What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 January 2021 17:22

လေဖြတ်နိုင်ခြေကို လျော့ချပေးမယ့် နည်းလမ်း (၉) မျိုး

လေဖြတ်နိုင်ခြေကို လျော့ချပေးမယ့် နည်းလမ်း (၉) မျိုး

၁. အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။

မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။

၂. အိပ်ရေးဝဝ အိပ်စက်ပါ။

မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိ ထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။

၃. သွားတိုက်တံကို ပိုးသန့်စင်ပါ။

သွားတိုက်တံ ကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံးသွေးကြောကို ထူစေပါတယ်။ သွားတိုက်ပြီး တဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်း သန့်စင်ဆေးရည် ထဲကို နှစ်ထားပေးပါ။

၄. နားကြပ်ဖြင့် ဖုန်းပြောပါ။

သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုးအာရုံကြောမကြီးကို ဖိအား သက်ရောက် စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၅. နေ့စဉ် နို့သောက်ပါ။

အဆီ ထုတ်ထားတဲ့ နို့ကို တစ်နေ့ နှစ်ခွက်-သုံးခွက် နေ့စဉ် သောက်ပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချ ပေးနိုင်တယ်လို့ အင်္ဂလန်မှ ပညာရှင်တွေက ပြောပါတယ်။ သင်က အစားလျှော့စားနေဖြစ်ပါက အဆီထုတ် ထားတဲ့ နို့သောက်တာက ကယ်လိုရီကို လျှော့ချရာလည်း ရောက်ပါတယ်။ နို့သောက်တာက လေဖြတ်နိုင် ခြေကို လျှော့ချနိုင်တဲ့အပြင် ကြွက်သား တည်ဆောက်မှုကိုလည်း အားပေးပါတယ်။

၆. ဆယ်လ်မွန်ငါး ပိုစားပါ။

အဆီများတဲ့ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးကြိမ်ထက် ပိုစားပေးတာက လေဖြတ်တာကို ဦးတည်စေတဲ့ ဦးနှောက်ရဲ့ ထိခိုက်မှုကို လျော့နည်းစေပါတယ်။ ဆယ်လ် မွန်ငါးမှာ ဦးနှောက် အာရုံကြောတွေကို ကောင်းမွန်စေတဲ့ အိုမီဂါ-၃ အဆီ ပါဝင်တာကြောင့်ပါ။

၇. ဒေါသကို ထိန်းချုပ်ပါ။

မကြာခဏ ဒေါသဖြစ်တာက လေဖြတ်နိုင်ခြေကို နှစ်ဆတိုးစေပါတယ်။ သင်က သင့်ဒေါသကို မထိန်းချုပ် နိုင်ပါက DHA ကို ဖြည့်စွက် သောက်သုံးပါ။

၈. ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်ဖြတ်လိုက်တာကြောင့် ပထမဆုံး ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ဆေးလိပ်ဖြတ်ပြီး ရှစ်နာရီ အတွင်းမှာ ခန္ဓာကိုယ်တွင်းမှာ ကာဗွန်မိုနောက်ဆိုက်တွေ လျော့နည်းသွားပြီး သွေးတွင်းမှာ အောက်ဆီဂျင် ပမာဏ မြင့်တက် လာစေပါတယ်။ ဆေးလိပ်ဖြတ်ပြီး နှစ်ရက်အတွင်း နှလုံး တိုက်ခိုက် ခံရနိုင်ခြေကို လျှော့ချနိုင်ပြီး သုံးရက်အတွင်းမှာ စွမ်းအင် ပြည့်ဝလာကာ အသက်ရှူရတာလည်း ပိုမို လွယ်ကူ လာပါတယ်။

၉. မျက်လုံးကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ပါ။

အမြင်အာရုံနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး မရှိခဲ့ရင်တောင် ပုံမှန် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ မျက်လုံးရဲ့ မြင်လွှာ သွေးကြောအတွင်း ပြုတ်ထွက်လာတဲ့ သွေးခဲစ တစ်ခုခုကို တွေ့မိပါက လေဖြတ်နိုင်ခြေအတွက် အရေးကြီး တဲ့ သတိပေးလက္ခဏာအဖြစ် သိရှိနိုင်တာကြောင့်ပါ။

Read times Last modified on Thursday, 21 January 2021 17:25
Rate this item
(0 votes)