What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 January 2019 15:54

နှလုံးအဆို့ရှင် ကျယ်သောရောဂါ ( Mitral Regurgitation )

Mitral Regurgitation သည် နှလုံးအဆို့ရှင် မလုံသောကြောင့် သွေးများ နှလုံးဆီသို့ ပြန်၍စီးဆင်းကာ ခန္ဓာကိုယ်၏ အခြားနေရာများသို့ သွေးမရောက်ရှိသောကြောင့် မောပန်းခြင်း၊ အသက်ရှူမဝခြင်းကို ခံစားလာရသောရောဂါ ဖြစ်စေနိုင်ပါတယ်။

လက္ခဏာများကတော့ နှလုံးအဆို့ရှင် ကျယ်သောရောဂါ ရှိသူများတွင် အစပိုင်းတွင် များသောအားဖြင့် လက္ခဏာ မပြတတ်သော်လည်း တဖြည်းဖြည်း ဆိုးရွားလာလျှင် မောခြင်း (အထူးသဖြင့် လှဲလိုက်ချိန်နှင့် ပြင်းပြင်းထန်ထန် အလုပ်လုပ်လျှင်) ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ နှလုံးခုန် မြန်ခြင်း ၊ ခြေလက်များ ဖောလာခြင်းတို့ ဖြစ်သည်။ Mitral Regurgitation သည် သိပ်မဆိုးရွားပါက ဆယ်စုနှစ်တစ်ခုအထိ လက္ခဏာမပြဘဲ ဖြစ်စေနိုင်ပါတယ်။

 

နှလုံးအဆို့ရှင် ကျယ်သောရောဂါ ဖြစ်ပွားရသောအကြောင်းရင်းများကတော့ Mitral valve prolapse - အဆို့ရှင်များ တင်းကျပ်စွာ မပိတ်နိုင်ခြင်း ၊ နှလုံးကြွက်သားများ ပျက်စီးသွားခြင်း ၊ ပိုး လေးဖက်နာရောဂါ ၊ နှလုံးရောင်ခြင်း ၊ နှလုံး လေသင်တုန်းဖြတ်ခြင်း ၊ နှလုံးကြွက်သား မူမမှန်ဖြစ်ခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း ၊ မွေးရာပါ နှလုံးချို့ယွင်းခြင်း ၊ ဓာတ်ရောင်ခြည် ကုသမှု ခံယူသူများ ဖြစ်ပွားနိုင်ပါတယ်။

 

ဖြစ်နိုင်ချေများသူများ ကတော့ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ ရှိသူများ ၊ နှလုံး လေသင်တုန်းဖြတ်ဖူးသူများ ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ ၊ Ergotamine ဆေးသောက်သူများ ၊ လေးဖက်နာရောဂါရှိသူများ ၊ မွေးရာပါနှလုံးရောဂါရှိသူများ ၊ လူလတ်ပိုင်းများတွင် ပို၍ အဖြစ်များပါတယ်။ နှလုံးအဆို့ရှင် ကျယ်သောရောဂါသည် မပြင်းထန်လျှင် နောက်ဆက်တွဲရောဂါများ မဖြစ်နိုင်သော်လည်း ဆိုးရွားလျှင်မူ နောက်ဆက်တွဲရောဂါများဖြစ်သော နှလုံးပျက်စီးခြင်း ၊ Atrial fibrillation ဖြစ်ကာ သွေးခဲခြင်းနှင့် လေဖြတ်ခြင်း ၊ Pulmonary hypertension - အဆုတ်ထဲရှိ သွေးကြောများတွင် သွေးတိုးလာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် နှလုံးအဆို့ကျယ်ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် နီးစပ်ရာကျန်းမာရေးဆေးခန်း/ နှလုံးအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

 

ကုသခြင်း

Mitral Regurgitation အား ကုသရာတွင် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးများဖြစ်သော ဆီးဆေး၊ သွေးကြဲဆေးများဖြင့် ကုသခြင်း၊ နှလုံးအဆို့ရှင်အား ပြန်ပြင်ခြင်း/ အဆို့ရှင် အစားထိုးခြင်းများဖြင့် ကုသနိုင်သည်။

 

ကာကွယ်ခြင်း

နှလုံးအဆို့ရှင် ကျယ်သောရောဂါအား ကာကွယ်ရန်အတွက် သွေးတိုးရောဂါ မဖြစ်အောင် နေထိုင်ခြင်း ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း ၊ ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းထားခြင်း ၊ အရက်နှင့်ဆေးလိပ် ရှောင်ကြဉ်ခြင်း ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

Ref: Mayo clinic(healthcare.com.mm)

 

Read: စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူများအတွက် အရေးကြီးဆုံး အချက် (၅) ချက်

စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူများအတွက် အရေးကြီးဆုံး အချက် (၅) ချက်

Read times Last modified on Wednesday, 27 February 2019 14:50
Rate this item
(0 votes)