What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 October 2020 14:35

မျက်စိညောင်းညာခြင်းကို ကုသနည်း

အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

 

တခြားအကြောင်းရင်းတွေက စိတ်ဖိစီးမှု များတာ ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ ၊ ရေဓာတ်ခမ်း ခြောက်တာ ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင်ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။

 

မျက်စိ ညောင်းညာသော အဓိက လက္ခဏာများ

မျက်စိကို ဖွင့်ထားရင် လေးလံပြီး မသက်မသာ ခံစားရခြင်း။

မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း ၊ မသက်မသာဖြစ်ခြင်း။

မျက်စိခြောက်သွေ့တာ ၊ မျက်စိနာတာ ၊ မျက်ရည်ကျတာ ။

ခေါင်းကိုက်တာနဲ့ အလင်းရောင် ထိတွေ့ရင် ကျိန်းစပ်စပ်ဖြစ်ခြင်း။

 

မျက်စိညောင်းညာမှု သက်သာစေရန် ပြုလုပ်ပုံ

ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။  လတ်ဆတ်သော သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။  နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

 

အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ ရေခဲ သေတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးပါ။ ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

 

မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။ 

 

Source: healthcare.com.mm

Read times
Rate this item
(0 votes)