ခါးနာခြင်းအမျိုးမျိုးရှိ
ခါးနာခြင်းသည် အမျိုးမျိုးရှိပြီး ထိခိုက်ဒဏ်ရာကြောင့် ခါးနာခြင်း၊ ခါးရိုးဆစ် တီဘီရောဂါ ကြောင့် ခါးနာခြင်း၊ အထိုင်များသော အလုပ်များကို နေ့စဉ် လုပ်ဆောင်နေပြီး
ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်မှု နည်းပါးခြင်းကြောင့် ခါးနာခြင်း စသည့် အကြောင်း အမျိုးမျိုးတို့ကြောင့် ခါးနာခြင်းကို ခံစားရနိုင်ပါသည်။
ဘယ်လိုနေထိုင်မှုပုံစံတွေက ခါးနာစေနိုင်သလဲ
လူအများစုသည် ထိုင်ရာတွင် ခါးကို တည့်မတ်သည့်ပုံစံဖြင့် ထိုင်ခြင်းမရှိဘဲ ဆိုဖာ ကဲ့သို့ သော ထိုင်ခုံများပေါ်တွင် အချိန်ကြာကြာ ထိုင်မိနေခြင်းကို ပိုမိုဂရိုစိုက်သင့်ပြီး ခါးဆစ်ရိုး အနေအထားကို တည့်မတ်ခြင်း မရှိသည့် ထိုင်ခုံများတွင် ကြာကြာထိုင်ပါက ခါးနာခြင်းကို ဖြစ်စေနိုင်ပါသည်။
ဘာတွေ ရှောင်ကြဉ်သင့်သလဲ
ခါးနာခြင်းဝေဒနာ မဖြစ်ပေါ်စေရန်အတွက် မနိုင်သော အလေးအပင်ပစ္စည်းများကို ကုန်း၍ မယူခြင်း၊ ထမ်းခြင်းများ၊ အထိုင်များပြီး လမ်းလျှောက်မှု နည်းခြင်းများ၊ အိစက်ပျော့ ပျောင်းသော အိပ်ရာပေါ်တွင် အချိန်ကြာရှည်စွာ အအိပ်ပျော်များခြင်း၊ ညောင်းညာခြင်း တို့ကြောင့် ခါးရိုးပေါ်တွင် အနှိပ်ခံတတ်သူများ စသည်တို့ကို အထူးသတိထား ရှောင်ရှား သင့် ကြောင်းနှင့် အဆစ်များ မရောင်ဘဲနှင့်ဖြစ်သော ခါးနာခြင်းသည် နေထိုင်မှုပုံစံ ပုံမှန် မဟုတ်ခြင်းကြောင့် ခါးနာခြင်းဖြစ်သည်။
လူငယ်များတွင် အဖြစ်များတတ်သော ခါးနာခြင်း
ခါးရိုးများရောင်ခြင်းကြောင့် ခါးနာခြင်းကို လူငယ်များတွင် ပိုမိုအဖြစ်များသည်ကို တွေ့ရ ကြောင်း၊ အဆစ်ရောင်ခါးနာဟု ခေါ်ဆိုနိုင်သည်။
ခါးဆစ်ရောင်လေးဖက်နာ လက္ခဏာ
ခါးရိုးရောင်သူသည် မတ်တတ်ရပ်ပြီး လက်ဖျားနှင့် ကြမ်းပြင်ကို ထိစေရန် ခန္ဓာကိုယ်ကို ကိုင်းကြည့်ပါက လက်ဖျားနှင့် ကြမ်းပြင်မထိတော့ဘဲ ကျောရိုးကြီး တောင့်နေသည် ဆိုပါက ခါးဆစ်ရောင်လေးဖက်ဟု ယူဆ၍ ရသည်။
ပိုသေချာစေရန်အတွက် ခါးဆစ်ရိုးကို ဓာတ်မှန်ရိုက်ကြည့်လိုက်ပါက တင်ပါးချိုင့်ရိုး အဆစ်သည် ရောင်နေခြင်းကို တွေ့ရှိပါက အဆစ်ရောင်ခါးနာရောဂါဖြစ်သည်။
ထိုရောဂါကို ကုသရာတွင် လေးဖက်နာရောဂါတွင် သုံးသော ခုခံဓာတ်ကို ထိန်းဆေး များကို သောက်ရကြောင်း သိရသည်။
လူလတ်ပိုင်းတွင် ပိုအဖြစ်များသော ခါးနာခြင်း
ယင်းသို့သော အဆစ်များ ရောင်နေသည့် ခါးနာလူနာများကို လေ့ကျင့်ခန်းဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး အဆိုပါဌာနမှ ခါးကြောများ သန်စေရန်အတွက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ခါးနာရောဂါသည် သက်သာ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဖြစ်ပွားခြင်းသည် လူလတ်ပိုင်းတို့တွင် ပိုအဖြစ်များကြောင်းသိရသည်။
READ - ခါးနာ ပျောက်နည်းဆေးမြီးတို
Source: democracy today