အိန္ဒိယ အနောက်ပိုင်း မဟာရပ်ရှ်ထရာ ပြည်နယ်မှာရှိတဲ့ ကုတင် တစ်ထောင်ဆန့် ကတ်စ်ထရာဘာ ဆေးရုံမှာ ဆရာဝန်တွေဟာ ပဋိဇီ၀ ဆေးတွေနဲ့ ယဉ်ပါးနေတဲ့ စူပါ ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံနေရသူတွေကို ကုသပေးနေရပါတယ်။ အချိန်ကြာလာတာနဲ့ အမျှပြောင်းလဲလာတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေဟာ သူတို့ကို ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါးတွေကို ယဉ်ပါးလာပြီးနောက်မှာ ဒီလို အခြေအနေမျိုးဖြစ်ပေါ် လာတာပါ။