၂၀၂၁ ခုနစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်၍ ပြည်တွင်း လေကြောင်းခရီးစဉ်များတွင် လိုက်ပါ စီးနင်းမည့် ခရီးသည်များသည်
ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ဓါတ်ခွဲခန်းတစ်ခုတွင် စစ်ဆေးထားသည့် ခရီးစဉ် စတင်မထွက်ခွာမှီ (၃၆)နာရီအတွင်း Rapid Antigen Diagnostic Test (RTD)Kit ဖြင့် ရောဂါပိုးမရှိကြောင်း ဓါတ်ခွဲစမ်းသပ်ချက်အား လေကြောင်းလိုင်း ကောင်တာသို့
သတင်းပို့သည့်အချိန် ပြသနိုင်ရမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေကြောင်းလိုင်းများနှင့် လေယဉ်လက်မှတ် အရောင်းဌာနများသို့ အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။
လေယာဥ်စီးနင်းရာတွင် ထွက်ခွာချိန်မတိုင်မီ ( ၃၆ ) နာရီအတွင်း သက်ဆိုင်ရာ မြို့နယ်များအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးဌာနမှ သတ်မှတ်ထားသောစစ် ဆေးရေးဌာနများတွင် မှတ်ပုံတင်၊ လေယာဥ်လက်မှတ်များကို ပြသ၍ Covid 19 ရောဂါပိုးရှိမရှိကို စစ်ဆေးမှုခံယူရပါမည် ။
စစ်ဆေးချက်အဖြေစာရွက်များကို ထုတ်ပေးမည်ဖြစ်ပြီး Negative ဖြစ်ပါက ခရီးသွားရောက်နိုင်ပြီး စစ်ဆေးချက်စာရွက်ကိုမိမိလေယာဥ် စီးမည့်နေ့တွင် လေဆိပ်တွင်လေယာဥ်လက်မှတ်နှင့်အတူပူးတွဲပြသရပါမည် ။
လေယာဥ်ပေါ်တွင်စီးနင်းရာတွင်လည်း နှာခေါင်းစည်း Mask,မျက်နှာအကာအကွယ် Face Shield တို့ကိုယူဆောင်လာရန်လိုအပ်ပြီး ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်ပါစီးနင်းရပါမည်။
ရန်ကုန်မြို့အတွက်
Covid Rapid Test ကိုရန်ကုန်မြို့တွင် အောက်ဖော်ပြပါနေရာများဖြစ်သော
1- Tourist Burma အဆောက်အဦး ( ကျောက်တံတားမြို့နယ်)
2 - အောင်မဂ်လာအဝေးပြေးယာဥ်ရပ်နားစခန်းဒေသန္တရကျန်းမာရေးဌာန ( မဂ်လာဒုံမြို့နယ် )
3 - ပန်းလှိုင် ဆေးရုံ ( လှိုင်သာယာမြို့နယ် )
4 - N Health Lab ( လမ်းမတော်မြို့နယ်)
တို့တွင် - ( A ) RDT ( Rapid Antigen Diagnostic Test ) ဖြင့် စစ်ဆေးခ ( 10000 - 15000 ) ကျပ်ဖြင့်ပေးဆောင်ရပြီး ၁နာရီခန့်အတွင်းအဖြေရရှိနိုင်ပါသည် ။


							





