What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 January 2018 15:58

အမိ်ဳးသမီးမ်ား က်န္းမာေရးကိုထိခိုက္ေစနိုင္တဲ့ ဘရာ (Bra) ဝတ္ဆင္ျခင္း

အမိ်ဳးသမီးမ်ား က်န္းမာေရးကိုထိခိုက္ေစနိုင္တဲ့ ဘရာ (Bra) ဝတ္ဆင္ျခင္း google.com

အမ်ိဳးသမီးအမ်ားစုဟာ ဘရာဝတ္ရတာကို ၾကိဳက္နွစ္သက္ျပီး ဘရာဝတ္ျခင္းက ရင္သားအလွအတြက္ ေကာင္းမြန္တယ္လို႔ အထင္မွားတတ္ၾကပါတယ္ ။

ဘရာဝတ္ဆင္ျခင္းက ရင္သားအလွအတြက္ေရာ က်န္းမာေရးအတြက္ပါ ဆိုးက်ိဳးမ်ားစြာ ရွိတဲ့ ကိစၥတစ္ခု ျဖစ္ပါတယ္ ။ ဘရာကို လံုးဝ မဝတ္သင့္ေတာ့တဲ့ အေၾကာင္းအရင္းေတြကေတာ့..

၁။ ဘရာဝတ္ျခင္းက ရင္သားတြဲက်မႈ ပိုမိုျဖစ္နိုင္ပါတယ္ ။ ရင္သားမွာရွိေနတဲ့ အရြတ္ေတြက သဘာဝအတိုင္း ရင္သားတြဲမက်ေအာင္ ထိန္းသိမ္းပင့္တင္ေပးပါတယ္ ။ သို႔ေသာ္ ဘရာဝတ္ျခင္းေၾကာင့္ အရြတ္ေတြ ေသးလာျပီး အားနည္းကာ ရင္သားထိန္းသိမ္းမႈမွာ အားနည္းသြားပါတယ္ ။ ဘရာက ဝတ္ထားတဲ့အခ်ိန္တစ္ခုသာ ရင္သားကို မတြဲေအာင္ လုပ္ေပးတာပါ။

၂။ဘရာမဝတ္ျခင္းက ရင္သားနွင့္ ရင္သားထိပ္ (နို႔သီးေခါင္း) ကို ပိုျပီး တင္းရင္းေစပါတယ္ ။

၃။မၾကာခဏ ေခါင္းမူး၊ ေခါင္းကိုက္ ၊ေက်ာနာတတ္ပါသလား ။ ဒါဟာ ဘရာ ေၾကာင့္ ျဖစ္နိုင္ပါတယ္။ တင္းက်ပ္တဲ့ ဘရာ ဝတ္ဆင္ျခင္းေၾကာင့္ ေခါင္းမူးေခါင္းကိုက္ျခင္းနွင့္ ေနာက္ေက်ာနာက်င္ျခင္းတို႔ ျဖစ္ေစနိုင္ပါတယ္ ။ဘရာမဝတ္ဘဲ ေနၾကည့္ပါ ၊ ဒီလိုျဖစ္တာေတြ သိသိသာသာ ေလ်ာ့က် သက္သာသြားပါလိမ့္မယ္ ။

၄။ ဘရာမဝတ္ျခင္းက အသက္ရႈလို႔လည္း ပိုျပီး ေကာင္းမြန္ လြယ္ကူေစပါတယ္ ။

၅။ ဘရာဝတ္ဆင္ျခင္းေၾကာင့္ အေရျပားေပၚမွာ စြဲထင္တတ္တဲ့ အေၾကာင္း ၊ အစင္းအရာေတြမွလည္း ကင္းေဝးေစပါတယ္။

၆။ fitting က်ေနေသာ ဘရာ ဝတ္ဆင္တဲ့အခါ ရင္သားတဝိုက္အေရျပားမွာ အစိုဓါတ္နည္းလာျပီး ေျခာက္ေသြ႕မႈျဖစ္ကာ ယားယံတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္ ။ အမ်ဳိဳးသမီး ေတာ္ေတာ္မ်ားမ်ား လူၾကားထဲ ယားယံတာမ်ိဳးေတြ ျဖစ္ေလ့ရွိမွာပါ ။ ဘရာမဝတ္ဘဲေနရင္ေတာ့ ဒီဒုကၡက ကင္းပါျပီ ။

၇။ဘရာမပါဘဲ အိပ္စက္ျခင္းက ပိုျပီးေတာ့ နွစ္နွစ္ျခိဳက္ျခိဳက္နဲ႕ သက္ေတာင့္သက္သာ အိပ္ေပ်ာ္ေစပါတယ္။

၈။ပိုက္ဆံကုန္သက္သာတယ္ ။ ေဘာ္လီမဝတ္ေတာ့ ဝယ္စရာမလိုဘူး ။ မဝယ္ေတာ့ ပိုက္ဆံမကုန္ဘူးေပါ့။

၉။ ဘရာမဝတ္ဆင္ျခင္းေၾကာင့္ ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

၁၀။ တစ္ခါတစ္ရံမွာ ဘရာနဲ႕ ကိုယ္ဝတ္မယ့္ဖက္ရွင္ လိုက္၊မလိုက္ ကို စဥ္းစားရတာလည္း အလုပ္တစ္ခုပါ ။ ဒါ့ေၾကာင့္ အေနာက္နိုင္ငံက အနုပညာရွင္ေတြ တစ္ခါတစ္ေလ ဘရာမပါဘဲ ေလွ်ာက္သြားၾကတယ္လို႔ ထင္ပါတယ္ ။ အဓိကကေတာ့ ဘရာမပါလည္း ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိေနရင္ အထာက်က် လွေနတာပါပဲ။

ဘရာမဝတ္ျခင္းက ျမန္မာ့လူေဘာင္ေလာကမွာ နည္းနည္းအျမင္ရိုင္းသလိုျဖစ္ေနႏိုင္တဲ့အတြက္ မိန္းခေလးေတြအေနနဲ႕ မိမိအိမ္ထဲမွာပဲ ျဖစ္ေစ လြတ္လပ္စြာေနထုိင္သင့္ပါတယ္ရွင့္။

ႏိုင္ငံတကာမွ no bra day events မ်ားပါ တင္ျပေပးလိုက္ပါတယ္။

Croatia          = September 20

Italy             = October 19

Belgium         = October 18

Australia        = October 18

Germany       = October 9

Switzerland    = November 7

Ireland          = October 18

National no bra day = October 13

No Bra day ေရာက္ရင္ အမ်ိဳးသမီးမ်ားအား က်န္းမာေရးေဟာေျပာပြဲမ်ား၊ event မ်ားျပဳလုပ္၍ နႈိးေဆာ္ေလ့ရွိပါတယ္။

 

 (Unicode version)

 

အမျိုးသမီးအများစုဟာ ဘရာဝတ်ရတာကို ကြိုက်နှစ်သက်ပြီး ဘရာဝတ်ခြင်းက ရင်သားအလှအတွက် ကောင်းမွန်တယ်လို့ အထင်မှားတတ်ကြပါတယ် ။ ဘရာဝတ်ဆင်ခြင်းက ရင်သားအလှအတွက်ရော ကျန်းမာရေးအတွက်ပါ ဆိုးကျိုးများစွာ ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ ဘရာကို လုံးဝ မဝတ်သင့်တော့တဲ့ အကြောင်းအရင်းတွေကတော့..
၁။ ဘရာဝတ်ခြင်းက ရင်သားတွဲကျမှု ပိုမိုဖြစ်နိုင်ပါတယ် ။ ရင်သားမှာရှိနေတဲ့ အရွတ်တွေက သဘာဝအတိုင်း ရင်သားတွဲမကျအောင် ထိန်းသိမ်းပင့်တင်ပေးပါတယ် ။ သို့သော် ဘရာဝတ်ခြင်းကြောင့် အရွတ်တွေ သေးလာပြီး အားနည်းကာ ရင်သားထိန်းသိမ်းမှုမှာ အားနည်းသွားပါတယ် ။ ဘရာက ဝတ်ထားတဲ့အချိန်တစ်ခုသာ ရင်သားကို မတွဲအောင် လုပ်ပေးတာပါ။
၂။ဘရာမဝတ်ခြင်းက ရင်သားနှင့် ရင်သားထိပ် (နို့သီးခေါင်း) ကို ပိုပြီး တင်းရင်းစေပါတယ် ။
၃။မကြာခဏ ခေါင်းမူး၊ ခေါင်းကိုက် ၊ကျောနာတတ်ပါသလား ။ ဒါဟာ ဘရာ ကြောင့် ဖြစ်နိုင်ပါတယ်။ တင်းကျပ်တဲ့ ဘရာ ဝတ်ဆင်ခြင်းကြောင့် ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် နောက်ကျောနာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ် ။ဘရာမဝတ်ဘဲ နေကြည့်ပါ ၊ ဒီလိုဖြစ်တာတွေ သိသိသာသာ လျော့ကျ သက်သာသွားပါလိမ့်မယ် ။
၄။ ဘရာမဝတ်ခြင်းက အသက်ရှုလို့လည်း ပိုပြီး ကောင်းမွန် လွယ်ကူစေပါတယ် ။
၅။ ဘရာဝတ်ဆင်ခြင်းကြောင့် အရေပြားပေါ်မှာ စွဲထင်တတ်တဲ့ အကြောင်း ၊ အစင်းအရာတွေမှလည်း ကင်းဝေးစေပါတယ်။
၆။ fitting ကျနေသော ဘရာ ဝတ်ဆင်တဲ့အခါ ရင်သားတဝိုက်အရေပြားမှာ အစိုဓါတ်နည်းလာပြီး ခြောက်သွေ့မှုဖြစ်ကာ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ် ။ အမျိုုးသမီး တော်တော်များများ လူကြားထဲ ယားယံတာမျိုးတွေ ဖြစ်လေ့ရှိမှာပါ ။ ဘရာမဝတ်ဘဲနေရင်တော့ ဒီဒုက္ခက ကင်းပါပြီ ။
ရ။ဘရာမပါဘဲ အိပ်စက်ခြင်းက ပိုပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ သက်တောင့်သက်သာ အိပ်ပျော်စေပါတယ်။
၈။ပိုက်ဆံကုန်သက်သာတယ် ။ ဘော်လီမဝတ်တော့ ဝယ်စရာမလိုဘူး ။ မဝယ်တော့ ပိုက်ဆံမကုန်ဘူးပေါ့။
၉။ ဘရာမဝတ်ဆင်ခြင်းကြောင့် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။
၁၀။ တစ်ခါတစ်ရံမှာ ဘရာနဲ့ ကိုယ်ဝတ်မယ့်ဖက်ရှင် လိုက်၊မလိုက် ကို စဉ်းစားရတာလည်း အလုပ်တစ်ခုပါ ။ ဒါ့ကြောင့် အနောက်နိုင်ငံက အနုပညာရှင်တွေ တစ်ခါတစ်လေ ဘရာမပါဘဲ လျှောက်သွားကြတယ်လို့ ထင်ပါတယ် ။ အဓိကကတော့ ဘရာမပါလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေရင် အထာကျကျ လှနေတာပါပဲ။
ဘရာမဝတ်ခြင်းက မြန်မာ့လူဘောင်လောကမှာ နည်းနည်းအမြင်ရိုင်းသလိုဖြစ်နေနိုင်တဲ့အတွက် မိန်းခလေးတွေအနေနဲ့ မိမိအိမ်ထဲမှာပဲ ဖြစ်စေ လွတ်လပ်စွာနေထိုင်သင့်ပါတယ်ရှင့်။
နိုင်ငံတကာမှ bra day events များပါ တင်ပြပေးလိုက်ပါတယ်။
Croatia = September 20
Italy = October 19
Belgium = October 18
Australia = October 18
Germany = October 9
Switzerland = November 7
Ireland = October 18
Bra day ရောက်ရင် အမျိုးသမီးများအား ကျန်းမာရေးဟောပြောပွဲများ၊ event များပြုလုပ်၍ နှိုးဆော်လေ့ရှိပါတယ်။

Read times
Rate this item
(0 votes)