What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 December 2018 15:24

ကူးစက်ရောဂါများကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်

ကူးစက်ရောဂါတစ်ခုဖြစ်ပွားပြီးနောက် သုံးလအတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း အမေရိကန်သုတေသီများ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

နှလုံးသွေးကြောဆိုင်ရာရောဂါတွင် နှလုံးထိခိုက်ခြင်း၊ နှလုံး ရောဂါများမှနေ၍ လေဖြတ်ခြင်း၊ သွေးတိုးရောဂါနှင့် နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းတို့အထိ ရောဂါအမျိုးမျိုးပါဝင်သည်။ အမေရိ ကန်နိုင်ငံတွင် လူ ၈၄ သန်းအထိ အထက်ပါရောဂါတစ်မျိုး ခံစားနေ ရပြီး ရလဒ်အနေဖြင့် နေ့စဉ် လူ ၂,၂၀၀ ယင်းရောဂါတစ်မျိုးမျိုးကြောင့် သေဆုံးနေကြောင်း သုတေသီများကပြောသည်။

 

အကြောင်းရင်းများစွာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ်များ မြင့်တက်စေသည်။ ယင်းအကြောင်း ရင်းများအနက် အချို့တွင် ဆေးလိပ်သောက်ခြင်း၊ သွေးထဲ၌ ကိုလက်စထရောမြင့်မားခြင်းနှင့် သွေးတိုးခြင်းတို့ ပါဝင်သည်။ 

 

ဥပမာ- ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်းနှင့် နမိုးနီးယားရောဂါတို့ကြောင့် နှလုံးထိခိုက်မှုနှင့် လေဖြတ်ခြင်းနှင့် ကြုံတွေ့နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများကပြောသည်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကြောင့်လည်း နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။

 

ရောဂါကူးစက်ခံထားရစဉ် ခန္ဓာကိုယ်က ယင်းရောဂါပိုးကို တိုက် ဖျက်ရေးသွေးဖြူဥများပိုထုတ်လုပ်သည်။ ယင်းကြောင့် သွေးကြောများအတွင်း သွေးခဲများဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားသည်။ရောဂါကူးစက်ခံထားရစဉ် သွေးထဲ၌ ဟန်ချက်ညီမှုကို ပြောင်း လဲသွားစေပြီး သွေးခဲများဖြစ်ပေါ်လာနိုင်သည်ဟု သုတေသီအဖွဲ့ ခေါင်းဆောင် ဒေါက်တာလက်ရှ်မင်နာရာယန်က ပြောသည်။

 

ယင်းကဲ့သို့ ကူးစက်ရောဂါများကို ကာကွယ်ဆေးများဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပြီး ဖြစ်နိုင်ကြောင်း သုတေသီများက အကြံပြုသည်။ကူးစက်ရောဂါပြင်းထန်ပြီး ဆေးရုံတင်ထားရသူများတွင် နှလုံး သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုမြင့်မား သည်။ ရောဂါပြင်းထန်ပါက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ပိုမိုပြင်းထန်စွာ တုံ့ပြန်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ပိုမိုမြင့်မားကြောင်း သုတေသီများကရှင်းပြသည်။

Source:7daydaily

 

Read:အသက်ကြီးခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

အသက်ကြီးခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

Read times Last modified on Wednesday, 27 February 2019 15:35
Rate this item
(0 votes)