What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 September 2017 15:48

အမှောင်ထဲမှာ ဖုန်းကြည့်ရင် ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်လဲ

အမှောင်ထဲမှာ ဖုန်းကြည့်ရင် ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်လဲ google.com

သင်ဟာ ညဘက်အိပ်ယာအမှောင်ထဲမှာ ဖုန်းနဲ့ Facebook သုံးတာ၊ ဗီဒီယိုကြည့်တာ လုပ်တတ်သူလား၊ အမှောင်ထဲမှာ ဖုန်းကြည့်ရင် ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်သလဲ???

သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေအတွက်ဖြစ်စေ သိထားသင့်ပါတယ်။ ဖုန်း၊ Lattop၊ ကွန်ပျူတာ၊ တီဗွီအစရှိသည်တို့မှ အပြာရောင်အလင်းတန်းများ ထွက်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ သို့သော် အလင်းတန်းအားလုံးသည် မတူညီကြပေ။ အပြာရောင်အလင်းတန်းများအနေဖြင့် နေ့ဘက်အတွက်တော့ ကျန်းမာရေးအတွက် တက်ကြွစေခြင်း၊ စိတ်ခံစားမှု ကောင်းစေခြင်း အစရှိသဖြင့် ကောင်းကျိုးဖြစ်စေတတ်သည်။

အပြာရောင်အလင်းတန်းများသည် ညဘက်အတွက်မှု ဆိုးကျိုးများသာ အဖြစ်များသည်။ ဖုန်း သို့မဟုတ် တီဗွီ မျက်နှာပြင်မှ ထွက်သော လျှပ်စစ်ဓာတ်သည် အပြာရောင် အလင်းတန်းများကို ပိုမိုဖြစ်စေသည်။

ညဘက်အလုပ်လုပ်ခြင်းနှင့် ညဘက်တွင် အလင်းကို ကြည့်ခြင်းသည် အောက်ပါ ကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေနိုင်သည်။

၁. မျက်စိထိခိုက်စေခြင်း

အမြင်ေ၀၀ါးစေခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ ရောဂါဆိုးရွားပါက အမြင်အာရုံဆုံးရှုံးသည့်အထိ ဖြစ်စေနိုင်သည်။

၂. နှလုံးရောဂါ

၃. ဆီးချိုရောဂါ

ညဘက်ဇီဝနာရီပျက်စီးပါက သွေးတွင်းသကြားဓာတ်များလာကာ ဆီးချိုကို ပိုဖြစ်လာစေနိုင်သည်။

၎. အ၀လွန်ခြင်း

ကိုယ်ခန္ဓာမှ Leptin ဟု ခေါ်သည့် အစာစားပြီးပြည့်ဝခြင်းဓာတ်ကို လျော့နည်းစေသောကြောင့် ပိုစားစေကာ အ၀လွန်စေနိုင်သည်။

၅. အိပ်ရေးမ၀စေခြင်း၊ အိပ်ပျော်ဖို့ခက်ခဲခြင်း

အလင်းရောင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်းကို တားဆီးသောကြောင့် အိပ်သော်လည်း အိပ်ရေးမ၀ခြင်းကို ဖြစ်စေတတ်သည်။ အိပ်ရေးမ၀ပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ ဖြစ်စေနိုင်သည်။

၆. ကိုယ်ခံအားကျလာစေခြင်း

၇. ကင်ဆာအမျိုးမျိုး (ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ)

အထက်ပါ ကျန်းမာရေးအချက်များ ဖြစ်စေနိုင်သောကြောင့် ဘယ်လိုဆက်ပြီး ပြုပြင်သင့်လဲ

- ညဘက်အတွက် အနီရောင်မီးရောင်ဖျော့ဖျော့သာ အသုံးပြုပါ။ အနီရောင်သည် ဇီဝနာရီကို ပြောင်းလဲစေမှု အနည်းဆုံးသော မီးရောင်ဖြစ်သည်။ Melatonin ဓာတ်ကို လျော့ချစေမှုကိုလည်း နည်းသည်။

- မအိပ်ခင် ၂ နာရီ ၃ နာရီထက်စော၍ ဖုန်းသုံးခြင်း၊ ကွန်ပျူတာသုံးခြင်းများကို ရပ်တန့်လိုက်ပါ။

- ညဆိုင်းအလုပ်လုပ်ရသူ သို့မဟုတ် ညဘက်တွင် လျှပ်စစ်ပစ္စည်းများ အရမ်းသုံးရပါက အပြာအလင်းတန်းများကို ကာကွယ်ပေးသော မျက်မှန်သုံးခြင်း သို့မဟုတ် အပြာရောင်အစိမ်းရောင် အလင်းများကို ကာကွယ်ပေးသော application များသုံးခြင်း။

- မနက်ဘက်တွင် အလင်းရောင်များများနှင့် ထိတွေ့ပါ။ ထို့သို့ ပြုလုပ်ခြင်းသည် နေ့ခင်းဘက်တွင် စိတ်ပျော်ရွှင်ပြီး တက်ကြွလန်းဆန်းစေကာ ညဘက်တွင် ကောင်းကောင်းအိပ်ပျော်စေနိုင်သည်။

Source: healthcare.com

Read times Last modified on Wednesday, 27 September 2017 16:09
Rate this item
(2 votes)