What's New




Wednesday, 20 December 2023 15:21

Benda 500 နဲ့ Sara Suspension အပါအဝင် ဆေး (၄) မျိုးတို့ရဲ့ အတုများ စျေးကွက်အတွင်း ထွက်ပေါ်နေ

လူသုံးများတဲ့ သံချဆေး Benda 500 Tablet၊ အဖျားပျောက်ဆေး TIFFY DEY Tablet၊ ကလေးအဖျားပျောက်ဆေး Sara Suspension (Strawberry) နဲ့ Sara For Children Suspension (Orange) တို့ရဲ့ အတုတွေကို စျေးကွက်ထဲ ရောင်းချမှုရှိနေကြောင်း FDA Myanmar မှ အသိပေး ထုတ်ပြန်ထားပါတယ်။

ဆေးဝါးမှတ်ပုံတင်ထားတဲ့ ထိုဆေးတွေရဲ့ အလားတူနာမည်နဲ့ အတုတွေ‌ကို စျေးကွက်အတွင်း ရောင်းချနေတာဖြစ်တဲ့အတွက် ထိုတရားမဝင် ဆေးဝါးအတုတွေကို ဆေးဝါးအစစ်နဲ့ ခွဲခြားသိမြင်နိုင်ပြီး သတိထား သုံးစွဲနိုင်အောင် FDA က အောက်ပါအတိုင်း နှိုင်းယှဉ်အသိပေးထားပါတယ်။

 

Advertisement

Click Here > Empire Chemicals

 

တရားမဝင်တင်သွင်းထားတဲ့ Benda 500 ဆေးရဲ့ Bar Code ဟာ 8851473001191 ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်အမှတ် မရှိသလို Insert Sheet မှာလည်း မြန်မာစာနဲ့ ရေးသားဖော်ပြထားခြင်း မရှိကြောင်း သိရပါတယ်။

တရားဝင်တင်သွင်းထားတဲ့ Benda 500 ရဲ့ Bar Code ကျတော့ 8851473004123 ဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်အမှတ်က MM Reg . No R250 7AA 2814 နဲ့ Insert Sheet တွင် မြန်မာစာနဲ့ ရေးသားဖော်ပြထားကြောင်း သိရပါတယ်။

တရားမဝင် တင်သွင်းထားတဲ့ TIFFY DEY Tablet ရဲ့ Bar Code က 8851473007704 ဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း၊ ဆေးဘူးနဲ့ ဆေးကဒ်တို့မှာ မြန်မာစာနဲ့ ရေးသားဖော်ပြထားခြင်း မရှိကြောင်း သိရပြီး တရားဝင်တင်သွင်းထားတဲ့ TIFFY DEY Tablet ရဲ့ Bar Code ဟာ 8851473009678 ဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်အမှတ် MM Reg . No R2609 AA 3580 နဲ့ ဆေးဘူးနဲ့ ဆေးကဒ်တို့တွင် အင်္ဂလိပ်စာ၊ မြန်မာစာ (၂) မျိုးနဲ့ ရေးသားဖော်ပြထားကြောင်း သိရပါတယ်။ 

ဒါ့အပြင် တရားမဝင်တင်သွင်းထားတဲ့ Sara Suspension (Strawberry) နဲ့ Sara For Children Suspension (Orange) တို့မှာ ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်းနဲ့ ဆေးဘူးနဲ့ Insert Sheet မှာ မြန်မာစာနဲ့ ရေးသားဖော်ပြထားခြင်းလည်း မရှိကြောင်း သိရပါတယ်။

တရားဝင်တင်သွင်းထားတဲ့ Sara Suspension (Strawberry) ရဲ့ ဆေးဝါးမှတ်ပုံတင်အမှတ်ကျတော့ MM Reg . No R2402 AA 1167 ဖြစ်ပြီး Sara For Children Suspension (Orange) က MM Reg . No R2103 AA 2933 ဖြစ်ပါတယ်။ ပြီးတော့ ဆေးဘူးနဲ့ Insert Sheet တို့တွင် အင်္ဂလိပ်စာနဲ့ မြန်မာစာ (၂) မျိုးနဲ့ ရေးသားဖော်ပြထားကြောင်း သိရပါတယ်။

ဒါကြောင့် အခုပြောပြပေးထားတဲ့ ဆေးဝါးတွေကို ဝယ်မယ်ဆိုရင် ဆေးဝါးအတုတွေရဲ့ အန္တရာယ်ကို ကြုံတွေ့နိုင်မှာဖြစ်လို့ ဆေးဝယ်ယူတဲ့အခါ အစစ်နဲ့ အတု ကွဲပြားခြားနားချက်တွေကို သေချာစစ်ဆေးပြီးမှ ဝယ်ယူဖို့ လိုအပ်ပါတယ်။

 

412535484_703450815213349_1323929978632269447_n.jpg

 

410231295_703450958546668_3495346851903216588_n.jpg

 

 

 

 

412302876_703450885213342_8236668705879677002_n.jpg

 

411777869_703450971880000_5786907295974729326_n.jpg

411350411_703450895213341_1439706888737102588_n.jpg

 

 

 

 

 

 

 

 

Read times Last modified on Thursday, 21 December 2023 19:20
Rate this item
(0 votes)