What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 October 2019 11:48

ကိုယ်အလေးချိန် လျှော့ဖို့အတွက် အဓိက ၇ ချက်

အချိန်နဲ့ စားပါ

ဘယ်အချိန် ဘာစားမယ်ဆိုပြီး သတ်မှတ်ထားတော့ အဆင်ပြေတာ ပေါ့။ အပြောသာ လွယ်တာပါ၊ အချိန်အတိုင်း အတိအကျ မလုပ်ဖြစ်သ၍ တော့ အလုပ်မဖြစ်နိုင်ပါဘူး။ အချိန်အတိုင်း အတိအကျ လုပ်နိုင်ရင်တော့ ဆာလာရင် စားဖို့အတွက် ကြိုပြင်ဆင်ထားလို့ရမယ်လေ။

 

ပေါ့ပေါ့ပါးပါးကပဲ စတင်ပါ

တချို့က ကိုယ်အလေးချိန် မြန်မြန်ချချင်တော့ ပြင်းထန်တဲ့ Diet Plan တွေနဲ့ အသည်းအသန်လုပ်ကြတယ်။ တကယ်တမ်းမှာ ပေါ့ပေါ့ ပါးပါး Diet Plan လေးတွေနဲ့ ဖြည်းဖြည်းချင်း စတင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာတဲ့ အချိန်ကျမှ တဆင့်ချင်းတက်တာ အကောင်းဆုံးပါပဲ။

 

စိတ်အလိုလိုက်ပြီး မစားပါနဲ့

အရမ်းမှန်တယ်နော်။ ကိုယ် အရမ်းကြိုက်တာတွေ့ရင် တဝကြီး စားလိုက်တာမျိုး၊ မရှောင်ဘဲ စားလိုက်တာမျိုး ဆိုရင်တော့ ကိုယ်အလေးချိန်က ကျဖို့ ဘယ်ဖြစ်နိုင်တော့မှာလဲ။ ကိုယ့်စိတ်အလိုကို ထိန်းချုပ်ပြီး စားသောက် နေထိုင်နိုင်တာဟာ ကိုယ်အလေးချိန်လျော့ဖို့ အဓိက သော့ချက် တစ်ခုပါပဲ။

 

ရလာမယ့် အကျိုးကျေးဇူးကို သေချာမှတ်ထားပါ

အစားလျှော့ ဝိတ်ချနေတဲ့ အချိန်အတောအတွင်းမှာ စိတ်ပျက် အားလျော့ဖို့ မကြာခဏ ဖြစ်လာတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကိုယ့်ကျန်းမာရေးအတွက်၊ ကိုယ့်အလှအပအတွက် ဆိုတာလေးတွေ သေချာအမှတ်ရပြီး စိတ်အားတင်းထားပါ။ ယုံကြည်ချက် သေချာထားပါ။ မဝတ်ရတာကြာတဲ့ ဘောင်းဘီလှလှလေးတွေ ဘီရိုထဲမှာ စောင့်နေတယ်နော်။

 

အဖော်ရှာပါ

တခြားအဖော် မဟုတ်ပါဘူး။ အတူတူ ဝိတ်ချမယ့် သူငယ်ချင်းပေါ့။ အဖော်ရှိတော့ တိုင်တိုင်ပင်ပင်နဲ့ အလှအပ ကျန်းမာရေးကအစ ပြောဆိုဖြစ်တယ်လေ။ ခက်ခဲတဲ့ အစီအစဉ်တွေကိုလည်း အတူတူ ကျော်ဖြတ်နိုင်တယ်လေ။

 

ကိုယ့်ကို ဒုက္ခပေးမယ့် နေရာတွေ မသွားပါနဲ ့

ကြက်ကြော်ဆိုင်၊ တုတ်ထိုးဆိုင် အစရှိတဲ့ ကိုယ့်ဘာသာ စိတ်ဆင်းရဲ အနံ့ရှုပြီး ဗိုက်ဆာခံရမယ့် နေရာတွေ ရှောင်နော်။ ဝိတ်ချနေတယ်ဆိုတဲ့ အချိန်တွေမှာ အဲဒီနေရာတွေရောက်ရတာ တကယ့်ကို စိတ်မချမ်းသာစရာပါ။ မသွားဖြစ်တော့ ငွေကုန်တောင် သက်သာတယ် သဘောထားပြီး မသွားဖြစ်အောင်သာ နေပေတော့။

 

သေချာ အားတင်းထားပါ

အစပိုင်းမှာတော့ စိတ်ဓာတ်ကျတာတွေ လက်လျှော့လိုက်တော့မယ်လို့ ဆုံးဖြတ်ချင်တာတွေ အကြိမ်ကြိမ်ဖြစ်မှာ သေချာပါတယ်။ အစားအသောက်က အစသေချာစီစဉ်စားသောက်ရတော့ လွယ်မှာတော့ မဟုတ်ပါဘူး။ စိတ်မပျက် အားမလျှော့ပါနဲ့။ တစ်နေ့မှာ သေချာပေါက် ကျန်းမာလှပတဲ့ ကိုယ်ခန္ဓာလေး ဖြစ်ကို ဖြစ်လာမှာပါ။

 

(Zawgyi)

-----------

ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔အတြက္ အဓိက ၇ ခ်က္

 

အခ်ိန္နဲ႔ စားပါ

ဘယ္အခ်ိန္ ဘာစားမယ္ဆိုၿပီး သတ္မွတ္ထားေတာ့ အဆင္ေျပတာ ေပါ့။ အေျပာသာ လြယ္တာပါ၊ အခ်ိန္အတိုင္း အတိအက် မလုပ္ျဖစ္သ၍ ေတာ့ အလုပ္မျဖစ္ႏိုင္ပါဘူး။ အခ်ိန္အတိုင္း အတိအက် လုပ္ႏိုင္ရင္ေတာ့ ဆာလာရင္ စားဖို႔အတြက္ ႀကိဳျပင္ဆင္ထားလို႔ရမယ္ေလ။

 

ေပါ့ေပါ့ပါးပါးကပဲ စတင္ပါ

တခ်ိဳ႕က ကိုယ္အေလးခ်ိန္ ျမန္ျမန္ခ်ခ်င္ေတာ့ ျပင္းထန္တဲ့ Diet Plan ေတြနဲ႔ အသည္းအသန္လုပ္ၾကတယ္။ တကယ္တမ္းမွာ ေပါ့ေပါ့ ပါးပါး Diet Plan ေလးေတြနဲ႔ ျဖည္းျဖည္းခ်င္း စတင္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈလည္း တိုးလာတဲ့ အခ်ိန္က်မွ တဆင့္ခ်င္းတက္တာ အေကာင္းဆံုးပါပဲ။

 

စိတ္အလိုလိုက္ၿပီး မစားပါနဲ႔

အရမ္းမွန္တယ္ေနာ္။ ကိုယ္ အရမ္းႀကိဳက္တာေတြ႔ရင္ တဝႀကီး စားလိုက္တာမ်ိဳး၊ မေရွာင္ဘဲ စားလိုက္တာမ်ိဳး ဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္က က်ဖို႔ ဘယ္ျဖစ္ႏိုင္ေတာ့မွာလဲ။ ကိုယ့္စိတ္အလိုကို ထိန္းခ်ဳပ္ၿပီး စားေသာက္ ေနထိုင္ႏိုင္တာဟာ ကိုယ္အေလးခ်ိန္ေလ်ာ့ဖို႔ အဓိက ေသာ့ခ်က္ တစ္ခုပါပဲ။

 

ရလာမယ့္ အက်ိဳးေက်းဇူးကို ေသခ်ာမွတ္ထားပါ

အစားေလွ်ာ့ ဝိတ္ခ်ေနတဲ့ အခ်ိန္အေတာအတြင္းမွာ စိတ္ပ်က္ အားေလ်ာ့ဖို႔ မၾကာခဏ ျဖစ္လာတတ္ပါတယ္။ အဲဒီလို အခ်ိန္မ်ိဳးမွာ ကိုယ့္က်န္းမာေရးအတြက္၊ ကိုယ့္အလွအပအတြက္ ဆိုတာေလးေတြ ေသခ်ာအမွတ္ရၿပီး စိတ္အားတင္းထားပါ။ ယံုၾကည္ခ်က္ ေသခ်ာထားပါ။ မဝတ္ရတာၾကာတဲ့ ေဘာင္းဘီလွလွေလးေတြ ဘီရိုထဲမွာ ေစာင့္ေနတယ္ေနာ္။

 

အေဖာ္ရွာပါ

တျခားအေဖာ္ မဟုတ္ပါဘူး။ အတူတူ ဝိတ္ခ်မယ့္ သူငယ္ခ်င္းေပါ့။ အေဖာ္ရွိေတာ့ တိုင္တိုင္ပင္ပင္နဲ႔ အလွအပ က်န္းမာေရးကအစ ေျပာဆိုျဖစ္တယ္ေလ။ ခက္ခဲတဲ့ အစီအစဥ္ေတြကိုလည္း အတူတူ ေက်ာ္ျဖတ္ႏိုင္တယ္ေလ။

 

ကိုယ့္ကို ဒုကၡေပးမယ့္ ေနရာေတြ မသြားပါနဲ ႔

ၾကက္ေၾကာ္ဆိုင္၊ တုတ္ထိုးဆိုင္ အစရွိတဲ့ ကိုယ့္ဘာသာ စိတ္ဆင္းရဲ အနံ႔ရႈၿပီး ဗိုက္ဆာခံရမယ့္ ေနရာေတြ ေရွာင္ေနာ္။ ဝိတ္ခ်ေနတယ္ဆိုတဲ့ အခ်ိန္ေတြမွာ အဲဒီေနရာေတြေရာက္ရတာ တကယ့္ကို စိတ္မခ်မ္းသာစရာပါ။ မသြားျဖစ္ေတာ့ ေငြကုန္ေတာင္ သက္သာတယ္ သေဘာထားၿပီး မသြားျဖစ္ေအာင္သာ ေနေပေတာ့။

 

ေသခ်ာ အားတင္းထားပါ

အစပိုင္းမွာေတာ့ စိတ္ဓာတ္က်တာေတြ လက္ေလွ်ာ့လိုက္ေတာ့မယ္လို႔ ဆံုးျဖတ္ခ်င္တာေတြ အႀကိမ္ႀကိမ္ျဖစ္မွာ ေသခ်ာပါတယ္။ အစားအေသာက္က အစေသခ်ာစီစဥ္စားေသာက္ရေတာ့ လြယ္မွာေတာ့ မဟုတ္ပါဘူး။ စိတ္မပ်က္ အားမေလွ်ာ့ပါနဲ႔။ တစ္ေန႔မွာ ေသခ်ာေပါက္ က်န္းမာလွပတဲ့ ကိုယ္ခႏၶာေလး ျဖစ္ကို ျဖစ္လာမွာပါ။

Read times Last modified on Friday, 07 February 2020 15:30
Rate this item
(0 votes)