What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 July 2022 13:15

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ AMITA Health

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ

နံနက်စာမစားခြင်း

နံနက်စာ စားခြင်းဟာ အလုပ်ခွင်နဲ့ စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာ မစားခြင်းဟာ သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

အစာစားပြီး ရေများများသောက်ခြင်း

အစာစားပြီးခါစမှာ ရေအဝသောက်ရင် အစာခြေဖျက်မှုကို အနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေသောက်မည့် အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ သောက်ပါ။

My_yangon1.jpg

အစားအလွန်အကျွံစားတတ်မှု

အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေတတ်ပြီး အစာခြေ လုပ်ငန်းကို အကျိုးယုတ်စေပါတယ်။

လက်ဖက်ရည် ခါးခါးသောက်တတ်ခြင်း

အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက် အိပ်မပျော်မှုကို ဖြစ်စေပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ ဇီဝဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး သောက်သုံးသူကို အသက်အရွယ် အိုမင်းရင့်ရော်စေပါတယ်။

အလွန်အကျွံအိပ်ခြင်း

အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အချိန်ကြာမြင့်စွာ သွားတိုက်တတ်ခြင်း

အစာစားပြီးတိုင်း သွားတိုက်ခြင်းသည် ခံတွင်းနဲ့သွားရောဂါ ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပြီး သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။

မျက်နှာခဏခဏ သစ်တတ်ခြင်း

မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပြီး ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။

လမ်းလျှောက်လွန်းခြင်း

လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။

ဒေါက်မြင့်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးခြင်းသည် အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပြီး ခြေထောက် ၊ ခြေမျက်စိ ၊ ဒူး ၊ ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံံစားရတတ်ပါတယ်။

#Myanmar Health Products Guide

My_yangon.jpg

Read times Last modified on Friday, 15 July 2022 11:32
Rate this item
(0 votes)