What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 January 2018 11:48

စပျစ်သီး၏ ကောင်းကျိုးများ

စပျစ်သီး၏ ကောင်းကျိုးများ google.com

စပျစ်သီးသည် သေးငယ်သည့် အသီးလေးများဖြင့် အသီးအတွင်းက အစေ့ငယ်သေးသေးလေးများပါရှိနေပြီး ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်သည့် အသီးတစ်မျိုးဖြစ်သည်။

စပျစ်သီးတွင် အမျိုးအမည်စုံလင်လှသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ၊ များစွာပါဝင်နေသည်။ ဝိုင်ပြုလုပ်သည့် အခါ၌လည်း အသုံးဝင်သေးသည်။

အသီးသီးသည့်အခါ အနည်းဆုံး ၁၅ ခိုင်မှ အများဆုံး အခိုင် ၃၀၀ အထိ သီးလေ့ရှိပြီး အရောင်အသွေးအနေဖြင့် ၇ မျိုးထိရှိသည့် အသီးတစ်မျိုးဖြစ်သည်။

စပျစ်သီး၏အစေ့ကလည်း ကျန်းမာရေးအတွက် အသုံးဝင်သဖြင့် စပျစ်သီးစားသည့်အခါ အစေ့ကိုလွှင့်မပစ်ဘဲ အစေ့ပါစားပေးသင့်သည်။

စပျစ်သီး စားသုံးပေးခြင်းဖြင့်-----

၁။ Antioxidants ကြွယ်ဝခြင်း

စပျစ်သီးတွင် Antioxidants ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ စပျစ်သီးအစေ့တွင် ပိုမိုပါဝင်ပြီး အ သားအရေအတွက် အများကြီးအသုံးဝင်ပါတယ်။

ခန္ဓာကိုယ်အတွင်းက ဆဲလ်များပျက်ဆီးစေမှုကို လျော့ပါးစေပြီး ကင်ဆာအမျိုးအစားအချို့နှင့် နှလုံး ကျန်းမာရေးအတွက် စပျစ်သီးကို စားသုံးခြင်းဖြင့် ကာကွုယ်ပေးနိုင်သည့်အပြင် သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်

၂။ အသားအရေပျက်စီးမှုကို ကာကွယ်ပေးခြင်း

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စစ်တမ်းတစ်ခုအရ စပျစ်သီးသည် ဝက်ခြံဖြစ်စေတတ်သည့ှ်ဘတ် တီးရီးယားများကို ခုခံပေးနိုင်ပြီး အခြားသောအရေပြားပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

၃။ မျက်စိအားကောင်းစေခြင်း

မျက်စိအတွက် အထောက်အကူပြုသည့် အစားအသောက်များထဲတွင် စပျစ်သီးလည်းပါဝင်သည်။ Photoreceptors ဟုခေါ်သည့် အလင်းကို ပြန်လည်တုံပြန်သည့်ဆဲလ်များကို အားကောင်းစေပြီး မျက်စိရောင် ရမ်းမှုကို လျော့ကျစေခြင်းကြောင့် မျက်စိကျန်းမာရေးအတွက်လည်း စပျစ်သီးက ကောင်းမွန်ကြောင်း ဆေးသု တေသီများက မှတ်ချက်ပြုထားသည်။

၎။ ဦးနှောက်စွမ်းရည် တိုးတတ်လာစေခြင်း

စပျစ်သီးစားသုံးခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်လာစေသည်။ ဦးနှောက်က ပေါ်လာသည့် အကြောင်းအရာကို တုံ့ပြန်မှုက ပိုမိုမြန်ဆန်လာစေပြီး အယ်ဇိုင်းမားရောဂါကဲ သို့သော ဦးနှောက်နှင့်ပတ်သတ်သည့် ရောဂါများကို လျှော့ချပေးနိုင်ကြောင်း ဆွစ်ဇာလန်တက္ကသိုလ်တစ်ခုက ပြောကြားခဲ့သည်။ ထို့အပြင် ဦးနှောက်အတွင်းမှ မကောင်းသောဓာတ်များကို ဖယ်ရှားပေးနိုင်စွမ်းလည်းရှိသည်။

၅။ ဒူးအတွက် သင့်တော်ခြင်း

တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတက္ကသိုလ်တစ်ခု၏ လေ့လာချက်အရ စပျစ်သီးနေ့စဉ်စားသုံးခြင်း ကြောင့် ဒူးမှနာကျင်မှုဒဏ်ခံစားရခြင်း ကိုသက်သာစေကြောင်းသိရသည်။

သွက်လပ်ပေါ့ပါးစေပြီး မြန်မြန်ဆန်ဆန်ပေါ့ပေါ့ပါးပါး သွားလာနိုင်ရန်အတွက်လည်းစပျစ်သီးက အားဖြည့်ပေးကြောင်း လေ့လာမှုအရသိရသည်။

၆။ ခန္ဓာကိုယ်ရောင်ရမ်းမှုမှ သက်သာစေခြင်း

အစာခြေဖျက်မှုအတွက် လိုအပ်သည့် အင်ဇိုင်းဓာတ်ပါဝင်သဖြင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်ပွားခြင်းကို ဆန့်ကျင်ပေးသည်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး အခြားသော ခန္ဓာကိုယ်အတွင်းဖြစ်စဉ် အချို့ကို လည်း ပြန်လည်ပြုပြင်ပေးသည်။

 Source: ondoctor         

Read times
Rate this item
(0 votes)