What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 March 2018 14:19

အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြှင့်တင်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြှင့်တင်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော google.com

အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေ ပူးပေါင်းပြီး ကျန်းမာရေး ဝန်ဆောင်မှုကိစ္စတွေကို မြှင့်တင်သင့်တယ်လို့

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းနှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ ပြောပါတယ်။

ဝန်ကြီးချုပ်က “ကျန်းမာ ရေးမှာပေါ်ပေါက်နေတဲ့ အခြေအနေတွေက ပုဂ္ဂလိကဆေးရုံတွေနဲ့ အစိုးရဆေးရုံတွေကြား ချိတ်ဆက်ထားနိုင်မှု အခြေအနေပဲ ဖြစ်နေတယ်၊ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆရာ ဝန်ကြီး၊ ဆရာမကြီးတွေကို အသိပေးလိုတာကတော့ ပုဂ္ဂလိကဆေးရုံများနဲ့ အစိုးရဆေးရုံတွေ ဘယ်လိုပေါင်းစပ်ကြမလဲဆိုတဲ့ အခြေအနေတစ်ခုကို စဉ်းစားရတော့မယ့် အချိန်ကာလ တစ်ခုကို ရောက်ပြီ” လို့ ပြောပါတယ်။

အစိုးရ နဲ့ ပုဂ္ဂလိကဆေးရုံတွေ ပူးပေါင်းပြီး ကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်မယ့် ဆောင်ရွက်မှုကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့လည်း ဆွေးနွေးဆောင်ရွက်ဖို့လိုအပ်တယ်လို့ပြောပါတယ်။ အခြေခံပြည်သူလူထုတွေဟာ အစိုးရပိုင်ဆေးရုံတွေမှာပဲ ဆေးဝါးကုသမှု ခံယူနေကြရပေမဲ့ ဆေးရုံ အခြေအနေနဲ့လိုအပ်တဲ့အနေအထားတွေ ရှိနေတယ်လို ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က လူဦးရေထူထပ်ပြီး အမြို့မြို့အနယ်နယ်ကနေ ရန်ကုန်မှာပဲ ဆေးကုသမှုတွေများနေတဲ့ အတွက် ဆေးရုံတွေဟာ ကုသမှုစနစ်တွေနဲ့ လွှဲပြောင်းမှုတွေမှာ စနစ်တကျပိုမိုရှိလာဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

“ဒီအနေအထားတွေက ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ပြန်လည်ပေါင်းစပ်ပြီး ကျန်းမာရေးဝန်ဆောင်မှုကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒီမြှင့်တင်တဲ့နေရာတွေမှာ ပုဂ္ဂလိကဆေးရုံတွေနဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရနိုင်ပါဘူး” လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။ နိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ဖွံ့ဖြိုးတိုးတတ်မှု နောက်ကျခဲ့တဲ့ အခြေအနေတွေ အရ ပုဂ္ဂလိကကဏ္ဍရဲ့ ငွေကြေးထည့်ဝင်နိုင်မှု ပူးပေါင်းဆောင်ရွက်မှုကို လက်ခံဆောင်ရွက်သွားရမည်လို့လည်း ပြောပါတယ်။

ဒိလိုဆောင်ရွက်မှသာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတတ်ရေးနဲ့ အခန်းကဏ္ဍတစ်ခုလုံးကို မြှင့်တင်နိုင်မှာလို့ ပြောပါတယ်။

Source: Kumudra

Read times
Rate this item
(0 votes)