What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 August 2019 14:22

ဝိတိုရိယဆေးရုံတွင် နှလုံး နှင့် သွေးကြောရောဂါ တိုင်ပင်ဆွေးနွေးကုသပေးမည့် အစီအစဉ်

နှလုံး နှင့် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနေပြီး ကမ္ဘာတွင် နှစ်စဉ် နှလုံး နှင့် နှလုံးသွေးကြောရောဂါ ကြောင့် လူနာပေါင်း ၁၇သန်းကျော် သေဆုံးနေကြောင်း ၂၀၁၈ ခုနှစ် ကမ္ဘာနှလုံးကျန်းမာရေးနေ့တွင် ထုတ်ပြန်ချက်အရ သိရပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါအပြင်မွေးရာပါနှလုံးအပေါက်ပါသောရောဂါများ ၊ နှလုံးအဆို့ရှင်နှင့်ပတ်သက်သောရောဂါများ ၊ နှလုံးစည်းချက်မမှန်ခြင်း ရောဂါများ ၊ ခန္ဓာကိုယ်သွေးကြောများတွင်သွေးကြောထုံးခြင်း/ကျဉ်းခြင်း/ပိတ်ခြင်းရောဂါများလည်း ရှိပါတယ်။

 

အဆိုပါ နှလုံးနှင့်သွေးကြောရောဂါရှိသူများအတွက် ဗဟုသုတများ ၊ ဆွေးနွေးကုသလိုသူများ ၊ နေထိုင်မှုပုံစံများ နှင့် ဆောင်ရန်ရှောင်ရန်များကို သိလိုသူများအတွက် သတင်းကောင်းလေ တစ်ခုလာပါပြီး။

 

ဝိတိုရိယဆေးရုံ မှ ဦးစီကျင်းပတဲ့ နှလုံးနှင့်သွေးကြောရောဂါ ဆိုင်ရာလူနာများကို ကြည့်ရှုစစ်ဆေးပေးခြင်း နှင့် တိုင်ပင်ဆွေးနွေးခြင်းတိုကို အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ ရောဂါ နှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Institute Cardiovasculaire Paris Sud မှ Interventional Cardiology ဘွဲ့ရရှိခဲ့ပြီး Interventional Cardiology တွင် ၁၅ နှစ်ကျော်အတွေ့အကြုံရှိသော နှလုံးအထူးကုဆရာဝန်ကြီး Dr.C.Raghu (Interventional Cardiologist – Valve & Vascular Specialist) က သတ်မှတ်လူနာဦးရေကို ကြည့်ရှု စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

 

သတ်မှတ်လူနာဦးရေသာ ကြည့်ရှုပေးနိုင်တာကြောင့် ဆရာဝန်ကြီး Dr.C Raghu နှင့်ဆွေးနွေးကုသလိုသူများအနေဖြင့် ဝိတိုရိယဆေးရုံ Booking ဌာန သို့ လူနာစာရင်းမပြည့်ခင် ဆက်သွယ်စာရင်းပေးဖို့ လိုအပ်ပါတယ်။

 

Booking ဌာန

၀၁ ၉၆၆၆၁၄၁ ၊ Ext: ၇၀၈၀ (or) ၂


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

၀၉၇၆၅၆၆၆၁၄၅ နှင့် ၀၉၇၈၆၃၈၇၅၈၅ သို့ ခေါ်ဆိုနိုင်ပါတယ်။

Read times
Rate this item
(1 Vote)