BNT(Pfizer-BioNtech)၏ ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကြား ကလေးအုပ်စုအား ချဲ့ထွင်ထိုးနှံပေးသင့်သည်ဟု
တရားဝင်အကြံပြုကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ ဤအုပ်စုသည် နိုဝင်ဘာ ၃ ရက်မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ကြောင်း သိရသည်။
ကိုဗစ်ဗိုင်းရပ်စ်၏အန္တရာယ်သည် ကလေးငယ်များအတွက် အလွန်မြင့်မားပြီး ဆုံးရှုံးမှုအန္တရာယ်အလွန်ကြီးမားကြောင်း၊အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေး ၂၈ သန်းအား ကာကွယ်ဆေးထိုးရန် အကြံပြုကြောင်း CDC ညွှန်ကြားရေးမှူး Rochelle Volensky က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေး ၈,၃၀၀ ကျော်သည် ကိုဗစ်ရောဂါဖြင့် ဆေးရုံတင်ခဲ့ရပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသည် အထူးကြပ်မတ်ကုသရန် လိုအပ်ကြောင်း AP သတင်းဌာနက ပြည်ထောင်စုအစိုးရထံမှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ဤအသက်အုပ်စုရှိ ကလေးငယ် ၉၄ ဦးထက်မနည်း ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း CDCက ထုတ်ပြန်ခဲ့သည်။
သမ္မတ ဂျိုးဇက်ဘိုင်ဒင်က CDC ၏ ဆုံးဖြတ်ချက်သည် ကပ်ရောဂါကို တုံ့ပြန်သည့် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ရက်အနည်းငယ်အတွင်း စတင်မည်ဖြစ်ပြီး လာမည့်သီတင်းပတ်တွင် အပြည့်အဝထိုးနှံပေးမည်ဖြစ်သည်။ မိဘများသည် ကလေးများကို ဆေးဆိုင်များ၊ ကလေးအထူးကုဆေးခန်းများ၊ ကျောင်းများနှင့် အခြားကာကွယ်ဆေးထိုးသည့်နေရာများသို့ ခေါ်ဆောင်ပြီး ကာကွယ်ဆေး ထိုးနှံနိုင်သည်။
Rochelle Volensky က ၎င်း၏ဆုံးဖြတ်ချက်ကို မကြေညာမီ နာရီအနည်းငယ်အလိုတွင် CDC အတိုင်ပင်ခံများသည် ဤအသက်အရွယ်အုပ်စုကလေးများအတွက် ကာကွယ်ဆေးထိုးရန် တွေ့ဆုံခဲ့ကြရာ အတိုင်ပင်ခံ အားလုံးတညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ အတိုင်ပင်ခံအများစုက ၎င်းတို့၏ သားမြေးများသည် ၎င်းအသက်အရွယ်အုပ်စုထဲတွင်ရှိပြီး ကာကွယ်ဆေးထိုးရန် အရေးတကြီး လိုအပ်ကြောင်း ဆိုကြသည်။
အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများသည် Pfizer ကာကွယ်ဆေး ၂ ကြိမ်ကို ၂၁ ရက်ခြားထိုးနှံရမည်ဖြစ်ပြီး၊ ပမာဏမှာ ၁၀ မိုက်ခရိုဂရမ် ဖြစ်ကာ ယင်းမှာ အသက် ၁၂ နှစ်အထက်လူများအတွက် ထိုးနှံပေးသော ဆေးပမာဏ၏ သုံးပုံတစ်ပုံဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအစိုးရသည် အမေရိကန်ရှိ ဤအသက်အရွယ်အုပ်စု ၂၈ သန်းအတွက် ကိုဗစ်ကာကွယ်ဆေးအလုံအလောက်ရှိကြောင်း၊ဆေးဝါးကုမ္ပဏီများနှင့် ဖြန့်ဖြူးရေးစင်တာများရှိ လုပ်သားများသည် ဆေးပမာဏ ၁၅ သန်းကို စတင်ထုပ်ပိုးနေကြပြီး နောက်ဆက်တွဲအနေဖြင့် ကာကွယ်ဆေးများကို ပိုမိုထုပ်ပိုး၊ပို့ဆောင်ကာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကိုဗစ်ရောဂါညှိနှိုင်းရေးမှူးJeff Zintz က နိုဝင်ဘာ ၁ ရက်တွင်ပြုလုပ်သောကပ်ရောဂါအကျဉ်းချုပ် ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။
ရာသီဥတု ပိုအေးလာသည်နှင့်အမျှ လူအများစုက အိမ်ထဲတွင်နေချိန်ကြာလာကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်ချေ ပိုများကြောင်း၊ကလေးများအား ကာကွယ်ဆေးထိုးခြင်းသည် ကပ်ရောဂါဖြစ်ပွားမှုကို ဟန့်တားရာတွင် အထောက်အကူဖြစ်စေမည်ဟု အိမ်ဖြူတော်က မျှော်လင့်သည်။
Pfizer နှင့် German BioNTech SE ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးကို အသက်၅ နှစ်မှ ၁၁ နှစ်အရွယ်ကြား ကလေးများအား အရေးပေါ်အသုံးပြုရန် စားနပ်ရိက္ခာနှင့် ဆေးဝါးကွပ်ကဲ
ရေးဌာနက အောက်တိုဘာ ၂၉ တွင်အတည်ပြုခဲ့သည်။ လေ့လာမှုများအရ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား အရွယ် လူအုပ်စုအတွက် Pfizerကာကွယ်ဆေး၏ ထိရောက်မှုနှုန်းမှာ ၉၀.၇ရာခိုင်နှုန်းရှိပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိကြောင်း ဆေးဝါးကွပ်ကဲရေးဌာနမှ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသား သန်း၁၀၀ ကျော်သည် Pfizerကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့ရာ အသက် ၁၂ နှစ်မှ ၁၅နှစ်အရွယ် ကလေး ၇ သန်းကျော် ပါဝင်
ကြောင်း AP၏ ဖော်ပြချက်အရ သိရသည်။
(Xinhua)