What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 February 2018 11:53

ေဆး၀ါးေဈးကြက္အေပၚ သူတုိ႔အျမင္

ျမန္မာနုိင္ငံ၏ က်န္းမာေရးက႑ကို ျမင့္တင္ရာမွာ နုိင္ငံျခားမွ ေဆးကုမၸဏီေတြရဲ႕ ထုတ္ကုန္ႏွင့္ ဝန္ေဆာင္မႈမ်ားအတြက္ အခြင့္အလမ္းမ်ား ေပၚထြက္ေနတာကုိ ေတြ႕ရပါတယ္။

ျပည္တြင္းေဈးကြက္ကုိ ၀င္ေရာက္ဖုိ႔အတြက္ ၀င္ေပါက္တစ္ခုအျဖစ္ ႏွစ္စဥ္က်င္းပတဲ့ ျပပြဲေတြမွာ လာေရာက္ျပသၾကတယ္။ ၂၀၁၇ ခုႏွစ္ ဇူလုိင္လတုန္းက Rose Garden Hotel မွာ က်င္းပခဲ့တဲ့  Myanmar Phar-Med and Dental Myanmar ျပပြဲမွာ လာေရာက္ျပသတဲ့ ကုမၸဏီျပခန္းေတြကုိ ေတြ႕ဆုံေမးျမန္းခ်က္ အခ်ဳိ႕ကုိ hktdc.com မွ ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားတာကုိ တင္ျပအပ္ပါတယ္။

ျပပြဲမွာ လာေရာက္ျပသတဲ့ ကုမၸဏီအမ်ားအျပားတုိ႔ဟာ အေတြ႕အႀကံဳရွိ ေဒသခံျဖန္႔ျဖဴးသူေတြရဲ႕ ၀န္ေဆာင္မႈကုိ လက္ခုိင္ခုိင္တြဲဖုိ႔ စိတ္အားထက္သန္ေနၾကတယ္။ ဒါေပမဲ့ ပင္လယ္ရပ္ျခားမွ ေဆးနဲ႔ ေဆးပစၥည္းေတြ တင္သြင္းျဖန္႔ျဖဴးသူတစ္ဦးက အဟန္႔အတားတခ်ဳိ႕ကုိ ရင္ဆုိင္ဖုိ႔ အသင့္ျပင္ထားရမယ္လုိ႔ အႀကံျပဳပါတယ္။ “အခုအခါ ေငြပုိေငြလွ်ံ ရွိတဲ့ ၀င္ေငြျမင့္မားသူေတြ ရွိေနတာ ေသခ်ာေပမဲ့ အစုိးရ လုပ္ထုံးလုပ္နည္း အမ်ားအျပားတုိ႔ဟာ မေျပာင္းမလဲေသးတာမုိ႔ ႐ႈပ္ေထြးခက္ခဲေနေစပါတယ္။ မလုပ္သာေအာင္ လုပ္ထားသလုိ ျဖစ္ေနတယ္’’ လုိ႔ သူက ေျပာပါတယ္။

သြင္းကုန္တင္သြင္းသူ အမ်ားစုအေနျဖင့္ သြင္းကုန္အခြန္ေတြ စည္းၾကပ္တာက ျပႆနာမရွိေပမဲ႕လည္း လုပ္ငန္းစဥ္ အဆင့္ဆင့္မွာ အခ်ိန္ၾကန္႕ၾကာမႈမ်ားရွိေနၿပီး စာရြက္စာတမ္း လုိအပ္ခ်က္ မ်ားျပားလြန္းေနတယ္။ အဲဒါေတြေၾကာင့္ အႀကီးအက်ယ္ စိတ္ပ်က္ရတယ္။ ထြက္ေပၚတဲ့ ရလဒ္က စာရြက္စာတမ္းေတြနဲ႔ လုပ္ငန္းစဥ္အဆင့္ဆင့္ လုပ္ကုိင္ၾကရတာ၊ အခ်ိန္ၾကာျမင့္တာေတြကုိ ေရွာင္လႊဲဖုိ႔အတြက္ အိမ္နီးခ်င္းႏုိင္ငံမ်ားဆီ အရင္ေပးပုိ႔ေစၿပီး နယ္စပ္ေဒသမ်ားမွ တရားမဝင္ တင္သြင္းကာ ျပည္တြင္းသို႕ ျဖန္႕ျဖဴးၾကပါတယ္။ ဥေရာပမွ သြင္းကုန္မ်ားကို ပံုမွန္ လမ္းေၾကာင္း အတိုင္း မဝင္ေတာ့ဘဲ တရုတ္နယ္စပ္ဘက္မွ ဝင္ေရာက္ျဖန္႕ျဖဴးတာေတြ ေတြ႕ရပါတယ္။ ျပည္တြင္းမွာ လုပ္ကုိင္လ်က္ ရွိတဲ့ ပင္လယ္ရပ္ျခား ကုမၸဏီေတြဟာ လြန္ကၽြံေနတဲ့ ႀကိဳးနီစနစ္ကုိ ရင္ဆုိင္ေက်ာ္လႊားၾကရတယ္။ ျပည္ပမွာ ထုတ္လုပ္တဲ့ ေဆး၀ါးတုိင္းကုိ မွတ္ပုံတင္ၾကရတယ္။ အဲဒီအတြက္ ေနာက္ျပန္ဆြဲေနသလုိ ျဖစ္ေနေစပါတယ္။

ယခင္က ဖြံၿဖိဳးၿပီးအေနာက္နိုင္ငံေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈဆုိင္ရာ ဝန္ေဆာင္မႈမ်ားအတြက္ ၀ယ္လုိအား ေကာင္းခဲ့ၿပီး မၾကာေသးခင္က စလုိ႔ ဂ်ပန္၊ ကိုရီးယား၊ တရုတ္စတဲ့ နိုင္ငံေတြဘက္ကုိ ဦးလွည့္ခဲ့ပါတယ္လုိ႔မွ ေတာင္ကိုရီးယားမွ Daihan Scientific ရဲ႕ အေရာင္းဒါ႐ုိက္တာ ဓာတ္ခြဲခန္းစမ္းသပ္ကိရိယာကၽြမ္းက်င္သူ Hyunjoo Park က ေျပာပါတယ္။

dauhan secientific

Daihan Scientific ဟာ အဓိကအားျဖင့္ Incubators, autoclaves, freezers, and glassware စတဲ့ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားကို ထုတ္လုပ္လ်က္ ရွိၿပီး ရွန္ဟိုင္း၊ အစၥတန္ဘူလ္၊ တိုင္ေပ အပါအဝင္ ေနရာအမ်ားအျပားကို ျဖန္႕ျဖဴးလ်က္ ရွိပါတယ္။

ျပင္သစ္မွ BioLab က လက္ရွိ နုိင္ငံေပါင္း ၈၀ ေက်ာ္ကို ျဖန္႕ျဖဴးေနၿပီး ပို႕ကုန္အေရာင္းမန္ေနဂ်ာ Axel Rodella က ေဆးဘက္ဆုိင္ရာ စစ္ေဆးစမ္းသပ္မႈေတြအတြက္  reagents နဲ႔ analysers အပါအ၀င္ ထုတ္ကုန္ပစၥည္း အမ်ဳိးမ်ဳိးကုိ ထုတ္လုပ္လ်က္ ရွိေၾကာင္း ေျပာျပပါတယ္။ ေဒသခံ ဓာတ္ခြဲခန္းေတြရဲ႕ လုိအပ္ခ်က္မ်ားကုိ ျဖည့္ဆည္းရန္ ဦးတည္ၿပီး လုပ္ေဆာင္ေၾကာင္းလည္း ၎က ေျပာၾကားပါတယ္။

တစ္ကမာၻလံုးဆိုင္ရာ မဟာဗ်ဴဟာအေပၚအေျခခံၿပီး ျမန္မာႏုိင္ငံမွာလည္း ေျခရာေတြ ထင္က်န္ေစဖုိ႔ တုိးခ်ဲ႕လုပ္ကုိင္ေနေၾကာင္း၊ အာဆီယံႏုိင္ငံေတြမွာလည္း တုိးခ်ဲ႕လုပ္ေဆာင္ေနေၾကာင္း ဗီယက္နမ္နဲ႔ လာအိုတုိ႔မွာ လုပ္ငန္းမ်ား လည္ပတ္ေနၿပီျဖစ္ေၾကာင္း ၎က ေျပာၾကားပါတယ္။

joinsoon

ျမန္မာျပည္ေဈးကြက္ထဲသုိ႔ အသစ္၀င္ေရာက္တာတဲ့ တုိင္ေပအေျခစုိက္ Joinsoon Medical Technology ျဖစ္ၿပီး ဆီးခ်ဳိေဆးစစ္တဲ့ ကိရိယာေတြ ထုတ္လုပ္ပါတယ္။

“ကၽြန္ေတာ္တုိ႔ ျမန္မာေဈးကြက္နဲ႔ တရင္းတႏွီး မျဖစ္ေသးခင္မွာ ကၽြန္ေတာ္တုိ႔ သတိမူမိတာက ေဈးကြက္ကုိ ဖြင့္ေပးထားတဲ့အျပင္ လ်င္ျမန္စြာ ႀကီးထြားေနတယ္’’ လုိ႔ ကုမၸဏီရဲ႕ အေရာင္းမန္ေနဂ်ာတစ္ဦးျဖစ္သူ Sebastian Hofstede က ေျပာျပပါတယ္။

ျမန္မာႏုိင္ငံ အစုိးရက ျပည္သူ႔ေဆး႐ုံေတြကုိ ေထာက္ပံ့ေပးေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အဆင့္အတန္း တုိးတက္ေကာင္းမြန္ဖုိ႔ တက္တက္ၾကြၾကြျဖင့္ လုပ္ကုိင္ေနတာဟာ အခုလုိ ႀကီးထြားႏႈန္ ျမန္ဆန္ေစတဲ့ အေၾကာင္းတစ္ခု ျဖစ္မယ္လုိ႔ သူက သုံးသပ္ျပပါတယ္။

ျမန္မာနိင္ငံတြင္ ျဖန္႕ျဖဴးမႈျပဳုလုပ္ေသာ အိႏိၵယကုမၸဏီတစ္ခုျဖစ္တဲ့ Hiral Labs ရဲ႕ ၂၀၀၀ခုနစ္ထဲက ေဆးထုတ္လုပ္ျဖန္႕ျဖဴးမႈ ျပဳခဲ့ၿပီး ျမန္မာႏုိင္ငံမွာ ျဖန္႔ျဖဴးမႈ သေဘာတူညီခ်က္ ၄ ခု အေရာင္းအ၀ယ္ ျဖစ္ထားပါတယ္။ ယေန႕ ေရာင္းအားအေကာင္းဆံုး ျဖစ္တဲ့ ေလျဖတ္လူနာမ်ားအတြက္ အသိအမွတ္ျပဳကုေဆး citicoline ႏွင့္ စိတ္ေဝဒနာရွင္မ်ားအတြက္ေဆး၊ ပဋိဇီဝေဆးမ်ားျဖစ္ပါတယ္။ ေနာက္ထပ္လူႀကိဳက္မ်ားတဲ့ အမ်ိဳးအစားက ေတာ့ နာတာရွည္အရက္စြဲေရာဂါမ်ားအတြက္ ေဆးျဖစ္ပါတယ္။

DSC 0072 1

လြန္ခဲ့တဲ့ခုနစ္ႏွစ္အၾကာက ပို႕ကုန္ေစ်းကြက္ကို ေရြ႕ေျပာင္းရန္ ကၽြန္ေတာ္တို႕ ဆံုးျဖတ္ခဲ့ၾကပါတယ္လို႕ နိုင္ငံတကာအ ေရာင္းမန္ေနဂ်ာ Alfia Saiyed ကေျပာပါတယ္။ထိုအခ်ိန္က ပင္လယ္ရပ္ျခားကုန္သည္ေတြဟာ ေဆးပစၥည္းေတြကို အိႏၵိယထံမွ စမ္းသပ္ဝယ္ယူၿပီး၊ အျခားေစ်းကြက္မွာ ျပန္ေရာင္းၾကပါတယ္။ “အဲဒီ ေစ်းကြက္ျဖစ္တဲ့ ျမန္မာႏုိင္ငံလုိ အိႏိၵယရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြကို တိုက္ရိုက္ေရာင္းခ်သင့္တယ္လို႕ ကၽြန္ေတာ္တို႕ဆံုးျဖတ္ခဲ့ၾကပါတယ္။ ေဒသခံျပည္သူေတြက အိႏိၵယႏုိင္ငံထုတ္ ေဆး၀ါးေတြအေပၚ ယုံၾကည္မႈ ရွိၿပီး ေရာင္းေဈးေတြကလည္း တတ္ႏုိင္တဲ့ေဈးေတြ ျဖစ္တာမုိ႔ ေရာင္းအား တကယ္ေကာင္းပါတယ္။ အခုဆုိရင္ ကၽြန္ေတာ္တုိ႔ တုိးခ်ဲ႕ျဖန္႔ျဖဴးဖုိ႔ လုပ္ေဆာင္ေနပါတယ္’’ လုိ႔ ၎က ေျပာၾကားပါတယ္။

“ကၽြန္ေတာ္တုိ႔ ေဆး၀ါးတခ်ဳိ႕ကုိ လုပ္ငန္းစဥ္ စတင္ခဲ့ၿပီး FDA ထံမွ အတည္ျပဳခြင့္ျပဳခ်က္ ရရွိဖုိ႔က တစ္ႏွစ္ခြဲကေန ႏွစ္ႏွစ္အထိ ၾကာျမင့္ပါတယ္။ အဲဒါက ႀကီးမားတဲ့ ေနာက္ျပန္ဆြဲေနတာ ျဖစ္ေနတယ္’’ လုိ႔ ၎က ျဖည့္စြက္ေျပာၾကားပါတယ္။ အဲဒီလုိ ႏွစ္ခ်ီၾကာျမင့္ၿပီးခ်ိန္မွာ အဲဒီေဆး၀ါးေတြဟာ ေဈးကြက္ထဲမွာ တန္ဖုိးထားမႈ ဘယ္လုိရွိမလဲဆုိတာ ဘယ္လုိမွ ႀကိဳမသိႏုိင္ပါဘူး။

Source: hktdc.com

 

Unicode

 

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို မြင့်တင်ရာမှာ နိုင်ငံခြားမှ ဆေးကုမ္ပဏီတွေရဲ့ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် အခွင့်အလမ်းများ ပေါ်ထွက်နေတာကို တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်ကို ၀င်ရောက်ဖို့အတွက် ၀င်ပေါက်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပတဲ့ ပြပွဲတွေမှာ လာရောက်ပြသကြတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတုန်းက Rose Garden Hotel မှာ ကျင်းပခဲ့တဲ့ Myanmar Phar-Med and Dental Myanmar ပြပွဲမှာ လာရောက်ပြသတဲ့ ကုမ္ပဏီပြခန်းတွေကို တွေ့ဆုံမေးမြန်းချက် အချို့ကို hktdc.com မှ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာကို တင်ပြအပ်ပါတယ်။
ပြပွဲမှာ လာရောက်ပြသတဲ့ ကုမ္ပဏီအများအပြားတို့ဟာ အတွေ့အကြုံရှိ ဒေသခံဖြန့်ဖြူးသူတွေရဲ့ ၀န်ဆောင်မှုကို လက်ခိုင်ခိုင်တွဲဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါပေမဲ့ ပင်လယ်ရပ်ခြားမှ ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးသူတစ်ဦးက အဟန့်အတားတချို့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်လို့ အကြံပြုပါတယ်။ “အခုအခါ ငွေပိုငွေလျှံ ရှိတဲ့ ၀င်ငွေမြင့်မားသူတွေ ရှိနေတာ သေချာပေမဲ့ အစိုးရ လုပ်ထုံးလုပ်နည်း အများအပြားတို့ဟာ မပြောင်းမလဲသေးတာမို့ ရှုပ်ထွေးခက်ခဲနေစေပါတယ်။ မလုပ်သာအောင် လုပ်ထားသလို ဖြစ်နေတယ်’’ လို့ သူက ပြောပါတယ်။
သွင်းကုန်တင်သွင်းသူ အများစုအနေဖြင့် သွင်းကုန်အခွန်တွေ စည်းကြပ်တာက ပြဿနာမရှိပေမဲ့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်မှာ အချိန်ကြန့်ကြာမှုများရှိနေပြီး စာရွက်စာတမ်း လိုအပ်ချက် များပြားလွန်းနေတယ်။ အဲဒါတွေကြောင့် အကြီးအကျယ် စိတ်ပျက်ရတယ်။ ထွက်ပေါ်တဲ့ ရလဒ်က စာရွက်စာတမ်းတွေနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ကိုင်ကြရတာ၊ အချိန်ကြာမြင့်တာတွေကို ရှောင်လွှဲဖို့အတွက် အိမ်နီးချင်းနိုင်ငံများဆီ အရင်ပေးပို့စေပြီး နယ်စပ်ဒေသများမှ တရားမဝင် တင်သွင်းကာ ပြည်တွင်းသို့ ဖြန့်ဖြူးကြပါတယ်။ ဥရောပမှ သွင်းကုန်များကို ပုံမှန် လမ်းကြောင်း အတိုင်း မဝင်တော့ဘဲ တရုတ်နယ်စပ်ဘက်မှ ဝင်ရောက်ဖြန့်ဖြူးတာတွေ တွေ့ရပါတယ်။ ပြည်တွင်းမှာ လုပ်ကိုင်လျက် ရှိတဲ့ ပင်လယ်ရပ်ခြား ကုမ္ပဏီတွေဟာ လွန်ကျွံနေတဲ့ ကြိုးနီစနစ်ကို ရင်ဆိုင်ကျော်လွှားကြရတယ်။ ပြည်ပမှာ ထုတ်လုပ်တဲ့ ဆေးဝါးတိုင်းကို မှတ်ပုံတင်ကြရတယ်။ အဲဒီအတွက် နောက်ပြန်ဆွဲနေသလို ဖြစ်နေစေပါတယ်။
ယခင်က ဖွံဖြိုးပြီးအနောက်နိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် ၀ယ်လိုအား ကောင်းခဲ့ပြီး မကြာသေးခင်က စလို့ ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့ နိုင်ငံတွေဘက်ကို ဦးလှည့်ခဲ့ပါတယ်လို့မှ တောင်ကိုရီးယားမှ Daihan Scientific ရဲ့ အရောင်းဒါရိုက်တာ ဓာတ်ခွဲခန်းစမ်းသပ်ကိရိယာကျွမ်းကျင်သူ Hyunjoo Park က ပြောပါတယ်။

dauhan secientific


Daihan Scientific ဟာ အဓိကအားဖြင့် Incubators, autoclaves, freezers, and glassware စတဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်လျက် ရှိပြီး ရှန်ဟိုင်း၊ အစ္စတန်ဘူလ်၊ တိုင်ပေ အပါအဝင် နေရာအများအပြားကို ဖြန့်ဖြူးလျက် ရှိပါတယ်။
ပြင်သစ်မှ BioLab က လက်ရှိ နိုင်ငံပေါင်း ၈၀ ကျော်ကို ဖြန့်ဖြူးနေပြီး ပို့ကုန်အရောင်းမန်နေဂျာ Axel Rodella က ဆေးဘက်ဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေအတွက် reagents နဲ့ analysers အပါအဝင် ထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်လျက် ရှိကြောင်း ပြောပြပါတယ်။ ဒေသခံ ဓာတ်ခွဲခန်းတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဦးတည်ပြီး လုပ်ဆောင်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအပေါ်အခြေခံပြီး မြန်မာနိုင်ငံမှာလည်း ခြေရာတွေ ထင်ကျန်စေဖို့ တိုးချဲ့လုပ်ကိုင်နေကြောင်း၊ အာဆီယံနိုင်ငံတွေမှာလည်း တိုးချဲ့လုပ်ဆောင်နေကြောင်း ဗီယက်နမ်နဲ့ လာအိုတို့မှာ လုပ်ငန်းများ လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

joinsoon

 

မြန်မာပြည်ဈေးကွက်ထဲသို့ အသစ်ဝင်ရောက်တာတဲ့ တိုင်ပေအခြေစိုက် Joinsoon Medical Technology ဖြစ်ပြီး ဆီးချိုဆေးစစ်တဲ့ ကိရိယာတွေ ထုတ်လုပ်ပါတယ်။
“ကျွန်တော်တို့ မြန်မာဈေးကွက်နဲ့ တရင်းတနှီး မဖြစ်သေးခင်မှာ ကျွန်တော်တို့ သတိမူမိတာက ဈေးကွက်ကို ဖွင့်ပေးထားတဲ့အပြင် လျင်မြန်စွာ ကြီးထွားနေတယ်’’ လို့ ကုမ္ပဏီရဲ့ အရောင်းမန်နေဂျာတစ်ဦးဖြစ်သူ Sebastian Hofstede က ပြောပြပါတယ်။
မြန်မာနိုင်ငံ အစိုးရက ပြည်သူ့ဆေးရုံတွေကို ထောက်ပံ့ပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက်ကောင်းမွန်ဖို့ တက်တက်ကြွကြွဖြင့် လုပ်ကိုင်နေတာဟာ အခုလို ကြီးထွားနှုန် မြန်ဆန်စေတဲ့ အကြောင်းတစ်ခု ဖြစ်မယ်လို့ သူက သုံးသပ်ပြပါတယ်။
မြန်မာနိင်ငံတွင် ဖြန့်ဖြူးမှုပြုုလုပ်သော အိန္ဒိယကုမ္ပဏီတစ်ခုဖြစ်တဲ့ Hiral Labs ရဲ့ ၂၀၀၀ခုနစ်ထဲက ဆေးထုတ်လုပ်ဖြန့်ဖြူးမှု ပြုခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြန့်ဖြူးမှု သဘောတူညီချက် ၄ ခု အရောင်းအဝယ် ဖြစ်ထားပါတယ်။ ယနေ့ ရောင်းအားအကောင်းဆုံး ဖြစ်တဲ့ လေဖြတ်လူနာများအတွက် အသိအမှတ်ပြုကုဆေး citicoline နှင့် စိတ်ဝေဒနာရှင်များအတွက်ဆေး၊ ပဋိဇီဝဆေးများဖြစ်ပါတယ်။ နောက်ထပ်လူကြိုက်များတဲ့ အမျိုးအစားက တော့ နာတာရှည်အရက်စွဲရောဂါများအတွက် ဆေးဖြစ်ပါတယ်။

DSC 0072 1

လွန်ခဲ့တဲ့ခုနစ်နှစ်အကြာက ပို့ကုန်စျေးကွက်ကို ရွေ့ပြောင်းရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်လို့ နိုင်ငံတကာအ ရောင်းမန်နေဂျာ Alfia Saiyed ကပြောပါတယ်။ထိုအချိန်က ပင်လယ်ရပ်ခြားကုန်သည်တွေဟာ ဆေးပစ္စည်းတွေကို အိန္ဒိယထံမှ စမ်းသပ်ဝယ်ယူပြီး၊ အခြားစျေးကွက်မှာ ပြန်ရောင်းကြပါတယ်။ “အဲဒီ စျေးကွက်ဖြစ်တဲ့ မြန်မာနိုင်ငံလို အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက်ရောင်းချသင့်တယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေက အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေအပေါ် ယုံကြည်မှု ရှိပြီး ရောင်းဈေးတွေကလည်း တတ်နိုင်တဲ့ဈေးတွေ ဖြစ်တာမို့ ရောင်းအား တကယ်ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တိုးချဲ့ဖြန့်ဖြူးဖို့ လုပ်ဆောင်နေပါတယ်’’ လို့ ၎င်းက ပြောကြားပါတယ်။
“ကျွန်တော်တို့ ဆေးဝါးတချို့ကို လုပ်ငန်းစဉ် စတင်ခဲ့ပြီး FDA ထံမှ အတည်ပြုခွင့်ပြုချက် ရရှိဖို့က တစ်နှစ်ခွဲကနေ နှစ်နှစ်အထိ ကြာမြင့်ပါတယ်။ အဲဒါက ကြီးမားတဲ့ နောက်ပြန်ဆွဲနေတာ ဖြစ်နေတယ်’’ လို့ ၎င်းက ဖြည့်စွက်ပြောကြားပါတယ်။ အဲဒီလို နှစ်ချီကြာမြင့်ပြီးချိန်မှာ အဲဒီဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ တန်ဖိုးထားမှု ဘယ်လိုရှိမလဲဆိုတာ ဘယ်လိုမှ ကြိုမသိနိုင်ပါဘူး။

Source: hktdc.com

Read times
Rate this item
(0 votes)