What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 September 2017 11:14

ပျိုမေတို့သိမှတ်ဖွယ်ရာ ရာသီလာချိန်အတွင်း စားသင့်သောအစားအစာ

ပျိုမေတို့သိမှတ်ဖွယ်ရာ ရာသီလာချိန်အတွင်း စားသင့်သောအစားအစာ google.com

ပျိုမေတွေတိုင်း လစဉ်ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ ဓမ္မတာလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ နာကျင်ကိုက်ခဲမှု ဝေဒနာများကို ခံစားရလေ့ရှိတဲ့အတွက် နာကျင်ကိုက်ခဲမှု

ဝေဒနာများကို သက်သာစေဖို့အစားအစာများကို အထူးဂရုပြု စားသောက်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် ရာသီလာချိန်မှာ ရွေးချယ်စားသောက်သင့်သော အစားအစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင်အရွက်များစွာ ပါသော ဟင်းသီးဟင်းရွက်များဟာ ရာသီလာချိန်တွင် လွန်စွာလိုအပ်တဲ့ သတ္တုဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကြွဝစွာ ပါဝင်တာကြောင့် စူးစူးရှရှခံစားရတဲ့ ဝေဒနာများကိုလည်း သက်သာစေနိုင်ပါတယ်။

၂. အနီရောင်အသား

အနီရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ၀က်သား၊ ဆိတ်သားစတာတွေမှာ သံဓာတ်အပြည့် အ၀ပါဝင်ပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းမှ ကာကွယ်ဖို့အတွက် အနီရောင် အသားများများစားပေးသင့်ပါတယ်။

၃. ပဲအမျိုးမျိုး၊ ပဲတောင့်အမျိုးမျိုး၊ ပဲနီကလေး

ပဲမျိုးနွယ်ဝင်တွေကလည်း သံဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံးအစားအစာရင်းမြစ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စထရောတွေ ပါဝင်မှုမရှိပါဘူး။

၎. ပင်လယ်စာ

အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ ရာသီလာစဉ် ဗိုက်နာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ပုစွန်ထုပ်၊ ပုစွန်ဆိတ်၊ ကမာ၊ ပြည်ကြီးငါး၊ ဂဏန်းစသော ပင်လယ်စာများကို စားသုံးပေးသင့်ပါတယ်။

၅. အခွံမာသီးများနှင့်အစေ့အဆန်များ

အခွံမာသီးများ၊ အစေ့အဆန်များဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကိုဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ယင်းအစားအစာများကိုမဖြစ်မနေ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

၆. ကောက်နှံတစ်ခုလုံးပါဝင်စာ

ကောက်နှံတစ်ခုလုံးပါဝင်စာတွေဖြစ်တဲ့ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ခေါက်ဆွဲ၊ အခြားဂျုံနဲ့ပြုလုပ်ထားသော အစားအစာများစတာတွေမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကြွယ်ဝတာကြောင့် ရာသီလာစဉ်မှာ ဂရုပြုပြီး စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းနဲ့ အခြားသောရာသီလာချိန်တွင် ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

၇. ချောကလက်

ချောကလက်တွင် အာရုံကြောစနစ်ကို များစွာအထောက်အကူပြုပေးနိုင်တဲ့ ဓာတ်များစွာပါဝင်ပြီး စိတ်ခံစား ချက်ကို တိုးတက်ကောင်းမွန်စေနိုင်တာကြောင့် ရာသီစက်ဝန်းအတွင်း ဖြစ်လေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာလျော့ပါး စေနိုင်ပါတယ်။

၈. သစ်သီးများ

သစ်သီးတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတွေက စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။

၉. ရေ

ရေဟာ ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ကယ်လိုရီပါဝင် မှုမရှိတာကြောင့် ကိုယ်အလေးချိန် တက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်တွေ ကဲ့သို့ကဖင်းဓာတ်ပါဝင်မှုမရှိတာကြောင့် ကြွက်တက်ခြင်းမှလည်း ကင်းဝေးစေနိုင်ပါတယ်။

Source: drmyanmar.com

Read times
Rate this item
(1 Vote)