ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ
အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူများသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ်လျက်ရှိပါတယ်။
ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဗူးပေါ်တွင် ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride 0.5 g/ml ဆေးဝါးသည် ဆေးဝါးအတု (အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
ဆေးဝါးအတု စံမညီဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့်အ ပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေခံစားရမည်ဖြစ် သည့်အပြင် အသက်အန္တရာယ်လည်းရှိနိုင်ပါတယ်။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် အရလုံးဝ (လုံးဝ) မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
Source: FDA