What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 November 2022 14:25

လမ်းလျှောက်ခြင်းဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်သည်

တစ်ခါတလေမှာ စိတ်ညစ်မှုတွေ၊ စိတ်အလိုမကျမှုတွေ ကြုံဖူးမှာပါ။ အဲ့ဒီအချိန်မှာ မရည်ရွယ်ပါဘဲ ခဏလောက်ဖြစ်ဖြစ်လမ်းထလျှောက်မိတတ်ကြပါတယ်။

 

အဲ့ဒီလို လမ်းလျှောက်လိုက်ချိန်မှာ မိမိတို့မှာဖြစ်ပေါ်နေတဲ့ စိတ်ညစ်မှုတွေ၊ စိတ်အလိုမကျမှုတွေ သက်သာပျောက်ကင်းသွားပြီး တစ်ခါတစ်ရံမှာ အကြံဉာဏ်ကောင်းတွေ ထွက်လာတာကို လက်တွေ့ ကြုံဖူးကြမှာပါ။ ပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင်လည်း လမ်းလျှောက်ခြင်းဟာ စိတ်ကိုကြည်လင်

လန်းဆန်းစေတယ်လို့ တွေ့ရှိထားပါတယ်။ တစ်ကိုယ်တည်းလမ်းလျှောက်ခြင်းထက် စိတ်တူကိုယ်တူရှိတဲ့အဖော်တစ်ဦးဦးနဲ့ လမ်းလျှောက်ခြင်းဟာ ပိုပြီးတော့တောင် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ပုံမှန်လမ်းလျှောက်ခြင်းဟာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကိုလည်း ကျဆင်းစေတယ်လို့ဆိုပါတယ်။

လမ်းလျှောက်ခြင်းဟာ ငွေကုန်ကျခြင်းလည်း မရှိပါဘူး။ ကိုယ့်ရဲ့တစ်နေ့တာ အချိန်၂၄နာရီထဲကမှ မိနစ်၃၀လောက်သာ ဖဲ့ပေးလိုက်ရုံနဲ့ ပြန်ရလာမယ့် အကျိုးကျေးဇူးတွေက မနည်းလှပါဘူး။ ကိုယ်ကျန်းမာရင် စိတ်ချမ်းသာတယ်လို့ပြောစမှတ်ရှိသလိုမျိုး စိတ်လည်းချမ်းသာစေ၊ ကိုယ်လည်းကျန်းမာစေဖို့ နေ့စဉ်

ဘဝမှာ မိနစ် ၃၀ကြာ လမ်းလျှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

 

 

Ref; ရတနာပုံ

Read times
Rate this item
(0 votes)