အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေအတွက် သတိပေးလက္ခဏာများကို လျစ်လျူရှုမထားသင့်ပါဘူး။
၁. တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာတွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာမဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ စတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။
၂.၀မ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း
ဝမ်းဗိုက်ဖောင်းတာနဲ့လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ ကလ္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ၀တ်ရတာမျိုးဖြစ်နေရင် လျစ်လျူမရှုသင့်ပါဘူး။
၃. ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း
ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရတတ်ပါတယ်။ တစ်ချို့အမျိုးသမီးများက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။
၎. ကြာရှည် ဖျားနာခြင်း
ခုနှစ်ရက်ထက် ပိုကြာကြာ ဖျားရင် သို့မဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနေတာက ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်လို့ပါ။
၅. မိန်းမကိုယ်မှ ပုံမမှန် သွေးဆင်းခြင်း
မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့တစ်ချိန်ကြား သွေးဆင်းတာ၊ sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။
၆. မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ
မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြားအရောင်ပြောင်းလဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန်အရည်ဆင်းတာတွေ ဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၇. ရင်သားပြောင်းလဲခြင်း
လစဉ် ရင်သားစစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။
၈. နုံးချည့်ညောင်းညာခြင်း
အဖြစ်များဆုံး ကင်ဆာ လက္ခဏာတစ်ရပ်က နုံးချည့်ညောင်းညာတပါ။ ကင်ဆာအဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့်ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်းအဆင့်မှကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။
Source: thutazone