What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ဒီခေါင်းစဉ်ကို ဖတ်လိုက်ရတော့ တစ်မျိုးဖြစ်သွားကြမှာပါပဲ။ ၃ ရက်အတွင်းနဲ့ ၁၀ ပေါင်ဆိုတော့ တော်တော်လေးကို မလွယ်တာပါ။ ဒါပေမယ့် တကယ် စိတ်ပါလက်ပါနဲ့ သေချာလုပ်မယ်ဆိုရင်တော့ အရမ်းကြီး မခက်လှပါဘူး။ နည်းနည်းစားမယ် များများ ကစားကြမယ်ဆိုရင်တော့ ၁၀ ပေါင် ဆိုတာ အသာလေးပါပဲ။ ဒီတော့ နည်းလမ်းလေး တစ်ချက်လောက် ကြည့်လိုက်ကြရအောင်လေ။

 

Day 1 ပထမနေ့

နံနက်စာ - Grapefruit တစ်ခြမ်း၊ ပေါင်မုန့်ကြမ်း တစ်ခြမ်း ၊ စားပွဲတင်ဇွန်းနဲ့ ထောပတ် ၂ ဇွန်း၊ ဘလက်ကော်ဖီ တစ်ခွက် သို့ လဖက်ရည်ကြမ်း တစ်ခွက် ( သကြား ၊ နို့ ၊ နို့မှုန့် လုံးဝ မထည့်ရ)

နေ့လယ်စာ - တူနာငါး ဗူးဝက်၊ ပေါင်မုန့်ကြမ်း နှစ်ချပ် (ထောပတ် မထည့်ရ)၊ ရေ ၊ ဘလက်ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကြမ်း

ညစာ - ကြိုက်ရာ အသား (၃ အောင်စခန့်) တစ်တုံး၊ ပဲသီးစိမ်း လက်ဖက်ရည်ခွက် တစ်ခွက်စာ၊ ငှက်ပျောသီး တစ်ဝက်၊ ပန်းသီး အသေးတစ်လုံး၊ ဗနီလာ ရေခဲမုန့်တစ်ခွက်

 

ကိုယ်အလေးချိန် လျှော့ဖို့အတွက် အဓိက ၇ ချက် ဖတ်ရှုန်ရန်နှိပ်ပါ။


Day 2 ဒုတိယနေ့

နံနက်စာ - ပေါင်မုန့်ကြမ်းတစ်ချပ်၊ ကြက်ဥပြုတ်တစ်လုံး၊ ငှက်ပျောသီးတစ်ဝက်

နေ့လယ်စာ - ချိစ် တစ်ချပ်၊ ကြက်ဥပြုတ်တစ်လုံး၊ ခရက်ကာ (မုန့်ကြွပ်) ၅ ချပ်

ညစာ - ဆော့ဆေ့ချ် အသားချောင်း ၂ ချောင်း၊ ဘရိုကိုလီ လက်ဖက်ရည်ခွက် ၁ ခွက်စာ၊ မုန်လာဥဖျော်ရည် ခွက်တစ်ဝက်၊ ဗနီလာ ရေခဲမုန့် တစ်ဝက်

 

Day 3 တတိယနေ့

နံနက်စာ - ခရက်ကာ (မုန့်ကြွပ်) ၅ ချပ်၊ ချိစ်တစ်ချပ် (သို့) ကြက်ဥတစ်လုံး၊ ပန်းသီးအသေးတစ်လုံး၊ ဘလက်ကော်ဖီ (သို့) လက်ဖက်ရည်ကြမ်း တစ်ခွက်

နေ့လယ်စာ - ပေါင်မုန့်ကြမ်းတစ်ချပ်၊ ကြက်ဥပြုတ်တစ်လုံး (သို့) နို့တစ်ခွက်

ညစာ - တူနာငါးတစ်ဗူး၊ ငှက်ပျော်သီးတစ်ဝက်၊ ဗနီလာ ရေခဲမုန့် တစ်ခွက်

 

ကဲ စမ်းချင်တယ်ဆိုရင် စမ်းကြည့်လိုက်ပေါ့။ ဒါတွေပဲ စားနေရချိန်မှာ ကြားချိန်အတွင်း သွားရည်စာတော့ စားလို့ မရဘူးနော်။ နံနက်စာ နေ့လယ်စာ ညစာတွေကို အဆင်ပြေသလို လှည့်ပတ်စားလို့ ရပါတယ်။ ဒါပေမယ့် ထပ်တိုးတာတော့ လုပ်လို့ မရပါဘူး။ အရေးကြီးတာက အဲ့ဒီရက်အတွင်းမှာ လုံးဝ ယမကာ မမှီဝဲပါနဲ့။

 

(Zawgyi)

-----------

၃ ရက်အတွင်း ၁၀ ပေါင် ကျအောင် လုပ်ကြမယ်

 


 

Day 1 ပထမနေ့




 



 

Day 2 ဒုတိယနေ့



ညစာ - ဆော့ဆေ့ခ်ျ အသားချောင်း ၂ ချောင်း၊ ဘရိုကိုလီ လက်ဖက်ရည်ခွက် ၁ ခွက်စာ၊ မုန်လာဥဖျော်ရည် ခွက်တစ်ဝက်၊ ဗနီလာ ရေခဲမုန့် တစ်ဝက်

 

Day 3 တတိယနေ့




 


Published in Beauty Tips

ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေး၇မယ့် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။

Published in Health Benefits