What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 January 2022 09:57

မျည်ရည်ဘာကြောင့်ကျရတယ်???

မျည်ရည်ဘာကြောင့်ကျရတယ်???

မျက်ရည်များကို လက်ခ်ရီမာဂလင်း (Lacrima Gland) မှ ထုတ်ပေးသည်။ လက်ခ်ရီမာသည် လက်တင်ဝေါဟာရအရ မျက်ရည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းဂလင်းသည် မျက်ခုံးအောက်ဘက်တွင်ရှိသည့် မျက်လုံး၏ အပေါ်တွင် တည်ရှိသည်။ လူသားတို့၏ မျက်ရည်များမှ ဘေဆယ်မျက်ရည် (Basal Tears)၊ တုံ့ပြန်မျက်ရည် (Reflex Tears) နှင့် စိတ်ခံစားမှုကြောင့်ကျရသည့်မျက်ရည် (Emotional Tears) ဟု ပုံစံသုံးမျိုးဖြင့် တွေ့မြင်နိုင်သည်။

 

** ဘေဆယ်မျက်ရသည် မျက်လုံးကို အဆီဓာတ်ဖြည့်ပေးသည်။
** တုံ့ပြန်မျက်ရသည်သည် ပြင်ပမှ မီးခိုးများ၊ ဖုန်မှုန့်များ မျက်လုံးအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ယားယံကျိန်းစပ်ခြင်းခံစားရကာ ထွက်လာသည့် မျက်ရည်ဖြစ်သည်။
** စိတ်ခံစားမှုကြောင့်ကျသည့်မျက်ရည်သည် ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် တွေ့ကြုံရသည့်အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်စရာများကြောင့် အပျော်လွန်သည့်အခါဖြစ်စေ စီးကျလာသည့် မျက်ရည်ဖြစ်သည်။

 

မျက်ရည်အားလုံးတွင် အဆီရောယှက်နေသောဆားရည်၊ ရောဂါကိုကာကွယ်ပေးသည့် ပဋိပစ္စည်းနှင့် အင်ဇိုင်းများ ပါဝင်သည်။

သို့ရာတွင် မျက်ရည်အမျိုးအစားကိုလိုက်၍ ပါဝင်သည့် မော်လီကျူးများ မတူညီကြပါ။ ဥပမာအားဖြင့် စိတ်ခံစားမှုကြောင့် ကျဆင်းသည့် မျက်ရည်တွင် ပရိုတင်းကိုအခြေခံသည့် ဟောမုန်းဖြစ်သည့် လီယူဆင်း-အန်ကက်ဖာလင် (Leucine-Enkephalin) ပါဝင်သည်။ ၎င်းသည် ခန္ဓာကိုယ်စိတ်ဖိစီးမှု ခံစားရသည့်အခါ သဘာဝအလျာက်ထုတ်လွှတ်ပေးပြီး ခံစားရသည့် နာကျင်မှုကို သက်သာစေသည့် အရည်ဖြစ်သည်။


ကြက်သွန်လှီးဖြတ်သည့်အခါ မျက်ရည်ကျခြင်း
ကြက်သွန်နီကိုလှီးဖြတ်စဉ် မျက်ရည်ကျရခြင်းမှာ ကြက်သွန်နီမှထွက်သည့် လက်ချရီမေသိုရီဖက်တာဆင်းသေးစ် (Lachrymatory Factor Synthase) ဒြပ်ပေါင်းကြောင့်ဖြစ်သည်။ ကြက်သွန်နီကို မလှီးဖြတ်မီ ရေခဲသေတ္တာထဲတွင် အအေးခံထားခြင်း၊ ဓားထက်ထက်ကိုအသုံးပြုခြင်းအားဖြင့် အဆိုပါဒြပ်ပေါင်းထွက်ရှိမှုကို လျော့နည်းစေနိုင်သည်။


မျက်ရည်ဘယ်ကစ ဖြစ်ပေါ်လာသလဲ
ရာစုများစွာက မျက်ရည်သည် လူသားများ၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသည်ဟု ထင်ကြသည်။ ရှေးကျသည့် လေ့လာမှုများအရ စိတ်နှလုံးသား ပျော့ညံ့မှုကြောင့် မျက်ရည်များ ထွက်ကျသည်ဟု ဆိုထားသည်။ အလယ်ခေတ်တွင် ယောကျ်ားများ ငိုကြွေးကြသည်ကို အပြစ်မမြင်ဘဲ ကောင်းသည်ဟု လက်သင့်ခံကြသည်။ အင်ဂလိုဆေမွန် (Anglo Saxmon) ကဗျာတွင် ဘီအော်ဖ် (Beowulf) ကို နဂါးက သတ်လိုက်သောကြောင့် ဘီအော်ဖ်၏ နောက်လိုက်စစ်သည်များသည် ၎င်းတို့၏ အရှင်သခင် ကွယ်လွန်ခြင်းအတွက် ဖြေသိမ့်မရအောင်ဖြစ်ပြီး ဝမ်းနည်းပက်လက် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးခဲ့ကြသည်။ ဘုရင်အာသာ (Arthur) ကိုလည်း ငိုယိုတတ်သူအဖြစ် လူသိများသည်။

 

ငိုယိုခြင်းက ကောင်းသည်ဟုဆိုသော်လည်း
ငိုယိုခြင်းသည် သင့်အတွက်ကောင်းသည်ဟု ဆိုနိုင်သည်။အချို့သောလေ့လာတွေ့ရှိမှုများမှ ဖော်ပြထားသည်မှာ ငိုယိုသည့်အခါတွင် အောက်စီတိုဆင် (Oxytocin) နှင့် အင်ဒေါ်ဖင်စ် (Indorphins) ဒြပ်ပေါင်းများ ထွက်ရှိစေသည့်အတွက် စိတ်သက်သာရာရစေသည်ဟု ဖော်ပြထားသည်။ အခြားသော လေ့လာတွေ့ရှိမှုတစ်ခုမှာ ယေဘုယျအားဖြင့် အငိုလွယ်သူများ၊ ထစ်ခနဲဆိုငိုယိုတတ်သူများသည် ရုပ်ရှင်ကြည့်နေစဉ်အတောအတြင်း အငိုမလွယ်သူများထက် ပိုမို၍ ငိုယိုကြပြီးနောက် ဆိုးဆိုးဝါးဝါး ခံစားကြသည်ကို တွေ့ရှိရသည်။

 

ငိုယိုသည့်အခါတိုင်း အဘယ်ကြောင့် နှာရည်ကျရသနည်း။
ငိုယိုသည့်အခါတိုင်း နှာရည်ကျသည်မှာ အံ့သြစရာကောင်းသည်။ မျက်ရည်ဂလင်း (Lacrimal Gland) မှ အလျှံပယ်ထုတ်လွှတ်လိုက်သည့် မျက်ရည်များသည် မျက်ရည်ပြွန်ထဲသို့ စီးဝင်ကာ ထိုမှတဆင့် နှာခေါင်းပေါက်ထဲသို့စီးဝင်ပြီး နှာခေါင်းအတွင်းရှိ အချွဲနှင့်ရောယှက်ကာ နှာရည်အဖြစ် ထွက်ကျလာရခြင်းဖြစ်သည်။

 

မျက်ရည်ယိုဓာတ်ငွေ့
1980 ပြည့်နှစ်ကျော်ခန့်တွင် အီရတ်တို့သည် မျက်ရည်ယိုဓာတ်ငွေ့များကို ဓာတုလက်နက်အဖြစ် အသုံးပြုလာခဲ့ကြသည်။ 1993 ခုနှစ်တွင် ဓာတ်ုလက်နက်ညီလာခံက စစ်မြေပြင်တွင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးမပြုရန် တားမြစ်ခဲ့သည်။

 

အသက်အရွယ်အရ မျက်ရည်ထုတ်လွှတ်မှုလျော့နည်လာခြင်း
ကျွနုပ်တို့အသက်အရွယ်ရလာသည်နှင့်အမျှ ဘေဆယ်မျက်ရည် (Basal Tears) ထုတ်လွှတ်မှုနှေးကွေးလာသည့်အတွက် မျက်စိခြောက်သွေ့သည့်ရောဂါ ရရှိလာကြသည်။ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်စဉ်ကာလ (သို့) သွေးဆုံးချိန်တို့တွင် ဟော်မုန်းအပြောင်းအလဲကြောင့် ခံနီုင်ရည်နည်းသည့်အတွက် မျက်စိခြောက်သွေ့ရောဂါ ရတတ်ကြသည်။ မျက်ရည်တုမျက်စဉ်း (Lubricating OTC Eye Drops) ခတ်ပေးခြင်းဖြင့်လည်းကောင်း၊ မျက်စိပေါ်သည့် ပူနွေးသောတို့ပတ်ဖြင့် ဖိသိပ်ပေးခြင်းဖြင့်လည်းကောင်း သက်သာစေနိုင်သည်။

 

မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းက မျက်စိကို ထိခိုက်နိုင်ပါသလား။
မိဘတိုင်းလိုလို ၎င်းတို့၏သားသမီးများ မီးအုပ်ဆောင်းအလင်းရောင်အောက်တွင် စာဖတ်သည်ကိုတွေ့သည့်အခါတိုင်း မျက်စိထိခိုက်ပျက်စီးမည်ဟု ဆူပူလေ့ရှိကြသည်။မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းကြောင့် မျက်စိပျက်စီးရသည် (သို့) မျက်စိမှုန်ရသည်ဆိုသည့် အထောက်အထားများ မရှိပါ သို့သော် အလင်းရောင်မှန်မှိန် မီးအုပ်ဆေငာ်းအောက်တွင် စာဖတ်ခြင်းသည် အလင်းရောင်အားနည်းသည့်အတွက်ကြောင့် ခဲယဉ်းစွာအာရုံစူးသိုက်ရခြင်းကြောင့် မျက်စိထိခိုက်ပျက်စီးစေနိုင်သည်ဆိုသည့် အကြောင်းရင်းခံ ဖြစ်နိုင်ပေသည်။


မီးအလင်းအရောင်မှိန်မှိန်တွင် စူးစူးစိုက်စိုက်စာဖတ်ရခြင်းကြောင့် မျက်တောင်ခတ်မှု အကြိမ်အရေအတွက် လျော့နည်းစေသည့်အတွက် မျက်စိခြောက်သွေ့ခြင်းရောဂ် ရစေသဖြင့် အများလက်ခံယုံကြည်ထားသည့်အတိုင်း မျက်စိပျက်စီးစေသည်ဆိုသည့်အချက်တွင် ပါဝင်သော်လည်း အစဉ်အမြဲ မျက်စိကျိန်းစပ်ခြင်း၊ မျက်စိကိုက်ခဲခြင်းများ ခံစားနေရသည်ဆိုသည့် သက်သေအထောက်အထားများမရှိပါ။ ထိန်လင်းသောမီးအလင်းရောင်အောက်တွင် စာဖတ်ခြင်းသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းရှိသော်လည်း မျက်စိကျန်းမာရေးကို ကာကွယ်ရန်အတွက် ပဓာနမကျပါ။

 

Original Writer - (မိုမိုကို - သုတဗဒသော - စက်တင်ဘာ - 2021)
Ref: Eye Opening Facts About Tears (By Jen McCaffery, R.D, May, 2021)

Read times
Rate this item
(0 votes)