What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 11:41

သားအိမ်တွင် အသားလုံးတည်ခြင်း အမျိုးသမီးငယ်များလည်း ဖြစ်ပွားလာ

အသက် ၄၀ ကျော် အမျိုးသမီးများ၌သာ ဖြစ် ပေါ်တတ်သော ဗိုင်ယိုးမားဟု ခေါ်သည့် သားအိမ်၌ အသားလုံးတည်ခြင်းသည် ယခုအခါတွင် အသက်လတ်ပိုင်း အရွယ်များနှင့် ငယ်ရွယ်သူများတွင်ပါ ဖြစ်လာကြောင်း သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။

အဆိုပါ ဗိုင်ယိုးမား ရောဂါသည် အမျိုးသမီးများ၌ ဓမ္မတာမမှန်ခြင်း၊ ရက်နည်းခြင်းနှင့် သွေးအားနည်းခြင်း စသည့် အခြေအနေများကြောင့် ဖြစ်လာတတ်ကြောင်း သိရပါတယ်။

 

“သူက သားအိမ်ပေါ်မှာ အသားလုံး ဖြစ်နေတဲ့ အတွက် အဲဒီကနေ သွေးထွက်တော့ သွေးနီဥ ဆုံးရှုံးမှု များလာတာပေါ့။ ဓမ္မတာလာတဲ့ ရက်ကလည်း တစ်လလုံး ဖြစ်နေပြီး အလုံးကလည်း ကြီးလာမယ်ဆိုရင် ဒါမှမဟုတ် အာထရာဆောင်း ရိုက်ကြည့်လို့ တစ်လုံးထက် ပိုနေမယ်ဆိုရင် ခွဲစိတ်သင့်တယ်။ အသားလုံးဆိုပြီး ကင်ဆာအကြိတ် သဘောမျိုးတော့ မဟုတ်ဘူး။ ခွဲစိတ်မယ် ဆိုရင်လည်း သားအိမ် နံရံက အသားလုံးကို ထုတ်ချင်တော့ သွေးကြော ခွဲပြီးမှ အသားလုံးကို ဖြတ်ထုတ်ရတယ်။ အဲဒီအချိန်မှာ သွေးထွက်လွန်ရင်းကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက် သားအိမ် ထုတ်ပစ်လိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒီအခါကျတော့ လူမှုရေး ပြဿနာတွေ ရှိလာနိုင်တယ်” ဟု ၎င်းက ပြောပါတယ်။

 

အပျိုဖော်ဝင် ငယ်ရွယ်သူများ ဓမ္မတာ မမှန်ပါက သံဓာတ်အပြည့် အားဆေး၊ ဟင်းသီးဟင်းရွက်နှင့် သွေးအားကောင်းစေသည့် အသားငါးများကို စားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။ “အသားလုံးက ညာဘက်ခြမ်းမှာဆိုတော့ အဲဒီဘက်က သိသာတယ်။ နေရတာ တစ်မျိုးကြီးပဲ။ ဆေးထိုးတာက ခြောက်လတစ်ခါ ထိုးပြီးရင် ဆေးက သုံးလစာ ပုံမှန် သောက်ရတယ်။ ရက်ပြည့်သွားလို့ ဆေးမထိုးဘဲ နေရင် အသားလုံးက ကြီးလာပြီး ဖြစ်တဲ့ဘက်အခြမ်းက အရမ်းနာတယ်။ ဆရာဝန်နဲ့ ခွဲစိတ်ဖို့ တိုင်ပင်ထားပါတယ်” ဟု တောင်ဥက္ကလာပ မြို့နယ်ရှိ ရောဂါ ခံစားနေရသူ အသက် ၃၇ အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။ ၎င်း ဗိုင်ယိုးမား ရောဂါသည် ကိုယ်ဝန်ဆောင် မိခင်များတွင် ဖြစ်ပွားကာ အသားလုံး အရွယ်အစား ကြီးလာပါက လမစေ့ဘဲ ကလေး မွေးဖွားခြင်းနှင့် မီးဖွားရန် ခက်ခဲခြင်းများ ရှိနိုင်ကြောင်း မျိုးဆက်ပွား ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

“ကိုယ်ဝန်ဆောင် မိခင်တွေကျတော့ အသားလုံးက သားအိမ်ရဲ့ နံရံအပြင်အပေါ်ဘက်မှာ ဖြစ်တာဆိုတော့ အသားလုံးက ကြီးလာရင် ကလေးကို ပိနေတဲ့ အတွက်ကြောင့် လမစေ့ဘဲ ကလေး မွေးသွားနိုင်တယ်။ သားအိမ်ရဲ့ အောက်ဘက်မှာ ဖြစ်တာဆိုရင် ကလေးမွေးဖို့အတွက် အခက်အခဲတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကလေးမွေးရင်းနဲ့ အတူတူ အသားလုံးကိုလည်း ခွဲထုတ်လို့ ရတယ်။ နည်းနည်းတော့ စိုးရိမ်ရတယ်။ အာထရာဆောင်း ရိုက်တာက အသံနဲ့ ပုံရိပ်ကို ဖမ်းတာဆိုတော့ အသားလုံး တစ်လုံးလို့ ထင်ရပေမယ့် တကယ် ခွဲလိုက်တော့မှ ထင်တာထက် အသားလုံး များနေတာကို တွေ့ရတတ်တယ်။ ကြိုတင်သိလို့ ခွဲစိတ်ထားရင် အကောင်းဆုံးပေါ့” ဟု ၎င်းက ပြောပါတယ်။

Source: မေသီရိ(yatanarpon)

 

Read times Last modified on Wednesday, 27 February 2019 15:12
Rate this item
(1 Vote)