What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 April 2017 09:17

ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း (၅) ချက်

ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း (၅) ချက် Google.com

ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ နာတာရှည် အာရုံကြောပြဿနာတွေကြောင့် ဖြစ်ပွားရပြီး အလယ်အလတ် ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။

ခေါင်း ကိုက်ခြင်းဟာ ဦးနှောက်မှာ အနာဖြစ်ပွားနိုင်တဲ့အဆင့်အထိ ရောက်နိုင်တဲ့ အတွက် ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေကို နားလည်ထားသင့်ပါတယ်။

၁. အိပ်မပျော်ခြင်း

အိပ်စက်မှုအချိန်ကာလကို ဂရုမစိုက်ခြင်း၊ လုံလောက်တဲ့ အိပ်စက်ချိန် မရခြင်းတွေဟာလည်း ခေါင်းကိုက်စေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးကို ယိုယွင်း စေပြီး ဆိုးရွားတဲ့ ခေါင်းမူး၊ ခေါင်း ကိုက်ခြင်းကို အိပ်ရေးပျက်တာများရင် ကြုံတွေ့ရစေပါတယ်။

၂. ဆူညံသံ

အသံကျယ်ကျယ်လောင်လောင်ကို အချိန်ကြာမြင့်စွာ ကြားနေရခြင်း၊ အသံ pitch မြင့်တဲ့ ကိရိ ယာများနဲ့ အလုပ်လုပ်ရခြင်းတွေဟာလည်း ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃. ရာသီဥတု

ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ စိုစွတ်လွန်းခြင်းစတဲ့ တစ်ဖက် စွန်းရာသီဥတုတွေဟာလည်း ခေါင်းကိုက်စေ ပါတယ်။

၎. ယမကာ

ယမကာမှီဝဲခြင်းဟာ စိတ်ဖိစီးမှုနဲ့ တင်းအား (tension) တွေကို မြင့်တက်စေတဲ့အတွက် ယမကာ မှီဝဲသူတွေဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားတဲ့ ခေါင်းကိုက်ခြင်းကို ခံစား ရနိုင်ချေများပါတယ်။

၅. ကဖင်း

ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်များတဲ့ သောက်စရာတွေကို သင့်တင့်တဲ့ ပမာဏသာ သောက် သုံးသင့်ပါတယ်။ လိုတာထက် ပိုတယ် ဆိုရင်စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းတွေကို ကြုံတွေ့ရပြီး migraine လို ဆိုးရွားတဲ့ ခေါင်း ကိုက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

Source: thithtoolwin

Read times
Rate this item
(1 Vote)