What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 March 2018 13:53

ဆံပင်ဖြူခြင်းက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်

ဆံပင်ဖြူခြင်းက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင် google.com

အသက်အရွယ်ရလာချိန်မှာ တဖြည်းဖြည်းချင်း ဆံပင်တွေ ဖြူလာတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။

လေ့လာမှုအသစ်တစ်ရပ်မှာတော့ ဆံပင်ဖြူတာက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်တယ် လို့ သုံးသပ်ထားပါတယ်။

ကိုလက်စထရော၊ အဆီ၊ ကယ်လ်ဆီယမ်နဲ့ အခြားဒြပ်ပစ္စည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ atherosclerosis လို့ ခေါ်တဲ့ အရာက သွေးကြောတွေထဲမှာ စတင်ဖြစ်လာ ပါတော့တယ်။ အဲ့ဒီပစ္စည်းက တဖြည်း ဖြည်းချင်း စုပုံအနည်ကျလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကန့်သတ်လာပါတယ်။ သည်လိုဖြစ်လာတဲ့ အနေအထားက နှလုံးနဲ့ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိစီးဆင်း နိုင်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
တကယ်လို့ သည်အခြေအနေကို မကုသဘဲ ထားမယ်ဆိုရင် လေဖြတ်တာ၊ ရုတ် တရက် နှလုံးရပ်တာတွေအပါအဝင် ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အလားအလာတွေကို တိုးစေမှာ ဖြစ်သလို နှလုံး ဖောက်ပြီး အသက်သေဆုံးသည်အထိ တောင် ဖြစ်နိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ နှလုံးသွေးကြောတွေထဲမှာ အနည်အနှစ်တွေစုပုံမှုကြောင့် သွေးကြောတွေရဲ့ သွေးစီးဆင်းထောက်ပံ့မှုကို ထိခိုက်စေနိုင်တာ ကြောင့်ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြော မကြီးက သွေးတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့အခါ နှလုံးနဲ့ပတ်သက်တာတွေ၊ ဝေဒနာတွေ စတင်ခံစားလာရပါတော့တယ်။

အသက်အရွယ်ကြီးရင့်လာလေလေ နှလုံးရောဂါခံစားရနိုင်ခြေက များလာလေလေပါပဲ။ အသက်အရွယ် ရလာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ oxidative stress တွေ တိုးလာပြီး ဆဲလ်တွေကလည်း သက် တမ်းရင့်လာတာကြောင့် ဒီအင်န်အေတွေက ထိခိုက်ပျက်စီးလာပါတယ်။

သုတေသနအဖွဲ့ဟာ လေ့လာမှုအတွင်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသား ၅၄၅ ဦးကို လေ့လာခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက နှလုံးရောဂါ ခံစားနေရတယ်လို့ ယူဆရတဲ့ သူတွေ ဖြစ်ပြီး သူတို့ရဲ့ဆံပင်ဖြူနေတဲ့ အနေအထား အလိုက် အုပ်စုလေးစုခွဲခဲ့ပါတယ်။

အဖွဲ့လေးဖွဲ့ထဲမှာ အဖွဲ့တစ်က ဆံပင် လုံးဝ မဖြူသူတွေ ဖြစ်ကြပြီး အဖွဲ့နှစ်ကတော့ ဆံပင်နည်းနည်းပဲ ဖြူသူတွေပါ။ အဖွဲ့သုံးက ဆံပင်အမည်းထက် အဖြူပိုများ သူတွေ ဖြစ်ကြပြီး အဖွဲ့လေးကတော့ ဆံပင် လုံးဝဖြူနေသူတွေပါ။ လေ့လာမှုမှာ ပါဝင် သူတွေကို သုတေသီတွေက သေသေချာချာ လေ့လာခဲ့ပါတယ်။

လေ့လာမှုအတွင်း လေ့လာမှုမှာ ပါဝင် ပေးသူတွေရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ၊ သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကိုလက်စထ ရော များနိုင်ခြေ၊ ဆေးလိပ်သောက်သုံး လားဆိုတာနဲ့ နှလုံးရောဂါမျိုးရိုးရှိလားဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။
သုတေသနအဖွဲ့က လေ့လာမှုမှာ ပါဝင်သူတွေရဲ့ အသက်အရွယ်၊ ဆံပင်ဖြူနေ တဲ့ အတိုင်းအတာ၊ သွေးပေါင်ချိန်မြင့်နေ လားဆိုတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားနေရလားဆိုတာကို လေ့လာခဲ့ပါတယ်။

Source: Kumudra

Read times Last modified on Monday, 05 March 2018 17:41
Rate this item
(0 votes)