လူသုံးများတဲ့ သံချဆေး Benda 500 Tablet၊ အဖျားပျောက်ဆေး TIFFY DEY Tablet၊ ကလေးအဖျားပျောက်ဆေး Sara Suspension (Strawberry) နဲ့ Sara For Children Suspension (Orange) တို့ရဲ့ အတုတွေကို စျေးကွက်ထဲ ရောင်းချမှုရှိနေကြောင်း FDA Myanmar မှ အသိပေး ထုတ်ပြန်ထားပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း (၁၇) မျိုးသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးအပ်ပါသည်။
သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက် ကို ဖော်ပြပေးလိုက်ပါတယ်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေး ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ရေရှည်စားသုံးမိပါက အစာအိမ် ၊ အသည်း ၊ ကျောက်ကပ်များ ပျက်စီနိုင်ခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။