What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 June 2022 16:24

နှလုံး ကျန်းမာရေးအတွက် လိုက်နာရန် ထိပ်တန်း အကြံပြုချက် ၁၀ ချက်

နှလုံး ကျန်းမာရေးအတွက် လိုက်နာရန် ထိပ်တန်း အကြံပြုချက် ၁၀ ချက် google.com

နှလုံး ကျန်းမာရေးအတွက် လိုက်နာရန် သင့်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဆေးလိပ်ဖြတ်ပါ။

- သင်သည် ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါက သင့်နှလုံး ကျန်းမာရေးအတွက် သင်လုပ်နိုင်သော အကောင်းဆုံးအချက်ဖြစ်ပါသည်။

- ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောကျဉ်းရခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။ တစ်နှစ်ခန့် ဆေးလိပ်ဖြတ်ပြီးနောက် ရုတ်တရက် နှလုံးရပ်တန့်မှု အန္တရာယ်သည် ဆေးလိပ်သောက်သူ တစ်ယောက်ထက် ထက်ဝက်ခန့် လျော့ကျသွားနိုင်ပေသည်။

၂. တက်ကြွစွာနေပါ။

- တက်ကြွစွာ လှုပ်ရှားနေထိုင်ခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ချနိုင်ပြီး စိတ်ကို အားပေးရာရောက်သကဲ့သို့ စိတ်ဖိစီးမှုများကို ပျောက်စေနိုင်သည်။

- တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် သင့်တင့်သော အေရိုးဗစ် လေ့ကျင့်ခန်းများ လုပ်ပေးပါ။

၃. ကိုယ်အလေးချိန်ကို ထိန်းပါ။

- အဝလွန်ခြင်းက နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်ကို မြင့်စေပါသည်။ အဆီနှင့်သကြား နည်းသော အသီးအရွက်များစွာပါသော အစားအသောက်ပုံစံနှင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းကို လက်ခံကျင့်သုံးပါ။

၄. အမျှင်ဓာတ် များများစားပါ။

- နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ချရန် အမျှင်ဓာတ် များစွာ စားပေးပါ။ တစ်ရက်လျှင် အနည်းဆုံး ၃၀ ဂရမ်ခန့် စားပါ။ ဂျုံပေါင်မုန့်၊ အုတ် ဂျုံပေါင်မုန့်၊ ကောက်ပဲသီးနှံများ၊ အခွံပါ စားနိုင်သော အာလူးများနှင့် အသီးအရွက်များကို စားပေးပါ။

၅. ပြည့်ဝဆီ စားသုံးခြင်းကို လျော့ချပါ။

- ပြည့်ဝဆီများသော အစားများ စားခြင်းဟာ သွေးတွင်း ကိုလက်စရော ပမာဏကို တက်လာစေနိုင်ပါသည်။ ထို့ကြောင့် အဆီနည်းသော အသားများနှင့် အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများကို ရွေးချယ် စားသုံးပါ။

၆. အသီးအရွက်များကို တစ်ရက်ငါးကြိမ်စားရန် အကျင့်လုပ်ပါ။

- အသီးအရွက်များဟာ အမျှင်ဓာတ်၊ ဗိုက်တာမင်နှင့်သတ္ထုဓာတ်များအတွက် ကောင်းသော အရင်းအမြစ် တစ်ခုဖြစ်ပါသည်။

၇. ဆား စားသုံးခြင်းကို လျော့ချပါ။

- သွေးပေါင်ချိန်ကို ထိန်းသိမ်းရန် ဟင်းချက်ရာတွင် ဆားအသုံးပြုခြင်းကို လျော့ချပါ။ အသင့်စား အစားအသောက်များတွင် ပါဝင်သော ဆားပမာဏ မြင့်မားမှုကို သတိထားပါ။

၈. ငါး စားသုံးပါ။

ငါးများ (ငါးသေတ္တာ၊ တူနာငါး၊ ဆော်လမွန်ငါး) ဟာ အိုမီဂါ သရီး (omega-3) ပါဝင်သောကြောင့်

နှလုံးရောဂါ ဖြစ်ပွားမှုများကို ကာကွယ်နိုင်ပါသည်။

- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် အဆီများသော ငါးများကို တစ်ပတ် ၂ ကြိမ် ထက် ပိုမစားသင့်ပေ။

၉. အရက်လျော့သောက်ပါ။

- သတ်မှတ်ထားသော အရက်ပမာဏထက် ပိုမိုသောက်သုံးပါက ခါးတုတ်ခြင်း သိသာလာပြီး နှလုံးကျန်းမာရေး အပါအဝင် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ချနိုင်ရန် နေ့စဉ် သတ်မှတ်ထားသော အရက်ပမဏကိုသာ သောက်သုံးရန်ပါ။

၁၀. အစားအစာများ၏ အညွှန်းများကိုဖတ်ပါ။

- ဈေးဝယ်ထွက်သောအခါ အစားအသောက်များ၏ ကယ်လိုရီပမာဏ ပါဝင်သော အဆီ၊ ဆားနှင့် သကြားပမာဏ တို့ကို သိရှိရန် ထုပ်ပိုးမှုများပေါ်တွင် ရေးထားသော အညွှန်းများကို ဖတ်ရှုပြီး ဝယ်ပါ။

Read times
Rate this item
(0 votes)