ဝိတိုရိယ ဆေးရုံကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးပညာနယ်ပယ်တွင် ကျွမ်းကျင်သူများ နဲ့ အခြားသော နယ်ပယ်တွင် ကျွမ်းကျင်သူများဖြင့် ပူးပေါင်းကာ လူနာများအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို ပေးနေတဲ့ ဆေးရုံတစ်ခု ဖြစ်ပါတယ်။
နှလုံး နှင့် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနေပြီး ကမ္ဘာတွင် နှစ်စဉ် နှလုံး နှင့် နှလုံးသွေးကြောရောဂါ ကြောင့် လူနာပေါင်း ၁၇သန်းကျော် သေဆုံးနေကြောင်း ၂၀၁၈ ခုနှစ် ကမ္ဘာနှလုံးကျန်းမာရေးနေ့တွင် ထုတ်ပြန်ချက်အရ သိရပါတယ်။