What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 November 2017 10:45

နေ့လယ်စာ စားချိန်လေးမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်မလဲ

နေ့လယ်စာ စားချိန်လေးမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်မလဲ google.com

နေ့လယ်စာ စားချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ လိုသလို၊ ကျန်းမာအောင် နေထိုင်ပြုမှုဖို့ ကလည်း အရေးကြီးပါတယ်။

လုပ်ငန်းခွင်မှာ နေ့လယ်စာ စားချိန်လေးကို ကျန်းမာအောင် နေထိုင်စားသောက်ဖို့ ဘယ်အချက်တွေ လိုအပ်မလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၂ မိနစ်လောက် လမ်းလျှောက်ပါ

နေ့လယ်စာ စားချိန်လေးမှာ ရုံးပြင်ပကို ထွက်ပြီး လေကောင်းလေသန့် ရှူတာပဲဖြစ်ဖြစ်၊ သဘာဝအလင်းရောင်ကို ခံစားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပါတယ်။ ဒါကြောင့် နေ့လယ်စာ စားချိန်လေးမှာ ၂ မိနစ်လောက် ရုံးအပြင် ခဏထွက်ပြီး လမ်းလျှောက်သင့်ပါတယ်။

အလုပ်စားပွဲနဲ့ ဝေးဝေးနေပါ

နေ့လယ်စာစားချိန်မှာ ကိုယ့်ရဲ့ အလုပ်တွေနဲ့ ဝေးဝေးနေခိုင်းတာပါ။ နေ့လယ်စာ စားရင်း အလုပ်အကြောင်း တွေးနေတာမျိုး၊ အလုပ်တစ်ဖက်လုပ်နေတာမျိုး မဖြစ်စေချင်တာပါ။ နေ့လယ်စာ စားချိန်အတွင်းလေးမှာ အလုပ်အကြောင်း ခဏမေ့ထားပြီး ပေါ့ပေါ့ပါးပါး နေထိုင်ဖြတ်သန်းပါ။

Luch Box ထဲမှာ ဒါလေးတွေပါပါစေ

ကိုယ်ရဲ့နေ့လယ်စာ ထမင်းဘူးထဲမှာ အာဟာရပြည့်တာလေးတွေ ပါဝင်မှ ကျန်းမာမှာ ပါ။ နေ­့စဉ် စားသောက်တဲ့ အစားအသောက်တွေကလည်း ကိုယ်ရဲ့ကျန်းမာရေးအတွက် ကောင်းတာ၊ ဆိုးတာတွေ ဖြစ်စေနိုင်တာကို သတိပြုဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် လွယ်လွယ်ကူကူစားလို့ရတဲ့ အသင့်စား အစားအစာတွေ ဖြစ်တဲ့ ခေါက်ဆွဲ ခြောက်လိုဟာမျိုး ရယ်ဒီမိတ် အစားအစာတွေ ရှောင်သင့်ပါတယ်။ နေ့စဉ် ကိုယ့်ရဲ့ ထမင်းဘူးထဲမှာ အသားငါး မျှတစွာ ပါဝင်ဖို့လိုသလို၊ အသီးအရွက်လည်း စားပေးသင့်ပါတယ်။

ဟင်းချိုသောက်ပါ

ပဲဟင်းချို၊ အသီးအရွက်ဟင်းချိုတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ထို့ကြောင့် နေ့စဉ် ဟင်းချို အရည်လေး တစ်ခွက်လောက်ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် သောက်သုံးသင့်ပါတယ်။

တစ်ရေးအိပ်တာ

ထမင်းစားပြီး တစ်ရေးအိပ်တာကလည်း ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ တစ်နေ့ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အိပ်သင့်ပါတယ်။

ကျန်းမာစွာနေထိုင် စားသောက်တာ

ခွန်အားဖြည့်အချိုရည်တွေ၊ ဖျော်ရည်တွေ သောက်သုံးတာကလည်း လုပ်ငန်းခွင်မှာ ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်း နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။

READ - ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

Source: opportunity journal

Read times
Rate this item
(1 Vote)