Oxygen Concentrator
Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း (CT 5% )ဖြေလျှော့မည်
သွင်းကုန်ကြေညာလွှာတွင် CT Exemption Code ကို အသုံးပြုရမည် ဖြစ်ရာ ECMT - CT CT Exemption Code for COIVD-19 ဖြင့် ကင်းလွတ်ခွင့် တောင်းခံရမည် ဖြစ်သည်။
Oxygen Concentrator များ ရေကြောင်း၊ လေကြောင်းမှ တင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုမည်။
Liquid Oxygen
Liquid Oxygen အိုးများ တင်သွင်းမှုအတွက်လည်း ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း (CT 5% )ဖြေလျှော့မည်
သွင်းကုန်ကြေညာလွှာတွင် CT Exemption Code ကို အသုံးပြုရမည် ဖြစ်ရာ ECMT - CT CT Exemption Code for COIVD-19 ဖြင့် ကင်းလွတ်ခွင့် တောင်းခံရမည် ဖြစ်သည်။
Liquid Oxygen များအား နယ်စပ်မှ တင်သွင်းရာ၌ Liquid Oxygen များ ထည့်သွင်းတင်ဆောင်လာမည့် ယာဉ်များအနေဖြင့် Rigid Body ဖြင့် တင်သွင်းခြင်းဖြစ်ပါက အကောက်ခွန်၏ ယာယီတင်သွင်းမှုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်။
Oxygen Plant တည်ဆောက်မှု
လျှပ်စစ်ထောက်ခံချက် လိုအပ်မည်။
စက်မှုဇုန်အတွင်း တည်ဆောက်ပါက စက်မှုဇုန်ထောက်ခံချက် လိုအပ်မည်။
အခြားပစ္စည်းအမျိုးမျိုး
COVID-19 ရောဂါကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးများအား တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် FDA ဌာနမှ တစ်ကြိမ်တင်သွင်းခွင့် လျှောက်ထားရာတွင် သတ်မှတ်ထားသည့် အချက်ခုနစ်ချက် ပြည့်စုံစွာတင် ပြလျှောက်ထားရမည်။
COVID-19 ရောဂါကာကွယ်ဆေးသိုလှောင် ဖြန့်ဖြူးမည့်အစီအစဉ်ကိုလည်း တစ်ပါတည်း တင်ပြရမည်၊ တင်သွင်းမည့် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ Risk Communication Management Plan ကို ကြိုတင်ပူးတွဲတင်ပြရမည်
တစ်ခါသုံးပါးစပ်၊ နှာခေါင်းစည်း Mask နှင့်ပတ်သက်၍ Non Medical Use ဖြစ်ပါက FDA မလိုအပ်။