What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 October 2017 15:26

အဆစ္အျမစ္ေရာင္ရမ္းျခင္းေ၀ဒနာမွသက္သာေစနိင္ေသာေဆးျမီးတိုမ်ား(Zaw Gyi-Unicode)

အဆစ္အျမစ္ေရာင္ရမ္းျခင္းေ၀ဒနာမွသက္သာေစနိင္ေသာေဆးျမီးတိုမ်ား(Zaw Gyi-Unicode) Google

အဆစ္အျမစ္ေရာင္ရမ္းျခင္းကခႏၶာကိုယ္ေနရာတိုင္းမွာျဖစ္ပြားႏိုင္ပါတယ္။

ဘာလဲလို႔ဆိုေတာ႔ ကြ်န္ေတာ္တို႔ ခႏၶာကိုယ္ ကို အရိုး ေတြနဲ႔ဖြဲ႕စည္းထားတာျဖစ္တဲ့အတြက္ အရိုးအဆစ္ေတြၾကားမွာ ဆက္ထားတဲ႔ေနရာေလးေတြ အမ်ားႀကီးရွိေနလို႔ပါပဲ။

ဒါေပမယ္႔ အျဖစ္အမ်ားဆံုးေနရာေတြကေတာ႔ ဒူးနဲ႔ပုခံုးပဲ ျဖစ္ပါတယ္။

အဲဒီလိုနာက်င္မႈေဝဒနာက ကိုင္တြယ္ေျဖရွင္းရခက္ပါတယ္။

အဆစ္အျမစ္ ေရာင္ရမ္းျခင္း ကို ေသေသခ်ာခ်ာကုသေပးဖို႔ လိုအပ္ပါတယ္။

ေအာက္မွာေဖာ္ျပထားတာကေတာ႔ ဒူးနာျခင္းလိုမ်ိဳး အဆစ္အျမစ္ ေရာင္ရမ္းျခင္း ေဝဒနာ ကို သက္သာေစတဲ႔ ေဆးၿမီးတိုေလးေတြပဲ ျဖစ္ပါတယ္။

၁။ အပူအေအး ကုထံုး

အပူအေအး ကုထံုးက ဒူးနာ ေဝဒနာ ေတြအတြက္ အလြန္ေကာင္းမြန္တဲ႔ေဆးၿမီးတိုနည္းလမ္းျဖစ္ပါတယ္။

အေအးကုထံုးက အဆစ္အျမစ္ ေရာင္ရမ္းျခင္း ကိုကုသေပးၿပီး အပူကုထံုးက ေသြးစီးဆင္းမႈႏႈန္းကို ပိုမိုျမန္ဆန္ေအာင္ ျပဳလုပ္ေပးျခင္းျဖင္႔ ေဝဒနာကိုသက္သာေလ်ာ႔ပါးေစပါတယ္။

ျပဳလုပ္နည္းကေတာ႔ အရင္ဆံုးေရေႏြးပူစိမ္ထားတဲ႔ လက္ကိုင္ပုဝါ တစ္ထည္ကို အပူေႏြးေႏြးေလးျဖစ္ေအာင္ထားၿပီး နာက်င္တဲ႔ေနရာမွာ (၅) မိနစ္ ေလာက္ပတ္ထားေပးလိုက္ပါ။

ၿပီးရင္ေရခဲတံုးေလးေတြထည္႔ၿပီး ေအးေအာင္စီမံထားတဲ႔အဝတ္စနဲ႔ (၅) မိနစ္ေလာက္ထပ္ပတ္လိုက္ပါ။

ဒီကုထံုးကို တစ္ေန႔ (၃) ႀကိမ္ ျပဳလုပ္ေပးမယ္ ဆိုရင္ နာက်င္မႈေဝဒနာေတြကို ေလ်ာ႔ပါးသက္သာေစမွာပါ။

၂။ နႏြင္းမႈန္႕

နႏြင္းမႈန္႕မွာပါဝင္တဲဲ႔ “curcumin” လို႔ေခၚတဲ႔ပါဝင္ပစၥည္းက အေရျပားေရာင္ရမ္းျခင္း ကိုေလ်ာ႔ပါးသက္သာေစပါတယ္။ 

ဒါေၾကာင္႔ နႏြင္းမႈန္႕က ဒူးနာေဝဒနာေတြကိုလည္း သက္သာေစပါတယ္။

ျပဳလုပ္နည္းကလည္း လြယ္လြယ္ေလးပါ။

နႏြင္းမႈန္႕နဲ႔ပ်ားရည္ကို ႏြားႏို႕နဲ႔ေရာၿပီး ေသာက္ခ်လိုက္ရံုပါပဲ။

ေသာက္ၿပီးသြားရင္ေတာ႔ နာက်င္မႈေဝဒနာ သက္သာေလ်ာ႔ပါးသြားတာကို ေတြ႕ရွိရမွာပါ။

၃။ ၾကက္သြန္နီ

တခ်ိဳ႕လူေတြက ထမင္းစားရင္ ၾကက္သြန္နီတစ္လံုးကို အစိမ္းထည္႔စားတတ္ၾကပါတယ္။

ဒါဟာက်န္းမာေရးအတြက္အက်င္႔ေကာင္းတစ္မ်ိဳးပါပဲ။

ၾကက္သြန္နီ မွာ သင္႔ရဲ႕ကိုယ္ခံအားစနစ္ကို ပိုမိုေကာင္းမြန္ေစတဲ႔ ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။

ဒါေၾကာင္႔ ၾကက္သြန္နီဟာ ဒူးနာေဝဒနာကိုလည္း သက္သာေစပါတယ္။

၄။ ဂ်င္း

ဂ်င္း ဟာ နာက်င္မႈေတြကိုသက္သာေစတဲ႔ သဘာဝေဆးၿမီးတိုတစ္မ်ိဳးပါပဲ။

ဘာလို႔လဲဆိုေတာ႔ ဂ်င္းမွာ အေရျပားေရာင္ရမ္းျခင္းကိုတိုက္ဖ်က္ႏိုင္တဲ႔ ဂုဏ္သတိၱပါဝင္လို႔ပါပဲ။

မနက္တိုင္း မနက္တိုင္း ဂ်င္း လက္တစ္ဆစ္စာေလာက္ကို ျဖတ္ေတာက္ၿပီး ေရေႏြးတစ္ခြက္ထဲ ထည္႔လိုက္ပါ။

ၿပီးရင္ အဖံုးအုပ္ၿပီး (၁၀) မိနစ္ေလာက္ထားလိုက္ပါ။

 ၿပီးရင္ေတာ႔ ေသာက္ခ်လိုက္ပါ။

ထူးျခားမႈကိုေတြ႕ရွိရပါလိမ္႔မယ္။

၅။ ပန္းသီး ရွာလကာရည္

ပန္းသီး ရွာလကာရည္ကေတာ႔ အဆစ္အျမစ္ေယာင္ရမ္းျခင္း ေဝဒနာရွိ သူေတြအတြက္ေတာ႔ အသင္႔ေတာ္ဆံုးေဆးၿမီးတိုတစ္မ်ိဳးပါပဲ။

ဒူးနာသက္သာေစဖို႕အတြက္ ပန္းသီးရွာလကာရည္ကိုအသံုးျပဳလို႔ရပါတယ္။

အရင္ဆံုး ေရေႏြးတစ္ခြက္ယူလိုက္ၿပီး ပန္းသီးရွာလကာရည္ (၂) ဇြန္းေလာက္ထည္႔လိုက္ပါ။

ၿပီးရင္ ပ်ားရည္နည္းနည္းပါေရာလိုက္ပါ။

ၿပီးရင္ေတာ႔ေသာက္ခ်လိုက္ပါ။

ဒါဟာသင္႔ရဲ႕က်န္းမာေရးကိုပါ ေကာင္းမြန္ေစလို႔ ေန႕စဥ္ပံုမွန္ေသာက္ေပးသင္႔ပါတယ္။

 Source : Duwun

 

Unicode Version 

 

အဆစ်အမြစ်ရောင်ရမ်းခြင်းကခန္ဓာကိုယ်နေရာတိုင်းမှာဖြစ်ပွားနိုင်ပါတယ်။

ဘာလဲလို့ဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ် ကို အရိုး တွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အရိုးအဆစ်တွေကြားမှာ ဆက်ထားတဲ့နေရာလေးတွေ အများကြီးရှိနေလို့ပါပဲ။

ဒါပေမယ့် အဖြစ်အများဆုံးနေရာတွေကတော့ ဒူးနဲ့ပုခုံးပဲ ဖြစ်ပါတယ်။

အဲဒီလိုနာကျင်မှုဝေဒနာက ကိုင်တွယ်ဖြေရှင်းရခက်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းခြင်း ကို သေသေချာချာကုသပေးဖို့ လိုအပ်ပါတယ်။

အောက်မှာဖော်ပြထားတာကတော့ ဒူးနာခြင်းလိုမျိုး အဆစ်အမြစ် ရောင်ရမ်းခြင်း ဝေဒနာ ကို သက်သာစေတဲ့ ဆေးမြီးတိုလေးတွေပဲ ဖြစ်ပါတယ်။

၁။ အပူအအေး ကုထုံး

အပူအအေး ကုထုံးက ဒူးနာ ဝေဒနာ တွေအတွက် အလွန်ကောင်းမွန်တဲ့ဆေးမြီးတိုနည်းလမ်းဖြစ်ပါတယ်။

အအေးကုထုံးက အဆစ်အမြစ် ရောင်ရမ်းခြင်း ကိုကုသပေးပြီး အပူကုထုံးက သွေးစီးဆင်းမှုနှုန်းကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးခြင်းဖြင့် ဝေဒနာကိုသက်သာလျော့ပါးစေပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံးရေနွေးပူစိမ်ထားတဲ့ လက်ကိုင်ပုဝါ တစ်ထည်ကို အပူနွေးနွေးလေးဖြစ်အောင်ထားပြီး နာကျင်တဲ့နေရာမှာ (၅) မိနစ် လောက်ပတ်ထားပေးလိုက်ပါ။

ပြီးရင်ရေခဲတုံးလေးတွေထည့်ပြီး အေးအောင်စီမံထားတဲ့အဝတ်စနဲ့ (၅) မိနစ်လောက်ထပ်ပတ်လိုက်ပါ။

ဒီကုထုံးကို တစ်နေ့ (၃) ကြိမ် ပြုလုပ်ပေးမယ် ဆိုရင် နာကျင်မှုဝေဒနာတွေကို လျော့ပါးသက်သာစေမှာပါ။

၂။ နနွင်းမှုန့်

နနွင်းမှုန့်မှာပါဝင်တဲဲ့ “curcumin” လို့ခေါ်တဲ့ပါဝင်ပစ္စည်းက အရေပြားရောင်ရမ်းခြင်း ကိုလျော့ပါးသက်သာစေပါတယ်။

ဒါကြောင့် နနွင်းမှုန့်က ဒူးနာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။

နနွင်းမှုန့်နဲ့ပျားရည်ကို နွားနို့နဲ့ရောပြီး သောက်ချလိုက်ရုံပါပဲ။

သောက်ပြီးသွားရင်တော့ နာကျင်မှုဝေဒနာ သက်သာလျော့ပါးသွားတာကို တွေ့ရှိရမှာပါ။

၃။ ကြက်သွန်နီ

တချို့လူတွေက ထမင်းစားရင် ကြက်သွန်နီတစ်လုံးကို အစိမ်းထည့်စားတတ်ကြပါတယ်။

ဒါဟာကျန်းမာရေးအတွက်အကျင့်ကောင်းတစ်မျိုးပါပဲ။

ကြက်သွန်နီ မှာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

ဒါကြောင့် ကြက်သွန်နီဟာ ဒူးနာဝေဒနာကိုလည်း သက်သာစေပါတယ်။

၄။ ဂျင်း

ဂျင်း ဟာ နာကျင်မှုတွေကိုသက်သာစေတဲ့ သဘာဝဆေးမြီးတိုတစ်မျိုးပါပဲ။

ဘာလို့လဲဆိုတော့ ဂျင်းမှာ အရေပြားရောင်ရမ်းခြင်းကိုတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါပဲ။

မနက်တိုင်း မနက်တိုင်း ဂျင်း လက်တစ်ဆစ်စာလောက်ကို ဖြတ်တောက်ပြီး ရေနွေးတစ်ခွက်ထဲ ထည့်လိုက်ပါ။

ပြီးရင် အဖုံးအုပ်ပြီး (၁၀) မိနစ်လောက်ထားလိုက်ပါ။

ပြီးရင်တော့ သောက်ချလိုက်ပါ။

ထူးခြားမှုကိုတွေ့ရှိရပါလိမ့်မယ်။

၅။ ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ကတော့ အဆစ်အမြစ်ယောင်ရမ်းခြင်း ဝေဒနာရှိ သူတွေအတွက်တော့ အသင့်တော်ဆုံးဆေးမြီးတိုတစ်မျိုးပါပဲ။

ဒူးနာသက်သာစေဖို့အတွက် ပန်းသီးရှာလကာရည်ကိုအသုံးပြုလို့ရပါတယ်။

အရင်ဆုံး ရေနွေးတစ်ခွက်ယူလိုက်ပြီး ပန်းသီးရှာလကာရည် (၂) ဇွန်းလောက်ထည့်လိုက်ပါ။

ပြီးရင် ပျားရည်နည်းနည်းပါရောလိုက်ပါ။

ပြီးရင်တော့သောက်ချလိုက်ပါ။

ဒါဟာသင့်ရဲ့ကျန်းမာရေးကိုပါ ကောင်းမွန်စေလို့ နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်။

Read times Last modified on Monday, 02 October 2017 15:34
Rate this item
(1 Vote)