၀င်များဖြစ်သည်။

 

၁၀. Drugs used in musculoskeletal system (ကြွက်သားနဲ့အရိုး ပြဿနာများတွင် သုံးသောဆေးများ)

အဆစ်အမြစ်ယောင်လေးဘက်နာ နှင့် ဂေါက်ရောဂါများတွင်သုံးသောဆေးများ အကြောပြေလျော့စေသောဆေးများနှင့် အခြားသော အရိုးနှင့် ကြွက်သားဆိုင်ရာ ပြသနာများတွင်သုံးသောဆေးများသည် POM များဖြစ်ကြသည်

 

၁၁. Drugs used in endocrine and metabolic system

ဆီးချိုအတွက်အသုံးပြုသော အင်ဆူလင်ထိုးဆေးများ ဆီးချိုသောက်ဆေးများ သိုင်းရိုက်ရောဂါသုံးဆေးဝါးများ အ၀လွန်ရောဂါနှင့် အခြားသော metabolic disordersများအတွက် သုံးသောဆေးအားလုံးသည်လည်း POMများပင်ဖြစ်သည်။

 

၁၂. Dermatological drugs(အရေပြားရောဂါသုံးဆေးများ)

အရေပြားပြသနာများအတွက်သုံးသော ပိုးသတ်ဆေး လိမ်းဆေးများအားလုံးနှင့် steroids ပါ၀င်သော လိမ်းဆေးများသည်လည်း POM အုပ်စုတွင်ပါ၀င်သည်။

 

၁၃. Drugs used in genito-urinary system(လိင်အင်္ဂါနှင့်ဆီးလမ်းကြောင်းရောဂါများတွင်သုံးသောဆေးများ)

ဆီးလမ်းကြောင်းပိုးသတ်ဆေးများ မိန်းမကိုယ်လမိးကြောင်းဆိုင်၇ာပြသနာများ ဆီးကျိတ်နှင့်ဆိုင်သောရောဂါများတွင်သုံးသောဆေးဝါးအချို့မှာလည်း POM အုပ်စု၀င်ဖြစ်သည်။

 

၁၄. Drugs used in eye/ear disorders

မျက်စိနှင့် နားလမ်းကြောင်းဆိုင်ရာပြသနာများတွင်သုံးသော ပိုးသတ်ဆေး သောက်ဆေးလိမ်းဆေးအချို့သည်လည်း POMတွင် ပါ၀င်သည်


ယခုနောက်ပိုင်းတွင် POMဆေးများ၀ယ်ယူရာတွင် ကျန်းမာရေး၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆေးဆိုင်များကလည်း ဆေးညွှန်စာပါမှသာ ပြည်သူလူထုအားရောင်းချပေးနိုင်ရန် ပိုမိုတင်းကျပ်စွာ တိုးမြှင့်လုပ်ဆောင်လျက်၇ှိပါတယ်။ သို့ဖြစ်ပါ၇ ပြည်သူလူထုအနေနှင့် POM ဆေးများကြောင့် ပိုမိုဗဟုသုတရရှိစေရန် ရည်ရွယ် အကြံပြုရေးသားလိုက်ရပါတယ်။

 

MPA

Read times
Rate this item
(1 Vote)