သင့်မျက်စိဟာ သင့်ရဲ့ လေဖြတ်နိုင်ဖြေ ရှိ၊ မရှိကို ပြောပြနိုင်မယ့် ပြတင်းပေါက် ဖြစ်တယ်လို့ သိရပါတယ်။
မြင်လွှာကို ပုံဖော်ကြည့်တာ လေဖြတ်နိုင်ခြေ ရှိ၊မရှိ သိရှိနိုင်ပါတယ်။ မြင်လွှာဟာ ဦးနှောက် အတွင်း သွေးကြောတွေရဲ့ အခြေအနေတွေကို ဖော်ပြနိုင် တာကြောင့်ပါ။ မြင်လွှာကို ပုံဖော်ကြည့်တာ (Retina Imaging) ဟာ ဈေးနှုန်း ချိုသာပြီး ခွဲစိတ်မှု မပြုလုပ်ရတဲ့ မြင်လွှာအတွင်း သွေးကြောတွေကို စစ်ဆေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
သုတေသီတွေက သွေးတိုးရောဂါရှိပြီး လေဖြတ်မခံရဖူးသူ၂၉၀၇ ယောက်ကို၁၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။
မြင်လွှာအတွင်း သွေးကြောတွေပျက်စီးတာဟာ သွေးတိုးရောဂါ ကြောင့် ဖြစ်တတ်ပြီး Hypertensive Retinopatyလို့ ခေါ်ပါတယ်။ လေ့လာမှု ပြုလုပ်စဉ်မှာလူနာ၁၄၆ ယောက်ဟာ သွေးခဲမှု ဖြစ်စဉ်ကြောင့်လေဖြတ်ဝေဒနာ ခံစားရပြီး ၁၅ ယောက်မှာမူ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ် ခံရတယ်လို့ သိရပါ တယ်။ Hypertensive Retinopaty အသင့်အတင့်ရှိသူတွေ မှာ လေဖြတ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာရှိ သူတွေမှာ ၁၃၇ ရာခိုင်နှုန်း ပိုမြင့်မား တယ်လို့ တွေ့ရှိခဲ့ ပါတယ်။
ဒီလိုလူမျိုးတွေမှာ သွေးဖိအားကို ဆေးဝါးနဲ့ ထိန်းချုပ်နိုင်ရင် တောင်မှ ဦးနှောက်တွင်းသွေးခဲမှုဖြစ်နိုင်ခြေဟာ Hypertensive Retinopaty အသင့်အတင့် ရှိသူတွေမှာ ၉၆ ရာခိုင်နှုန်း ပိုမြင့် မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၉၈ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိ ထား ပါတယ်။